စင်္ကာပူနိုင်ငံရှိ၊ သံတမန်ရပ်ကွက်တွင် တည်ရှိပြီး grange လမ်းပေါ်တွင် တည်ရှိကာ အမျိုးသားပြတိုက်၊ အထွေထွေရောဂါကု ဆေးရုံကြီးတို့နှင့် မဝေးလှသော အရပ်တွင် ယခင်က အမေရိကန်သံအမတ်ကြီး၏ စံအိမ်တော်ဝန်းတည်ရှိခဲ့သည်။
ယခုအခါတွင်ကား အဆိုပါဝင်းပေါ်တွင် လူနေခန်းပေါင်း ၃၂၅ ခန်း ပါဝင်သည့် ကွန်ဒိုမီနီယံ အဆောက်အအုံကြီး ၂ ခုတည်ရှိနေပြီဖြစ်ပြီး spring grove ဟု အမည်ပေးထားသည်။
ယင်းကွန်ဒိုကြီးကို လွန်ခဲ့သော ၃ နှစ်က လေလံတင်ရောင်းချခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။
ယခုအခါတွင်ကား ကန်ဒေါ်လာ ၁ ဘီလီယံခန့်ဖြင့် ရောင်းထွက်လိမ့်မည်ဟု အခန်းပိုင်ရှင်များက မျှော်လင့်ထားသည်။
၂၀၁၄ ခုနှစ်အတွင်းက ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံဖြစ်ရာ လက်ရှိဈေးနှုန်းဖြင့်ဆိုပါက ရောင်းထွက်နိုင်မည်ဟု မျှော်လင့်ကြခြင်း ဖြစ်သည်။
ထိုနေရာ၏မြေကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ၉၉ နှစ်အငှားချထားမှု သက်တမ်းကုန်ဆုံးပါက အမေရိကန်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည်။
အငှား ကျန်ရှိသောသက်တမ်းမှာ ၇၃ နှစ်ဖြစ်သည်။
“ဒီနေရာဟာ အရင်က အမေရိကန်သံအမတ်ကြီးအိမ်တော်ဖြစ်ခဲ့တာကြောင့် ရှေးဟောင်းအမွေအနှစ်စာရင်းဝင်လည်း ဖြစ်ပါတယ်” ဟု spring grove ကွန်ဒိုမီနီယံ ရောင်းချရေးကော်မတီဥက္ကဌ မစ္စတာ အေဒရီယန်လိုက ပြောကြားသည်။
“ဝယ်ယူမယ့်သူအနေနဲ့ spring grove က အိမ်ခန်းပိုင်ရှင်တွေကို ငွေပေးချေရမှာဖြစ်သလို မြေပိုင်ထားတဲ့ အမေရိကန်အစိုးရဆီမှာလည်း ငှားရမ်းမှုကိစ္စတွေ ဆောင်ရွက်ရမှာပါ” ဟု အေဒရီယန်လိုက ဆက်လက်ပြောကြားသည်။
spring grove ၏ ကြမ်းခင်းဧရိယာစုစုပေါင်းမှာ ၅၅၃၃၇၇ စတုရန်းပေ ရှိရာ လက်ရှိခေါ်ဈေးမှာ တစ်စတုရန်းပေလျှင် ၁၈၀၇ ဒေါ်လာခန့် ကျသင့်မည် ဖြစ်သည်။
(အသေးစိတ်အချက်အလက်များ)
အမည်- spring grove
အမျိုးအစား- ကွန်ဒိုမီနီယံ
Developer- City Developments Limited
လက်ဝယ်ထားရှိနိုင်မှု- ၉၉ နှစ် အငှားချထားမှု
ဆောက်လုပ်ပြီးစီးသည့်နှစ်- ၁၉၉၆
အခန်းပမာဏ- ၃၂၅ ခန်း
ရရှိနိုင်သော အခန်းပုံစံများ- အိပ်ခန်း ၂ ခန်းများ (၉၄- ၁၂၄ စတုရန်းမီတာ) ၊ အိပ်ခန်း ၃ ခန်းပါအခန်းများ (၁၂၄-၁၆၀ စတုရန်းမီတာ) ၊ အိပ်ခန်း ၄ ခန်းပါ အခန်းများ (၁၅၅-၁၉၆ စတုရန်းမီတာ)၊ Penthouse (၂၃၄ စတုရန်းမီတာ)
ကွန်ဒိုတွင် ပါဝင်သည့် Facilities- ဘိလိယက်ခန်းများ၊ ကားပါကင်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ မီနီမတ်၊ ၂၄ နာရီ လုံခြုံရေး၊ ရေကူးကန်၊ တင်းနစ်ကွင်းများ
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)