Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည်

Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
20 Sep 2017 11:33 am တွင် တင်ခဲ့သည်
5998 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ
လူပုလေး ဇနီးမောင်နှံ၏ နေအိမ်ရောင်းချရန်အရောင်းဈေးကွက်ဝင်လာကြောင်း ဗြိတိန်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ အချက်အလက်များအရ အမေရိကန်အိမ်ထောင်စုပေါင်း ၉၅ သန်းခန့်မှာ TLC (TV network) ရုပ်သံလိုင်းကို ဖမ်းယူကြည့်ရှုကြသည်ဟု ဆိုသည်။

ယင်းပမာဏမှာ အမေရိကတွင် ရုပ်သံလိုင်းကြည့်ရှုကြသည့် အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည်။
TLC ကို စတင်ထုတ်လွှင့်စဉ်က ပညာရေးဆိုင်ရာကို ဦးတည်ခဲ့ပြီးနောက်ပိုင်းတွင် နေ့စဉ်လူနေမှုဘဝ၊ မိသားစုဘဝနှင့် လူပုဂ္ဂိုလ်တစ်ဦးစီတို့၏ မှတ်သားဖွယ်ဘဝဇာတ်လမ်းအဖြစ်အပျက်များ
ကို ထုတ်လွှင့်တင်ပြလာခဲ့သည်။

လူပုလေးမောင်နှံတွင် ခင်ပွန်းဖြစ်သူ ဘီလ်ကလိန်း အာနိုးမှာ
အရပ် ၃ ပေ ၂ လက်မအမြင့်ရှိပြီး ဇနီး ဂျနီဖာ အာနိုးကလိန်းမှာ ၄ ပေအမြင့်ရှိသည်။

ဇနီးဖြစ်သူ ဂျနီဖာသည် ပစ္စဘာ့ဂ်ျဆေးတက္ကသိုလ်မှ ကျောင်းပြီးခဲ့ပြီးနောက် နယူးယောက်မှ ဟပ်စတန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
ယခုအခါ ဟပ်စတန်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

ဟပ်စတန်တွင် ပြီးခဲ့သော သြဂုတ်လကုန်ပိုင်းက ဟာဗေးဟာရီကိန်းမုန်တိုင်း ဒဏ်ခံခဲ့ရပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကာ လူပေါင်း ၃၀၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

အင်စတာဂရမ်တွင် မကြာသေးမီက လွှင့်တင်ကြသော ဓာတ်ပုံများအရ ယခုနေအိမ်တည်ရှိရာ လမ်းတွင် ရေများလွှမ်းမိုးနေသည်ကို တွေ့ရသည်။
သို့ရာတွင် နေအိမ်တည်ရှိရာမှာ ကုန်းမြင့်ဖြစ်ခြင်းကြောင့် ရေဝင်ပျက်စီးခြင်းမျိုး မကြုံခဲ့ရချေ။

ဂျနီဖာတို့ ဇနီးမောင်နှံသည် သဘာဝဘေးအန္တရာယ်ဘေးမှ ပြေးမလွတ်နိုင်သူများ ဖြစ်နေကြသည်။
ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့အခြေချခဲ့သည့်တိုင် ပြီးခဲ့သော သီတင်းပတ်အတွင်း ဟာရီကိန်းမုန်တိုင်းအာမာဝင်ရောက် တိုက်ခတ်မှုကြောင့် စိန့်ပီတာစဘတ်မြို့မှ ပြောင်းရွှေ့ကြရပြန်သည်။

ဖလော်ရီဒါသို့ ပြောင်းရွှေ့ခဲ့ကြခြင်းမှာ ဇနီးဖြစ်သူ ဂျနီဖာသည် စိန့်ပီတာစဘတ်ရှိ ဂျွန်ဟော့ပ်ကင်းကလေးဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဖြစ်သည်။

ယင်းမတိုင်မီက ဂျနီဖာသည် တက္ကဆပ်ကလေးဆေးရုံတွင် ကလေးအထူးကုလက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုဈေးကွက်တင်သည့်နေအိမ်သည် ဆေးခန်းကြီးတစ်ခုအနီးတည်ရှိကာ နာမည်ကျော်စာသင်ကျောင်းများရှိရာ ဒေသဖြစ်သည်။

အပြာနုရောင် အဓိကဦးစားပေး ဆေးသုတ်ထားပြီး၊ ကြမ်းပြင်ကို သစ်ဖြင့်ခင်းထားကာ master bedroom မှာ မြေညီထပ်တွင် တည်ရှိသည်။
နေအိမ်အတွင်း မီဒီယာခန်း၊ စာဖတ်ခန်း၊ ဝိုင်သိုလှောင်ခန်းတို့ ပါဝင်ပြီး ဒုတိယထပ်သို့ ကြီးမားခမ်းနားသည့် လှေကားကြီးမှ တက်နိုင်သကဲ့သို့ ဓာတ်လှေကားဖြင့်လည်း တက်နိုင်သည်။

နေအိမ်နောက်ဘက်တွင် ရေကူးကန်၊ ရေကူးကန်၏ ယာဘက်တွင် အားကစားလေ့ကျင့်ရေးခန်းမ၊ ဟင်းလင်းပြင်မီးဖိုဆောင်၊ ဧည့်သည်များအတွက် သီးခြားဧည့်ဂေဟာဆောင်တို့ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Discovery Channel ၏ လိုင်းခွဲ TLC (TV network) တွင် ထုတ်လွှင့်ခဲ့သည့် 'Little Couple' ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ လူပုလေး ဇနီးမောင်နှံ၏ နေအိမ် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service