အမေရိကန် သရဲကားသရုပ်ဆောင် ဒင်းနစ် အိုဟာရီ၏ ကွန်ဒိုခန်း ၁ ဒသမ ၆ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။
ဒင်းနစ် အိုဟာရီသည် American Horror Story True Blood တို့ကဲ့သို့ ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သူဖြစ်သည်။
ကာလ်တန်ရိပ်သာ ၊ အမှတ် ၁၅၉ ရှိ duplex ကွန်ဒိုခ်းကို ၁၉၉၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၇၅၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၂၀၁၅ ပေရှိပြီး ထိုစဉ်က အိုဟာရီသည် ဘရော့ဝေးတွင် သရုပ်ဆောင်နေဆဲ ကာလလည်း ဖြစ်သည်။
လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ခင်ပွန်းဖြစ်သူ interior ဒီဇိုင်နာ ဟူဂိုရက်ဒ်ဝုဒ်သည် အလုံးစုံပြန်လည်အဆင့်မြှင့် မွမ်းမံခဲ့ပြီး ဖြစ်သည်။
ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၅၉၅၀၀၀ ဖြစ်သည်။
အပေါ်ထပ်တွင် စတုရန်းပေ ၅၀၀ အကျယ်အဝန်းရှိ ဧည့်ခန်းနှင့် ညစာစားရန်နေရာပါဝင်သည်။
ကျွန်းသားကြမ်းခင်း၊ မူရင်းသစ်သားထုတ်တန်းများ၊ ထင်းသုံးမီးလင်းဖို၊ ဆလိုက်မှန်တံခါးများ၊ မီဒီယာခန်းတို့ ပါဝင်သည်။
အောက်ထပ်တွင် အိပ်ခန်း ၂ ခန်းပါဝင်ပြီး အခန်းလယ်တွင် လက်ရှိအားဖြင့် ရုံးခန်းအဖြစ်အသုံးပြုထားသည့် အခန်းတစ်ခန်း ပါဝင်သည်။
ထို့အပြင် အောက်ခန်းတွင် အဝတ်လျှော်ခန်းနှင့် အဝတ်အစားထားသိုခန်း
တို့လည်း ပါဝင်သည်။
ပြင်သစ်နိုင်ငံတွင် နှစ်နှစ်ခန့် သွားရောက်နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ယခုအခန်းကို ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း အိုဟာရီက ပြောကြားသည်။
ပြင်သစ်နိုင်ငံမှ ပြန်လာပါက ယခုကွန်ဒိုခန်းရှိရာအရပ်တွင်ပင် ၎င်းတို့ပိုင်ဆိုင်သည့် အခြားနေအိမ်တစ်လုံးတွင် မိမိတို့ မိသားစုပြန်လည်နေထိုင်မည်ဖြစ်ကြောင်း အိုဟာရီက ပြောကြားသည်။
အိုဟာရီနှင့် ရက်ဝုဒ်တို့တွင် သားတစ်ဦးထွန်းကားထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)