နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပါဝင်လာမည့် ကွန်ဒိုနည်းဥပဒေ အလုပ်ဖြစ်မှာလာ

နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပါဝင်လာမည့် ကွန်ဒိုနည်းဥပဒေ အလုပ်ဖြစ်မှာလာ - Property News in Myanmar from iMyanmarHouse.com
25 Sep 2017 9:59 am တွင် တင်ခဲ့သည်
6453 ကြိမ် ကြည့်ရှု့ပြီး
အလုံးအရင်းဖြင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သော ရန်ကုန်တွင် ထောင်နှင့်ချီသော ကွန်ဒိုတိုက်ခန်းများအတွက် စက်တင်ဘာလကုန်တွင် ၄င်းတို့အတွက် အဖြေတစ်ခုက စောင့်ကြိုလျှက်ရှိသည်။

၁၉၉၀ကျော်လွန်ကာလများကို ကန်ထရိုက်တာခေတ်ဟု ခေါ်ဆို၍ ရချိန်တွင် ၂၀၁၂မှစတင်ပြီး ယနေ့အချိန် အထိ ကွန်ဒို တိုက်ခန်းခေတ်ဟု၍ ပင် ခေါ်ဆို၍ရလောက်အောင် အလုံးအရင်းဖြင့်တည်ဆောက်နေမှုများက ရန်ကုန်တွင် ဒုနှင့်ဒေးပင် ။

အ၀ယ်မျှော်ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်းများအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကလည်း မကြာမှီတွင် ရောက်ရှိတော့မည်ဖြစ်သည်။ ယင်းမှာ ကွန်ဒိုတိုက်ခန်းများ၏ တည်ဆောက်ခြင်း ၊ပိုင်ဆိုင်ခြင်း၊ရောင်းချခြင်းများကို အဆုံး အဖြတ်ပေးမည့် ကွန်ဒို တိုက်ခန်း ဥပဒေ၏နည်းဥပဒေ( Rule & Regulation) ပင်ဖြစ်သည်။

အရောင်းအ၀ယ်တုံ့ဆိုင်းအေးစက်နေသောရန်ကုန်အိမ်ခြံမြေဈေးကွက်ကို ကွန်ဒိုနည်းဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဥပဒ) အတည်ပြုထွက်ရှိလာသည်နှင့် ကောင်းမွန်လာမည်ဟု အိမ်ခြံမြေ အသိုင်းအ၀ိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တထစ်ချယုံကြည်လျှက်ရှိသည်။

သို့သော် စီးပွားရေးပညာရှင်များကမူ ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းကို ၀ယ်ယူနိုင်သူလူတန်းစားမှာ ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်းပါးနေပြီး သောင်းဂဏန်းလူဦးရေကသာ ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူနိုင်စွမ်းရှိသည်ဟု ပြောဆိုထားကြသည်။စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းကို ပြည်တွင်းမှဝယ်ယူနိုင်သူလူတန်းစားမှာကုန်သလောက်ရှိသွာြး့ပီဆိုသည့်သဘောပင်။

ထို့ကြောင့်ပြည်တွင်း၌ ၀ယ်လိုအားအထိုက်အလျောက်ကျဆင်း
လာပြီဖြစ်သော ကွန်ဒိုတိုက်ခန်းများကို ဈေးကွက်အသစ်တစ်ခုအနေဖြင့် နိုင်ငံခြားသားများဘက်သို့ ဦးလှည့်လာခြင်းဖြစ်သည်။

လက်ရှိ ဥပဒေအရ ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများတရားဝင် ၀ယ်ယူခွင့်မရှိသေးပေ။

ထို့ကြောင့် မကြာမှီထွက်ပေါ်လာမည့် နည်းဥပဒေတွင် နိုင်ငံခြားသားများတရားဝင် ၀ယ်ယူခွင့်ဆိုသည့်အချက် ပါဝင်လာခြင်းကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက်မျှော်လင့်စရာတစ်ခုပင်ဖြစ်သည်။

မကြာခင် ထုတ်ပြန်မည့် ကွန်ဒိုနည်းဥပဒေတွင် နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတစ်ခုလုံး၏ စုစုပေါင်း အခန်း ၄ဝ ရာခိုင်နှုန်းထိ ဝယ်ယူခွင့်ပြုပေး မည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်းက ဝယ်ယူလိုလျှင် အများဆုံး ၂၅ ရာ ခိုင်နှုန်း အထိ ဝယ်ယူခွင့်ရမည်ဟု ဥပဒေတွင်ပါရှိလာမည်ဖြစ်သည်။

