ရန်ကုန်တွင် တိုက်ခန်းမငှားမီ သိထားရမည့် အချက်များ

ရန်ကုန်တွင် တိုက်ခန်းမငှားမီ သိထားရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
29 Sep 2017 12:20 pm တွင် တင်ခဲ့သည်
2115 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဥပဒေများ မည်ရွေ့မည်ပုံတိုးတက်ပြောင်းလဲလာသည်ဖြစ်စေ လူ့အခွင့်အရေးများ အဘယ်မျှတိုးတက်လာသည်ဖြစ်စေ ပိုင်ရှင်နှင့် ငှားရမ်းသူတို့တွင် ပိုင်ဆိုင်သူဘက်က ချိန်ခွင်လျှာသာသည်မှာ မည်သည့်အခါမျှ မမှားနိုင်သော နိယာမတစ်ခု မဟုတ်ပေလားရှင်။

ယနေ့ခေတ်၌ သင်သည် ရန်ကုန်မြို့ပြရှိ တိုက်ခန်းတစ်ခန်းအား ငှားရမ်းရန် ရှာဖွေနေပါက ထိုတိုက်ခန်းအတွက် တစ်လလျှင် ငှားရမ်းခငွေ မည်မျှသုံးမည် ဆိုသည့်အချက်အပြင် ငှားရမ်းပြီးမှ အိမ်ရှင် (တိုက်ခန်းပိုင်ရှင်) နှင့်အဆင်မပြေမဖြစ်ရ၊ အချင်းမများရစေရန် ထည့်သွင်းစဉ်းစားစရာ အခြားအချက်များ
ရှိနေပေသေးသည်။

ထို့ကြောင့် ရန်ကုန်တိုက်ခန်းအငှားဈေးကွက်၌ တွေ့မြင်နေရသော ယင်းအချက်များအား အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

၁။ ငှားရမ်းမှုပြီးဆုံးမည့်ရက်စွဲနှင့် သက်တမ်းတိုးငှားရမ်းမှုဆိုင်ရာများ

- စံချိန်မီငှားရမ်းမှုစာချုပ်မှာ ၁၂ လစာချုပ်ဆိုမှုဖြစ်သော်လည်း သင်နှင့်
တိုက်ခန်းပိုင်ရှင်တို့အကြား သဘောတူညီမှုအပေါ်မူတည်၍ ကွဲပြားနိုင်ပေသည်။ ၆ လစာချုပ် ချုပ်ဆိုမှုများအား ဆင်ခြေဖုံးနေရာများတွင် အများဆုံးတွေ့ရသည်။ ငှားရမ်းမှုအား သက်တမ်းတိုးရန် စီစဉ်နေပါက သို့မဟုတ် ဆက်လက်ငှားရမ်းတော့မည် မဟုတ်ပါက ငှားရမ်းမှုပြီးဆုံးမည့်ရက်စွဲ မတိုင်မီ အနည်းဆုံး ရက် ၃၀ တင်ကြို၍အိမ်ပိုင်ရှင်အား အကြောင်းရန် လိုအပ်ပေမည်။

၂။ လုံခြုံရေးစပေါ်ငွေ

- အိမ်စပေါ်နှင့် လုံခြုံရေးစပေါ်ငွေ မတူပါ။ အိမ်စပေါ်ဆိုသည်မှာ အိမ်ငှားက
ထိုနေအိမ်အခန်းတွင် ဆက်မနေတော့ပါက အပြည့်အ၀ ပြန်ရမည်ဖြစ်သည်။
အချို့တိုက်ခန်းပိုင်ရှင်များသည် အိမ်စပေါ်ကို တိုက်ခန်းတန်ဖိုး၏
ထက်ဝက်နီးပါးလောက်ပင် များများစားစား တောင်း၍ တိုက်ခန်းငှားခကို
လုံးလုံးမယူသည်များပင် ရှိသည်။ လုံခြုံရေးစပေါ်ငွေသည် ယနေ့ကာလတွင်
ထပ်တိုးလာသော နှစ်ဦးနှစ်ဖက် အရပ်သဘောတူညီမှုတစ်ခု ဖြစ်သည်။
လုံခြုံရေးစပေါ်ငွေမှာ ငှားရမ်းမှုစာချုပ်ပြည့်ပြီးနောက် အခန်းတွင် အပျက်အစီးမရှိပါက ထိုအိမ်မှထွက်ခွါသောအခါ ထုံးစံအားဖြင့် အပြည့်အ၀ ပြန်ရမည်ဖြစ်ပြီး အပျက်အစီးရှိပါက လိုတိုးပိုလျှော့လုပ်ကြသည်ကို တွေ့ရသည်။ ဈေးကွက်ထဲတွင် လုံခြုံရေးစပေါ်ငွေ တင်ခိုင်းသည့် သို့မဟုတ် တောင်းသည့် တိုက်ခန်းပိုင်ရှင် ရှိသကဲ့သို့ မတောင်းသူများလည်း ရှိပေသည်။ ပိုင်ရှင်အပေါ် မူတည်ပါသည်။ ၎င်းသည် အများအားဖြင့် အိမ်ငှားခ တစ်လစာနှင့် ညီမျှလေ့ရှိသော်လည်း အိမ်ငှားခပမာဏအနည်းအများအပေါ် မူတည်၍ တိုက်ခန်းပိုင်ရှင်များက တောင်းကြသည်ကို တွေ့ရသည်။

၃။ နေထိုင်ခွင့်ပြုသည့် လူအရေအတွက်

- ငှားမည့်အိမ်တွင် လူမည်မျှ နေထိုင်မည်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင်က
မေးမြန်းကန့်သတ်နိုင်သည်။ ယင်းက သင့်အား နောက်ပိုင်းတွင် အိမ်၌ ထပ်ဆင့်အငှားချ၍ မရစေရန် စီမံသော နည်းလည်း ဖြစ်သည်။ လူများ မစင်များသည်ဟူသော ရှေးစကား ရှိခဲ့သကဲ့သို့ လူများလျှင် အိမ်ရှုပ်၍ အိမ်အား ပိုမိုထိခိုက်စေနိုင်သဖြင့် အိမ်ရှင်များက အိမ်ငှားအိမ်ထောင်စု၏ လူဦးရေနည်းလေ
နှစ်သက်လေ ဖြစ်သည်။

၎။ ဧည့်သည်မူဝါဒ

- အိမ်ငှားသဘောတူစာချုပ်အများအပြားတွင် အိမ်ရှင်များက ထိုအိမ်သို့ ညအိပ်ညနေ
ဧည့်သည်နေထိုင်မှုနှင့်ပတ်သက်၍ နေထိုင်ခွင့်ရက် ကန့်သတ်ကြသည်။

၅။ အိမ်မွေးတိရစ္ဆာန်မူဝါဒ

- သင့်တွင် အိမ်မွေးတိရစ္ဆာန်ရှိပါက သတ်မှတ်အိမ်ငှားခထက် ပိုပေးရနိုင်ခြေ များပေသည်။
တိရစ္ဆာန်အမျိုးအစား၊ သားပေါက်နှုန်းနှင့် အရွယ်အစားတို့နှင့်ပတ်သက်၍
ကန့်သတ်ချက်များအားလည်း အချို့အိမ်ရှင်များက ပြုလုပ်တတ်ကြပေသည်။


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service