ရွှေဝယ်ယူမှု အများဆုံး နိုင်ငံ(၁၀)နိုင်ငံ

ရွှေဝယ်ယူမှု အများဆုံး နိုင်ငံ(၁၀)နိုင်ငံ - Property News in Myanmar from iMyanmarHouse.com
10 Oct 2017 11:28 am တွင် တင်ခဲ့သည်
6658 ကြိမ် ကြည့်ရှု့ပြီး
ဒီနေ့ ကမ္ဘာရဲ့သန်းကြွယ်သူဌေးတွေကနေ အလွှာစုံသော လူတွေထိအောင် အဝါရောင် ပြောင်ပြောင်လက်လက် သတ္တု တမျိုး ဖြစ်တဲ့ ရွှေကို သဘောကျ နှစ်သက်ကြပြီး နိုင်ငံအလိုက်၊ ပိုင်ဆိုင်မှုအလိုက် အနည်းနဲ့အများတော့ ဝယ်ယူစုဆောင်းသူ၊ ဝတ် ဆင်သူ၊ ရင်းနှီးလုပ်ကိုင်သူတွေ အများကြီး ရှိနေကြတာ
အမှန်ပါ။

ဒီလို ရွှေရဲ့တန်ဖိုးရှိမှုနဲ့အတူ ဝယ်ယူသူတွေရဲ့ဝယ်လိုအားအရ ဒီနေ့ခေတ် ရွှေဝယ်ယူမှု အများဆုံးနိုင်ငံတွေရဲ့စာရင်းကို GFMS Gold Survey အရ သိရအောင် ပြောပြချင်ပါတယ်။

(၁) တရုတ်

၂၀၁၆ခုနှစ်အတွင်း အိန္ဒိယနဲ့ အမေရိကန်တို့ထက်ကိုပဲ တရုတ်က ရွှေပိုဝယ်ခဲ့ပါတယ်။ ဝင်ငွေများ လူဦးရေ တိုးတက်လာမှု၊ ကမ္ဘာ့ ဒုတိယအင်အားအတောင့်ဆုံး စီးပွားရေး နိုင်ငံဖြစ်လာမှု၊ ရွှေတွင်းတွေကနေလည်း ရွှေပုံမှန် ထုတ်လုပ်နိုင်ခြင်းတွေ ရှိမှုက ရွှေဝယ်လိုအား တက်လာစေပါတယ်။

McKinsey & Companyကနေ ခန့်မှန်းချက်အရဆိုရင် ၂၀၂၅ ခုနှစ် အရောက်မှာ တကမ္ဘာလုံးရဲ့ရွှေနဲ့ ကျောက်မျက်ဆိုင်ရာ ဇိမ်ခံ အသုံးအဆောင်ဈေးကွက် အားလုံးရဲ့ ၄၄ရာခိုင်နှုန်းက တရုတ်မှာ ရှိလာဖို့ ရှိနေပြီး အခုလည်း တနှစ်ကို မက်ထရစ်တန် ၆၁၂.၅တန်လောက်ထိအောင် အရောင်းအဝယ် ရှိနေတာ ဖြစ်ပါတယ်။

(၂) အိန္ဒိယ

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အိန္ဒိယတွေက ရွှေကို နှစ်သက်သလို အလှအပအနေနဲ့ ပိုပြီး ဝတ်ဆင်ခဲ့တာ ပါ။

ဒီနေ့ခေတ် ကမ္ဘာမှာလည်း မိသားစုအသုံးအဆောင်အဖြစ် ရွှေဝယ်မှုမှာ အိန္ဒိယဟာ ကမ္ဘာမှာ အများဆုံးပါ။ ရွှေတန်ချိန် ၂၄၀၀၀ လောက်ထိအောင် အိန္ဒိယမှာ ရှိနေတယ်လို့ ယူဆရပါတယ်။ ရွှေမရှိရင် အိမ်ထောင်ပြုဖို့တော့ အရာမဝင်လောက် အောင် အိန္ဒိယမှာ ရွှေက အရာဝင်တယ်လို့ ဆိုပါတယ်။ မက်ထရစ်တန် ၄၆၃.၁ တန်လောက်ထိအောင် အရောင်းအဝယ်ရှိ နေတာပါ။