နိုင်ငံခြားသားများကိုပါ အခန်းဝယ် ခွင့် ပေးမည့် ကွန်ဒိုဥပဒေကို အများက စောင့်မျှော် နေခဲ့ကြသည်။ သို့သော် ဥပဒေ၏ နောက်ဆက်တွဲဖြစ်သည့် နည်းဥပဒေ မထွက်သေးသဖြင့် အသေးစိတ် လုပ်ထုံးလုပ်နည်းများ အသက်မဝင် သေးသဖြင့် ဈေးကွက် မသွက်လာေ သးဘဲ နည်းဥပဒေကို ဆက်လက်စောင့်မျှော်နေရခြင်းလည်းဖြစ်သည်။

သို့သော်တည်ဆောင်ထားသမျှ ကွန်ဒိုများတွင် နိုင်ငံခြားသားများ ၏၀ယ်နိုင်စွမ်းပမာဏမှာ မည်မျှ ရှိလာမည်ကိုမူ ခန့်မှန်း၍ မရပေ။

မြန်မာနိုင်ငံသို့လာရောက်သောနိုင်ငံခြားသား အများစုသည် လခစားဝန်ထမ်း အများစုသာဖြစ်ပြီး ရင်းနှီးမြှပ်နှံသူ စီးပွားရေးလာရောက်လုပ်ကိုင်သူမှာ အနည်းငယ်မျှသာဖြစ်သည်။

လက်တွေ့တွင် နိုင်ငံခြားသားအချို့မှာ ကွန်ဒိုတိုက်ခန်းများကို ဌား၇မ်းသည့်စရိတ်ကိုလျှော့ချပြိးရပ်ကွက်အတွင်းတိုက်ခန်းများ
ဌားရမ်းနေထိုင်နေကြသည်မှာ မျက်မြင်ပင်ဖြစ်သည်။

ထို့ကြောင့်ရန်ကုန်မြို့တွင် ပြီးစီးနေသော အသစ်စက်စက်ကွန်ဒိုတိုက်ခန်းများက နည်းဥပဒေထွက်ပေါ်လာပါက ထင်သလောက်နိုင်ငံခြားသားဈေးကွက်ကိုမျှော်လင့်၍ ရဦးမည်မဟုတ်ပေ။

အ၀ယ်မျှော်ကွန်ဒိုတည်ဆောက်သူ လုပ်ငန်းရှင်များ ထွက်ပေါ်လာမည့် ကွန်ဒို နည်းဥပဒေတွင်၎င်းတို့အတွက် နောက်ပိုင်းတည်ဆောက်ရာတွင် သတ်မှတ်ချက်အသစ်များပါဝင်လာသည်။

ကွန်ဒိုနည်းဥပဒေထွက်ရှိလာပါက ပိုင်ဆိုင်မှုများ သေချာခိုင်မာလာမည်ဖြစ်ပြီး ရရှိရမည့် အကျိုးခံစားခွင့်များကိုလည်း ဝယ်ယူသူများအတွက် မနစ်နာစေရန် ထည့်သွင်းရေးဆွဲထားသည်။

ထို့ပြင် နည်းဥပဒေတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် ဈေး ကစားခြင်း မပြုလုပ်စေရန် အဆောက်အအုံ၏ ၇၅ ရာခိုင်နှုန်းကို မဖြစ်မနေ
ရောင်းချ ရမည်ဟု သတ်မှတ်ထားသည်။

အထူးသဖြင့် ကြိုပွိုင့်ရောင်း ချခြင်းမှ ရရှိသည့် ငွေများကို ဘဏ် တွင် အပ်နှံထားရမည်ဖြစ်ပြီး ယင်း ငွေများကို ဆောက်လုပ်ရေးလုပ် ငန်းအတွက်သာ ပြန်လည်အသုံး ပြုရမည်ဖြစ်ကာ ပြင်ပ၌သုံးစွဲ ခွင့် မရှိကြောင်း သတ်မှတ်ချက် များပါဝင်လာမည်ဖြစ်သည်။

ကွန်ဒိုတစ်လုံးသည် အနည်းဆုံးမြေဧရိယာ စတုရန်း ပေ ၂ဝ,ဝဝဝ နှင့်အ ထက်ရှိရမည်ဖြစ်ပြီး ခြောက်လွှာနှင့်အထက်ရှိရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

ထို့ကြောင့် ယခင်ကထက် လုပ်ငန်းရှင်များ အနေဖြင့် ရောင်းချခြင်းဆိုင်ရာ ၊ တည်ဆောက်ခြင်းများအပိုင်းတွင်လည်းအကန့်အသတ်များရှိလာမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် ဈေးကွက်အေးစက်ပြီး အဆိုးဆုံးကျဆင်းနေသော ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွက် မကြာမှီ ထွက်ပေါ်လာမည့် ကွန်ဒို နည်းဥပဒေသည်လည်း စိတ်ဝင်စားစရာများဖြင့် စောင့်ကြည့်ရမည်ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service