ဟံသာဝတီလေဆိပ်ဆောက်ရန် အစိုးရက ဦးစားပေး

ဟံသာဝတီလေဆိပ်ဆောက်ရန် အစိုးရက ဦးစားပေး - Property News in Myanmar from iMyanmarHouse.com
22 Sep 2017 10:10 am တွင် တင်ခဲ့သည်
7272 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိအကောင်အထည်ဖော်လျက်ရှိသော ပို့ဆောင်ရေးမဟာ
စီမံချက်၏ လေကြောင်းပို့ဆောင်ရေးအပိုင်းတွင် ဟံသာဝတီအပြည်ပြည်ဆိုင်
ရာလေဆိပ် ဆောက်လုပ်ရေးစီမံကိန်းသည် ပင်မဦးစားပေးဖြစ်ပြီး ယခုအစိုးရသက်တမ်းအတွင်း ထိုစီမံကိန်းတစ်ခုတည်းကိုသာ တစိုက်မတ်မတ်ဆောင်ရွက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားလိုက်သည်။

မူဘောင်သဘောတူညီချက်ကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများနှင့် ရေးထိုးပြီးဖြစ်သလို လုပ်ပိုင်ခွင့်ဆိုင်ရာ သဘောတူညီမှုများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်ဆွေးနွေးနေပြီး ယခုနှစ်ကုန်တွင် ပြီးပြတ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်/ဆက်သွယ်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

''စီမံကိန်းဟာ နောက်ငါးနှစ်အတွင်းမှာ ပြီးရမှာဖြစ်တယ်။ ရန်ကုန်ကွင်းရဲ့အနေအထားအရဆိုရင် ဟံသာဝတီကွင်းက နောက်ငါးနှစ်မှာ ပြီးဖို့လိုနေပြီလို့ ဝန်ကြီးဌာနအနေနဲ့ရော လေကြောင်းဦးစီးအနေနဲ့ရော ဒီလိုပဲတွက်ချက်သုံးသပ်ဆုံးဖြတ်ထားတယ်။ နောက်ပြီးတော့ ဂျပန်က တရားဝင်ဖွံ့ဖြိုးရေးချေးငွေကိုလည်း အစိုးရက ချေးတဲ့အလုပ်ကို လုပ်ပေးရမယ်။ ဆပ်တာတော့ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက ဆပ်မယ်။ ဒါကြောင့် ကျန်တဲ့ဆွေးနွေးမှုအပိုင်းတွေ အများကြီးကျန်သေးတယ်''ဟု ၎င်းက ပြောသည်။

လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ခရီးသည် ၂ ဒသမ ၇ သန်းကိုသာ လက်ခံနိုင်ကာ ၂ဝ၁၃ ခုနှစ်အတွင်းက ခရီးသည်သုံးသန်းကျော်အထိ ဝင်ရောက်ခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုးချဲ့ရန် မြေနေရာ ကန့်သတ်ချက်များရှိပြီး တိုးတက်များပြားလာသော လေကြောင်းခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်း/တက်ရန် မလုံလောက်တော့သည့်အတွက် ရန်ကုန်အနီးတစ်ဝိုက်တွင် လေဆိပ်သစ်ဆောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ကျေးရွာအနီးရှိ ၉,၆၉ဝ ဧကကျယ်ဝန်းသော ဂျပန်ခေတ်က လေယာဉ်ကွင်းဟောင်းကို ရွေးချယ်ထားပြီး တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းကို ကိုင်တွယ်ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းထားသည်။

အခြားတစ်ဖက်တွင်မူ ရန်ကုန်မြို့နှင့် လေယာဉ်ကွင်းသစ်ကြား ခရီးလမ်းအကွာအဝေးကများနေသဖြင့် အခက်အခဲကလည်း ရှိနေသည်။

''ဟံသာဝတီလေဆိပ်ကို ရန်ကုန်လေဆိပ်နဲ့ ကားလမ်းသို့မဟုတ် ရထားလမ်းနဲ့ချိတ်ဆက်ဖို့ရာ ပုဂ္ဂလိကရင်းနှီးထည့်ဝင်မှုတွေ လိုအပ်တယ်။ ရန်ကုန်လေဆိပ်နဲ့ချိတ်ဆက်ဖို့ လမ်းတွေမရှိရင် အဲဒီလေဆိပ်သစ်ဟာ အသုံးဝင်မှာမဟုတ်ဘူး''ဟု ဦးဝင်းခန့်က ပြောသည်။

ပြည်တွင်းလေယာဉ်ကွင်းများအနက် အလားအလာရှိသော လေယာဉ်ကွင်း သုံးကွင်းဖြစ်သည့် မော်လမြိုင်၊ ကော့သောင်းနှင့် ဟဲဟိုးကွင်းများကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP model) ဖြင့် လုပ်ဆောင်ရန်ရည်ရွယ်ထားသော်လည်း လက်ရှိတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချမှတ်ထားသောစည်းမျဉ်းဥပဒေများက အတည်တကျမရှိသေးသဖြင့် စိန်ခေါ်မှုများရှိနေကြောင်း ဦးဝင်းခန့်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service