ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အေမီအားဗင်းသည် နယူးယောက်မြို့  မန်ဟက်တန်အရပ်ရှိ နေအိမ်ကို ရောင်းချမည်ဖြစ်သည်။
အေမီသည် အဆိုပါလူနေခန်းကို ၂၀၀၅ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
အေမီသည် Yentl နှင့် crossing delancey ဇာတ်ကားတို့ဖြင့် နာမည်ကျော်ခဲ့သူ ဖြစ်သည်။အေမီက မန်ဟက်တန်အခန်းကို ကန်ဒေါ်လာ ၇ ဒသမ ၅၃၇ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ နေအိမ်ခန်းတွင် အခန်း ၁၀ ခန်းပါဝင်ပြီး ၆ ခန်းမှာ အိပ်ခန်းများ ဖြစ်ကြကာ ရေချိုးခန်း ၄ ခန်းပါဝင်သည်။
ဈေးကွက်တင်သည်မှာ Douglas Elliman အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဖြစ်သည်။အေမီသည် ယခုအခါ အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယင်းလူနေခန်းကို ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းဖြင့် ပထမဆုံးအကြိမ်အရောင်းဈေးကွက်တင်ခဲ့ပြီး အကျိုးဆောင်များစွာ၏ လက်တွင် ဈေးကွက်သို့ ဝင်ချီ၊ ထွက်ချည် ဖြစ်နေခဲ့သည်။
နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၇ ဒသမ ၉၉၅ သန်းဖြစ်သည်ဟု ဆိုသည်။
Central Park West အဆောက်အအုံကြီးတွင် အခန်းပေါင်း ၃၈ ခန်းရှိပြီး ၁၉၀၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အေမီသည် မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ ကဲနက်ဘောင်ဆာ-ဂျူနီယာနှင့် ၂၀၀၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။
အေမီသည် ၂၀၁၅ ခုနှစ်အတွင်း ယခုနေရာမှ ၂ ဘလောက်အကွာတွင်ရှိသည့် လူနေခန်းကိုလည်း ကန်ဒေါ်လာ ၈ ဒသမ ၉၉၅ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။
အေမီ၏ အမည်အပြည့်အစုံမှာ အေမီ ဒေးဗစ် အားဗင်းဖြစ်ပြီး ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအယ်လ်တိုမြို့တွင် မွေးဖွားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)