လူတိုင်းလက်လမ်းမှီသော အိမ်ရာများဖော်ထုတ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကမ္ဘာ့ဘဏ် အကြံပြု

လူတိုင်းလက်လမ်းမှီသော အိမ်ရာများဖော်ထုတ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကမ္ဘာ့ဘဏ် အကြံပြု - Property News in Myanmar from iMyanmarHouse.com
6 Oct 2017 10:59 am တွင် တင်ခဲ့သည်
5120 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် လူတိုင်းလက်လမ်းမှီသော အိမ်ရာများဖော်ထုတ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်ရန် အပါအ၀င် အရည်အသွေးကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်များ အကောင်အထည် ဖော်ရန်
အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ တစ်စောင်အား ထုတ်ပြန်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံများမှ မြို့ပြအခြေခံ လူတန်း စားများနှင့် ဆင်းရဲနွမ်းပါးသူများအား အခြေအနေကို လေ့လာထားသည့် " မြို့ပြရှိဆင်းရဲနွမ်းပါးသူ လူတန်းစားများအတွက် အခွင့်အလမ်းများ ရှာဖွေပေးခြင်း" အစီရင်ခံစာတွင် အကြံပြုထားခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာအား အောက်တိုဘာလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ပြန်ကြားရေး အရာရှိ ဦးကျော်စိုးလင်းက " မြို့ပြအတွက်ဆိုရင် အရည်အသွေးရှိတဲ့ လူတိုင်း အတွက် လက်လှမ်းမီနိုင်တဲ့ အိမ်ရာတွေကို ဆောင်ရွက်ပေးဖို့၊ အဲဒီဘက်ပိုင်းမှာ အစိုးရကဖြစ်စေ၊ ပုဂ္ဂလိက ပိုင်းကဖြစ်စေ
ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဆောင်ရွက်ပေးဖို့၊ နောက်တစ်ခုကတော့ သယ်ယူပို့ဆောင်ရေးပေါ့၊ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကို မြှင့်တင်ဖို့၊ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ အချက်တွေလည်း ဒီထဲမှာ
အကြံပြုထားပါတယ်" ဟု ဆိုသည်။

ယင်းအပြင် မြေယာပိုင်ဆိုင်မှုတွေနဲ့ပတ်သက်သော စည်းမျဉ်းဥပဒေများ၊
မူဝါဒများအား ရှင်းလင်းအောင် ဆောင်ရွက်ပြီး မြို့ပြရှိ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ခြင်းနှင့် ယင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမယ်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။

အဆိုပါအစီရင်ခံစာအရ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဒေသအတွင်း
နှစ်စဉ်မြို့ပြပုံစံဖြစ်ပေါ်မှုနှုန်း (၃) ရာခိုင်နှုန်းသည် လူဦးရေ (၆၅၅)သန်းအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။

သို့သော် ဒေသတွင်း ကမ္ဘာ့ဆင်းရဲနွမ်းပါးသူ လူဦးရေ သန်းပေါင်း (၂၅၀)ခန့်သည် အရည်အသွေး ညံ့ဖျင်းသည့် အိမ်ယာများ၊
အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည့် ၀န်ဆောင်မှုများဖြင့် ရပ်တည်နေ
ထိုင်နေကြရပြီး ရေကြီး ရေလျှံမှု ကဲ့သို့ ဘေးအန္တရာယ်ဖြစ်နိုင်ချေများနှင့်လည်း ရင်ဆိုင်နေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ မြို့ပြဆိုင်ရာထိပ်တန်းကျွမ်းကျင်သူ Judy Baker က " လျင်မြန်တဲ့မြို့ပြပုံစံဖြစ်ပေါ်မှုသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ၀င်ငွေနည်းပါးသူတွေရဲ့ ကလေးများ ပညာရေးအတွက် ငွေကြေးစုဆောင်းနိုင်ဖို့ လူတိုင်း တက်နိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်များ၊ အိမ်ယာများ ပေးအပ်ပေးပါ။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် မိသားစုများ အခက်အခဲ အကြပ်အတည်းများကို ဖြေရှင်းနိုင်မည့် လူမှုအကာအကွယ်ပေးရေး အစီအစဉ်များ ထားရှိဆောင်ရွက်ပါ။ အားလုံးပါဝင်သည့် မြို့ပြဖွံ့ဖြိုးမှုအတွက် အဖြေများသည် တစ်မျိုး တည်းဖြင့် အားလုံးဖြေရှင်းနိုင်သည့် အရာများ မဟုတ်သော်လည်း ပိုမိုကောင်းမွန်ရန် လက်တွေ့ဆန်သော၊ ထိရောက်သော၊ လိုအပ်သောအရာများဖြစ်ပါတယ်"ဟု ကမ္ဘာဘဏ်ရဲ့ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ကမ္ဘာ့ဘဏ်၏အစီရင်ခံမှာ သီးခြားအခြေအနေများအတွက် ပြောင်းလဲအသုံးပြုနိုင်သည့် လမ်းညွှန်မူ (၁၀) ရပ် ကို အကြံပြုထားပြီး ယင်းတို့အနက် မြို့ပြနေဆင်းရဲနွမ်းပါးသူများအား အလုပ်အကိုင် ဈေးကွက်များနှင့် ချိတ်ဆက် ပေးခြင်း၊ အားလုံးပါဝင်သည့် မြို့ပြစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခြင်း၊ လူတိုင်းတက်နိုင်သည့် မြေနှင့် အိမ်ယာဈေးများဖြစ်ပေါ်စေခြင်း၊ မြို့ပြနေထိုင်သူအားလုံး၏ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ မြို့ပြနေ ဆင်းရဲနွမ်းပါးသူများအနက် အခွင့်အလမ်းအနည်းပါးဆုံးအုပ်စုများကို အဓိကဦးစားပေးဆောင်ရွက်ခြင်း၊ ဒေသ အုပ်ချုပ်ရေးကို အားကောင်းစေပြီး မြို့ပြနေထိုင်သူများနှင့် ချိတ်ဆက်ေ်ဆာင်ရွက်ခြင်း၊ သက်သေအထောက် အထားအပေါ် အခြေခံသည့် မူဝါရေးရာရေးဆွဲမှုဖြစ်စေရေးအတွက် ဒေတာနှင့် သတင်းအချက်အလက်စနစ်များ ပိုမိုကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံခြင်းတို့ ပါဝင်ကြောင်း သိရသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service