(၃) အမေရိကန်

ကယ်လီဖိုးနီးယားက Gold Rushတွင်းက အမေရိကန် သမိုင်းတလျှောက်မှာ အကြီးဆုံး ရွှေတွင်းအဖြစ် ရှိခဲ့ပါတယ်။ အမေ ရိကန်က ရွှေ ၁၀တန်မှာ ၉တန်က အဆိုပါ တွင်းကနေ ရခဲ့တယ်လို့တောင် ယူဆနိုင်ပါတယ်။

အခုထိ လုပ်ငန်းပိုင်း ရင်းနှီးမြှုပ်နှံမှုတွေမှာ သုံးရင်း အမေရိကန်မှာ ရွှေဝယ်လိုအား အများဆုံး ရှိနေသေးပြီး မက်ထရစ်တန် ၁၃၈.၂တန်လောက်ထိအောင် အရောင်းအဝယ် ပုံမှန် ရှိနေတာပါ။

(၄) ယူအေအီး

အာရပ်စော်ဘွားများနိုင်ငံရဲ့မြို့တော် ဒူဘိုင်းကိုယ်တိုင်က ကမ္ဘာပေါ်က နာမည်အကြီးဆုံး ရွှေအလှဆင်မြို့တော်တွေထဲက တခုပါ။ Gold Souk ဆိုတဲ့ ရွှေဈေးတန်းမှာတင် ရွှေဆိုင်ပေါင်း ၃၀၀လောက် ရှိနေပါတယ်။

၂၀၁၁ခုနှစ်က Italian Trade Commissionရဲ့ ဖော်ပြချက်အရဆိုရင် တနှစ်ကို နိုင်ငံသား တဦးချင်းစီရဲ့ရွှေဝယ်ယူမှုက ပျမ်းမျှ ၃၄ ဂရမ်လောက် ရှိတယ်လို့ သိရပြီး မက်ထရစ်တန် ၄၆.၂တန်လောက်ထိအောင် အရောင်းအဝယ် ရှိနေတာပါ။

(၅) အီရန်

၂၀၁၆ တနှစ်လုံးစာ ပြန်ကြည့်မယ်ဆိုရင် အီရန်ဟာ ကမ္ဘာမှာ ပဉ္စမမြောက် အကြီးဆုံးရွှေဈေးကွက် ရှိနေတဲ့နိုင်ငံပါ။ ထူး ခြားချက်က သူ့ရဲ့ရွှေဝယ်လိုအားက အတက်၊ အကျ မရှိ တည်ငြိမ် ဝယ်လိုအားကောင်းနေတာ ဖြစ်ပါတယ်။

World Gold Council ကနေ ထုတ်ပြန်ချက်အရ အခုနှစ် ပထမ ၃လအတွင်း အီရန်ရဲ့ရွှေဝယ်လိုအားက ၂၇ ရာခိုင်နှုန်း ထိအောင် တက်လာခဲ့ပြီး မက်ထရစ်တန် ၃၉.၇ လောက်ထိအောင် အရောင်းအဝယ် ရှိနေခဲ့တာပါ။

(၆) တူရကီ

၁၉၉၅ ခုနှစ်ကနေ စတင် တည်ထောင်စောင့်ကြည့်နေတဲ့ Borsa Istanbul Precious Metals Markets ရဲ့စာရင်းတွေအရ ဇူလိုင်လအတွင်းကဆိုရင် တူရကီဟာ နိုင်ငံသမိုင်းတလျှောက် ရွှေတင်ပို့မှု အများဆုံး ပမာဏထိအောင် ရှိလာပါတယ်။

ဥရောပနဲ့ အာရှနိုင်ငံတွေကို တင်ပို့မှု ဖြစ်ပြီး အဆိုပါ တင်ပို့မှုအပြင် နိုင်ငံတွင်းရွှေဝယ်ယူမှုကလည်း ၃၉.၇ မက်ထရစ်တန် လောက်ထိအေင် ရှိနေခဲ့တာ ဖြစ်ပါတယ်။

