ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု လေးစုရှိ ဒေသခံတောင် သူများထံမှ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားသည့် မြေ ၂၆၆၅ ဧကကို မူလပိုင်ရှင်များထံ ပြန်လည် စွန့်လွှတ်မည်ဖြစ်ကြောင်း မြိုင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။
သိမ်းဆည်းလယ်ယာမြေများ မူလပိုင်ရှင်တောင်သူများထံ လယ်ယြာေ မများ ပြန်လည်ပေးအပ်ပွဲအား ယနေ့ (စက်တင်ဘာ ၁၂ ရက်) တွင် မြိုင်မြို့ နံသာမြိုင်ခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး ဒုတိယသမ္မတဦးဟင်နရီ ဗန်ထီယူး ကိုယ် တိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
မြိုင်မြို့နယ်အတွင်း မကျီးကန်၊ သံဖိုကြီး၊ ဂျုတ်ကုန်းနှင့် သတွတ်ကျေးရွာ အုပ်စုများရှိ ဒေသခံတောင်သူ ၃၀၀ ကျော်ထံမှ မြေ ၃၁၅၀ ဧကအား ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဖက်ဆိုင်ရာ လုပ်ငန်းများအတွက် သိမ်းယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ယခု ပညာရေးဝန်ကြီး ဌာန) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
“လယ်ယာမြေတွေ ပြန်ပေးမှာဖြစ်ပါတယ်။ အသုံးမလိုတော့တဲ့မြေတွေ ကို ပြန်ပေးမှာပါ။ သုတေသန အဆောက်အအုံ ဆောက်မယ်ဆိုတဲ့ မြေဧက ၄၀၀ ကျော်တော့ ပြန်စွန့်လွတ်မှာမဟုတ်ဘဲ ကျန်တဲ့မြေဧက နှစ်ထောင်ကျော် ကို ပြန်ပေးမှာ ဖြစ်ပါတယ်။ ပြန်မပေးတဲ့မြေတွေနဲ့ ပတ်သက်လို့လည်းေ လျာ်ကြေး ရရှိမှု အခြေအနေတွေ လေ့လာပြီး မူလပိုင်ရှင်တွေ မနစ်နာဖို့ ဆက်လုပ်သွားပါမယ်” ဟု မြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည့် မြေ ၃၁၅၀ ဧကထဲမှ အမှန်တကယ် အသုံးပြုမည့် မြေ ၄၈၅ ဧကမှလွဲ၍ ကျန်မြေ ၂၆၆၅ ဧကအား မူလပိုင်ရှင်ဒေသခံများထံ ပြန်လည် အပ်နှံပေးခြင်းဖြစ်ကြောင်း သိရသည်။
Credit:Eleven Media Group