ထွက်ရှိလာမယ့် ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသားတွေကို ကွန်ဒိုတစ်ခုလုံးရဲ့
စုစုပေါင်းအခန်း ၄၀ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ပြုပေးမှာဖြစ်ပြီး တစ်ဦး တစ်ယောက်တည်းက ဝယ်ယူလိုရင် အများဆုံး ၂၅ ရာခိုင်နှုန်းအထိ ဝယ်ယူ ခွင့်ရမှာဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးစက်နေရာ အဲသည်အ တွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ နိုင်ငံခြားသားတွေကို အခန်းဝယ်ခွင့်ပေး မယ့် ကွန်ဒိုဥပဒေကို စောင့်မျှော်နေကြပါတယ်။ဒါပေမယ့် ဥပဒေရဲ့ နောက် ဆွဲဖြစ်တဲ့ နည်းဥပဒေမထွက်သေးတာကြောင့် အသေးစိတ်လုပ်ထုံးလုပ် နည်းတွေ အသက်မဝင်သေးလို့ နည်းဥပဒေကို ဆက်စောင့်နေကြပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနက ဒုတိယညွှန်ကြားေ ရးမှူး ဦးနွေမှူးက "နည်းဥပဒေက မကြာခင်ထွက်ရှိတော့မှာလို့ တာဝန်ရှိသူေ တွက ဆိုထားပြီး နည်းဥပဒေမှာ ပါဝင်မယ့် ပြဌာန်းချက်တွေမှာ ကွန်ဒိုဥပဒေ မှာ အခန်းဝယ်ယူသူတိုင်း မြေယာကိုလဲ ခွဲဝေပိုင်ဆိုင်ခွင့်ရှိမယ်လို့ ပြဌာန်း ထားရာ နိုင်ငံခြားသားတွေကလည်း မြေယာပိုင်ဆိုင်ခွင့် ရရှိမယ့် သဘြော ဖစ်နေတယ်" လို့ ပြောပါတယ်။
၃၀ ရာခိုင်နှုန်းပြီးမှသာ ကြိုပွိုင့်ရောင်း
နည်းဥပဒေနဲ့ ထပ်မံကန့်သတ်ထားတဲ့အနေနဲ့ နိုင်ငံခြားသားဆိုရင်အဆောက် အအုံရဲ့ သက်တမ်းကာလအတွက်သာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုတဲ့အချက်ကို
ထပ်မံဖြည့်သွင်းဖို့ရှေ့နေချုပ်ရုံးက အတည်ပြုနေတာကြောင့် ညှိနေရသေးေ ကြာင်း ဦးနွေမှူးက ဆိုပါတယ်။
ကွန်ဒိုတည်ဆောက်သူဟာ အုတ်မြစ်ချလုပ်ငန်း ၃၀ ရာခိုင်နှုန်းပြီးစီးမှ မှတ်ပုံ တင်အရာရှိထံ လာရောက်အသိပေးရမှာဖြစ်ပြီး အဲသည်လိုအသိပေးပြီးမှသာ
အခန်းတွေကို ကြိုပွိုင့်စနစ်နဲ့ စတင်ရောင်းချနိုင်မှာဖြစ်ပါတယ်။
ကြိုတင်ရောင်းချရငွေကိုလည်း ဘဏ်မှာအပ်နှံပြီး အဆောက်အအုံ တည်ေ ဆာက်မှုအတွက်သာ သုံးစွဲရမှာဖြစ်ပြီး ပြင်ပမှာ သုံးစွဲခွင့်မရှိကြောင်း သိရပါ တယ်။
"တချို့တွေက အခန်းတစ်ခန်းတည်းကို သုံးယောက်လောက် ရောင်းတာမျိုး ရှိတယ်။ ဒါကြောင့် ဝယ်ယူသူတွေဘက်က အလိမ်အညာခံရတာမျိုး မဖြစ်ေ အာင် ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။"လို့ ဦးနွေမှူးက ပြောပါတယ်။
ကွန်ဒိုနည်းဥပဒေထွက်ရှိပါက ပိုင်ဆိုင်မှုတွေ သေချာခိုင်မာလာမှာ ဖြစ်ပြီး ရရှိမယ့် အကျိုးခံစားခွင့်တွေကိုလည်း ဝယ်ယူသူတွေဘက်က သေချာ ပိုင်းခြား သိမြင်လာမှာဖြစ်သလို အေးစက်နေတဲ့ အိမ်ရာအရောင်းဈေးကွက် လည်း သွက်လက်လာမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် နည်းဥပဒေမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ဈေးက စားခြင်းမပြုလုပ်စေဖို့ အဆောက်အအုံရဲ့ ၇၅ ရာခိုင်နှုန်းကို မဖြစ်မနေ
ရောင်းရမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရပါ တယ်။
အာရှမြေ ဆောက်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန်အောင်က
ကွန်ဒိုနည်းဥပဒေမှာ ကွန်ဒိုတိုက်ခန်းတွေအတွက်သာမက အခြားအထပ်မြင့် အဆောက်အအုံတွေအတွက်ပါ ထည့်သွင်းရေးဆွဲစေလိုကြောင်း၊ ဘိုးဘွား စဉ်ဆက်အမွေဆက်ခံခွင့်ရရှိစေရန်၊ မြေပိုင်ခွင့်ရရှိစေရန်၊ ခိုင်မာမှုနဲ့ ပိုင်ဆိုင် မှုအတွက်အာမခံချက် အခိုင်အမာရှိစေရန် ဘဏ်နဲ့ချိတ်ဆက်ပြီး အရစ်ကျ ဝယ်ယူခွင့် ရရှိစေရန် အချက်တွေပါ ပါဝင်လာစေဖို့ မျှော်လင့်ထားကြောင်း
ပြောပါတယ်။
ကွန်ဒိုဥပဒေမှာ ပါရှိမယ့် နိုင်ငံခြားသား ဝယ်ယူခွင့်ပေးမယ့် အချက်ဟာ
အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့လာစေနိုင်မယ်လို့ မျှော်လင့်ထားေ ကြာင်း မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတတ်ရေးအသင်းက သိရပါ တယ်။
နိုင်ငံခြားသားတွေအတွက် ငှားရမ်းနေထိုင်ခြင်းဟာ ဈေးနှုန်းအတက်အ ကျမြန်လွန်းတဲ့အတွက် အဆင်မပြေမှုတွေရှိပြီး အခန်းဝယ်ယူခွင့်ပြုလိုက်ပါက ကွန်ဒိုဈေးကွက်ကို အထောက်အကူပြုနိုင်ကြောင်း ကွန်ဒိုဥပဒေမှာပါဝင်တဲ့ အရည်အသွေးကန့်သတ်ချက်တွေကြောင့် အဆောက်အအုံတွေကို ပိုပြီးေ ကာင်းမွန်လာမယ်လို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
ဥပဒေကို လေ့လာတဲ့အခါ တော်တော်ပြီးပြည့်စုံပြီး လက်ခံလို့ရတဲ့ အချက်ေ တွပဲ ဖြစ်နေပြီး နည်းဥပဒေကိုတော့ မြန်မြန်ထွက်လာဖို့ မျှော်လင့်ပါတယ်လို့ သူက ပြောပါတယ်။
ကွန်ဒိုတစ်လုံးမှာ အနည်းဆုံး မြေဧရိယာ စတုရန်းပေ ၂၀,၀၀၀ နဲ့အထက် ရှိမှာဖြစ်သလို ခြောက်လွှာနဲ့ အထက်ရှိရမှာဖြစ်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်း ထားတယ်လို့ သိရပါတယ်။
Credit: The Kumudra