(၇) ဆော်ဒီအာရေဗျ

အစ္စလာလမ်နိုင်ငံ၊ ရှီးရိုက်တွေ အများစုနေထိုင်ရာ ဒီနိုင်ငံမှာ ရွှေကို အဆင့်မြင့် အလှဆင်အရာတခုအဖြစ် လူကြိုက်များပါ တယ်။ အရင်နှစ်အတွင်းကနေ စတင်ပြီး ရွှေကိုပါ ရင်းနှီးမြှပ်နှံမှု တခုအဖြစ် လုပ်ကိုင်လာပြီး အာမခံလုပ်ငန်းတွေ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ဘာသာရေး အဆောင်အယောင်တွေမှာ အသုံးပြုမှုနဲ့အတူ ဝယ်လိုအား သိသိသာသာ တိုးတက်လာပြီး တနှစ်ကို မက်ထရစ်တန် ၃၈.၁ တန်လောက်ထိအောင် အရောင်းအဝယ် ရှိနေတာပါ။

(၈) အင်ဒိုနီးရှား

အင်ဒိုနီးရှားဆိုတာ ကမ္ဘာမှာ ရွှေတွင်း အများဆုံးရှိရာ၊ ရွှေထွက်ရှိမှုနှုန်း အများဆုံး နိုင်ငံတွေထဲက တခုပါ။ Grasbergဆိုတဲ့ တွင်းတတွင်းတည်းမှာတင် ရွှေတူးသမား ၁၈၀၀၀ လောက်ထိအောင် ရှိနေပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ စတင် ပြီး ရွှေထုတ်လုပ်နိုင်မှု အားကောင်းလာပြီး အခုလည်း တနှစ်ကို ရွှေ မက်ထရစ်တန် ၃၄.၂ တန်လောက်ထိအောင် ဝယ်ယူမှု ရှိနေ ဆဲ ဖြစ်ပါတယ်။

(၉) ရုရှား

လွန်ခဲ့တဲ့ ၂နှစ် အတွင်းကနေ စတင်ပြီး ရုရှားဗဟိုဘဏ်ဟာ ကမ္ဘာမှာ အကြီးဆုံးရွှေစင်လဲလှယ်ပေးနိုင်တဲ့ ဘဏ်တခု ဖြစ်လာ ပြီး စာရင်းတွေအရ အခုနှစ် ဇွန်လ တလတည်းမှာတင် ရွှေအောင်စပေါင်း ၅၅သန်း လောက်ထိအောင် ငွေသားနဲ့ ရွှေစင်လဲ လှယ်ပေးနိုင်မှု ရှိခဲ့ပါတယ်။

၂၀၁၆ခုနှစ်ကတည်း တဦးချင်း ရွှေဝယ်ယူမှုက စုစုပေါင်း ၃၀.၂ မက်ထရစ်တန်လောက်ထိအောင် ရှိခဲ့တာပါ။

(၁၀) အီဂျစ်

လွန်ခဲ့တဲ့ ၁၃ ရာစုလောက်ကတည်းက အီဂျစ်မှာ ရွှေတွင်းတွေလည်း ရှိခဲ့သလို ရွှေထည် ဖန်တီးမှုပညာတွေ တိုးတက် ဖွံ့ဖြိုး လာသလို အီဂျစ်ပြည်သူတွေကလည်း ရွှေကို တန်ဖိုးထား ဝတ်ဆင်ဝယ်ယူလေ့ရှိကြပါတယ်။

တချို့ကလည်း ဘုရားသခင်က ပေးအပ်တဲ့အဆောင်အဖြစ် ယူဆကြပါတယ်။ တနှစ်ကို မက်ထရစ်တန် ၂၇.၉ တန် လောက် ထိအောင် ဝယ်ယူမှု ရှိတာ တွေ့ရပါတယ်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service