သံရုံးပြောင်းရွှေ့သတင်းကြောင့် နေပြည်တော်အိမ်ခြံမြေကောင်းနိုင်

သံရုံးပြောင်းရွှေ့သတင်းကြောင့် နေပြည်တော်အိမ်ခြံမြေကောင်းနိုင် - Property News in Myanmar from iMyanmarHouse.com
22 Sep 2017 11:36 am တွင် တင်ခဲ့သည်
3851 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်မှာ နိုင်ငံခြားသုံးရုံးတွေ တရားဝင်ပြောင်းရွှေ့ခွင့်ပြုခြင်းကြောင့် တရုတ်နိုင်ငံ ယာယီသံရုံးလာရောက်ဖွင့်လှစ်ခြင်းနဲ့ တခြားနိုင်ငံခြားသံရုံးတွေမကြာခင်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ အငှားဈေးကွက်တွေ ကောင်းလာနိုင်ကြောင်းသိရပါတယ်။

‘ အဲဒီလာဖွင့်တဲ့အခါ အဓိက စည်ကားသွားမယ့်နေရာတွေကတော့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နဲ့ ဇေယျသီရိမြို့နယ်လိုနေရာတွေမှာ ပိုအရောင်းအ၀ယ်ဖြစ်နိုင်တယ်၊ အဲဒီနေရာတွေက နေပြည်တော်က ရုံးတွေနဲ့နီးတယ်၊ ရွှေကြာပင်ရပ်ကွက်ဆိုတာ ဒက္ခိဏသီရိမြို့နယ် အ၀န်းထဲမှာ၊ နေပြည်တော်မဏိရတနာ ကျောက်စိမ်းခန်းမရဲ့ ၀န်းကျင်နေရာတွေမှာ အရမ်းစည်ကားသွားနိုင်တယ် ’ လို့ပျဉ်မနားမြို့နယ် အိမ်ခြံမြေအကျိုးဆောင် ဦးညီညီက ပြောပါတယ်။

နေပြည်တော်သံတမန်ဇုန်နဲ့ နီးတဲ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရွှေကြာပင်ဒက္ခိဏသီရိမြို့နယ်ရှိ အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက်နဲ့ မြေငှား ဈေးကွက်တွေ အရောင်းအ၀ယ်ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

နေပြည်တော်အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ဟာ ၂၀၁၀၊ ၂၀၁၂ ခုနှစ်တွေက အရောင်းအ၀ယ်ကောင်းခဲ့ပေမဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာတော့ နေပြည်တော်အိမ်ခြံမြေဈေးကွက်က အရောင်းအ၀ယ်လုံးဝရပ်လုနီးပါးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဈေးကောင်းချိန်မှာ သိန်းထာင်ချီပေါက်ခဲ့တဲ့ ပေ ၄၀×ပေ ၆၀ မြေကွက်တွေက အခုအချိန် သိန်း ၅၀၀၊ ၆၀၀ လောက်အထိလျော့ကျသွားပြီးတော့ အရောင်းအ၀ယ်မကောင်းဘူးလို့ သိရပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service