တံတားသစ်ကြောင့် သန်လျင် အိမ်ခြံမြေဈေးကွက် လှုပ်ရှားလာနိုင်

တံတားသစ်ကြောင့် သန်လျင် အိမ်ခြံမြေဈေးကွက် လှုပ်ရှားလာနိုင် - Property News in Myanmar from iMyanmarHouse.com
29 Sep 2017 11:52 am တွင် တင်ခဲ့သည်
6529 ကြိမ် ကြည့်ရှု့ပြီး
သန်လျင်နှင့် ရန်ကုန်ဆက်သွယ်မည့် တံတားသစ် တည်ဆောက်ပြီးစီးပါက သွားလာရေး ပိုမိုလွယ်ကူမည်ဖြစ်ရာ တည်ဆောက်ဆဲကာလမှာပင် အိမ်ခြံမြေဈေးများ လှုပ်လာနိုင်ကြောင်း ပါရာဒိုက်စ် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးဖြိုးသူအောင်က ပြောသည်။

''တံတားပြီးရင်တော့ ဈေးကွက်တက်လာမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သန်လျင်ဘက်မှာ လမ်းကအစ ပြောစရာမရှိအောင် ကောင်းနေပြီ၊
နေထိုင်လို့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ တံတားတစ်ခုတည်းဖြစ်နေလို့ သွားလာရေးခက်တဲ့အတွက် လူသိပ်စိတ်မဝင်စားတာပဲရှိတယ်'' ဟု
ဦးဖြိုးသူအောင်က ဆိုသည်။

လက်ရှိတွင် သန်လျင်သို့ ဆက်သွယ်သည့် တံတားနှစ်စင်း ရှိသော်လည်း တစ်စင်းသာ ရန်ကုန်၏ အချက်အချာမြို့နယ်များနှင့် ဆက်သွယ်ရန် အထောက်အကူဖြစ်သည်။ သန်လျင်သို့ ရန်ကုန်မြို့လည်ကောင်မှ ကားဖြင့်သွားလျှင် မိနစ် ၂ဝ ခန့်သာကြာသော်လည်း ထိုတံတားတစ်စင်းတည်းသာ လမ်းသင့်ခြင်း၊ တံတားအတက်အဆင်းတွင် ကားပိတ်ခြင်းတို့ကြောင့် သန်လျင်သည်
အိမ်ခြံမြေဈေးကွက်တွင် ရေပန်းမစားခြင်းဖြစ်သည်ဟု အကျိုးဆောင်တို့က ဆိုသည်။

သို့သော်လည်း လက်ရှိ လူသုံးအများဆုံး မူလတံတားဟောင်း၏ နံဘေးမလှမ်းမကမ်းတွင် တံတားသစ်နောက်တစ်စင်း ထပ်ဆောက်ရန် အကြိုလျာထားနေပြီး ထိုတံတားဆောက်လျှင် ဈေးကွက်အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ်ပြောဆိုနေသည်။

''သန်လျင်တံတားပြီးသွားရင်တော့ ဗိုလ်ချုပ်နဲ့အောင်ချမ်းသာကနေပြီး သီလဝါစက်မှုဇုန်ဘက်အထိ ကတော့ အလိုအလျောက်ကို တက်လာမှာပါ''ဟု သန်လျင်ရွှေမိုး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးစိုးကြီးက ပြောသည်။

လက်ရှိသန်လျင်တွင် အိမ်ငှားဈေးကွက်များ ကောင်းနေပြီး အရောင်းအဝယ်ဈေးကွက်မှာ အေးစက်လျက်ရှိကာ ကြိုက်ရောင်းကြိုက်ဝယ်အနည်းငယ်သာ အလုပ်ဖြစ်သည်ဟု ဈေးကွက်အတွင်းက စုံစမ်းရရှိသည်။

အရောင်းအဝယ်ဈေးကွက် အေးစက်ရခြင်း၏ အဓိကအကြောင်းမှာ ခေါ်ဈေးများက မြင့်နေပြီး သွားရေးလာရေးမှာ လတ်တလောတွင် မကောင်းသေး၍ဖြစ်ကြောင်း ဦးဖြိုးသူအောင်က ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မော်မော်ထွန်းကလည်း တံတားသစ်တည်ဆောက်ပြီး သွားလာရေး လွယ်ကူလာလျှင် အရောင်းအဝယ်ဈေးကွက် ပြန်လည်တိုးတက်လာ
မည်ဖြစ်ကြောင်း ထပ်လောင်းမှတ်ချက်ပေးသည်။

ယခုကာလတွင် ယခင်က ကျပ်သိန်း ၄ဝဝ ပတ်ဝန်းကျင် ဈေးပေါက်သော မြေကွက်များကို ကျပ်သိန်း ၁,၂ဝဝ ခန့်အထိ ခေါ်သူများရှိနေကာ ဝယ်သူ အလွန်ရှားနေကြောင်း မေတ္တာရောင်ခြည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးအောင်သန်းဝင်းက ပြောသည်။

ပြီးခဲ့သော ခြောက်လအတွင်း ကျပ်သိန်း ၆ဝဝ မှ ၁,ဝဝဝ ခန့် တန်ဖိုးရှိသော အိမ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သန်လျင်ရွှေမိုး အကျိုးဆောင်က ဦးစိုးကြီးက ပြောသည်။

သန်လျင်မြို့နယ်ဘက်တွင် မိသားစုနှင့် အမှန်တကယ်နေထိုင်မည့်သူများသာ အဝယ်များပြီး သာကေတ၊ ဒေါပုံနှင့် မြောက်ဒဂုံမြို့နယ်တို့က လက်ရှိတွင် သန်လျင်ထက် ပိုရေပန်းစားနေကြောင်း အကျိုးဆောင်များက ဆိုကြသည်။

အသစ်ဆောက်မည့် သန်လျင်တံတား အမှတ်(၃) သည် ဆောက်လုပ်ရန် ကျိန်းသေမှု ရှိ/မရှိ တစ်ထစ်ချ မယုံကြည်နိုင်သေးကြောင်း ဈေးကွက် အတွင်းရှိ အကျိုးဆောင်များက ပြောကြားသည်။

အခြားတစ်ဖက်တွင်မူ လာမည့် ၂ဝ၁၈…၁၉ ဘဏ္ဍာနှစ်၌ ထိုတံတားကို ဂျပန်အစိုးရထံမှ ချေးငွေဖြင့် ဆောက်မည်ဟု သန်လျင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက သတင်းမီဒီယာအချို့ကို ယခုလလယ်က ပြောကြားထားသည်။

ယခုအချိန်အထိရရှိထားသော သတင်းအချက်အလက်များအရ တံတားကို လေးလမ်းသွား တည်ဆောက်ရန် လျာထားပြီး လက်ရှိ အမှတ်(၁)တံတားဟောင်းနှင့် မီတာ ၁ဝဝ ကျော်အကွာတွင် တည်ဆောက်ရန် ကြိုတင်လျာထားကြောင်း သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service