အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
12 Sep 2017 12:05 pm တွင် တင်ခဲ့သည်
2747 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ် အနောက်တောင်ဘက်စွန်းရှိ ဖဲရ်ဖီးဒ်ခရိုင်၊ ဒါရီယန်မြို့တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်း တိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တောရိုင်းသဘာဝအလှများရှိရာအဖြစ် နာမည်ကျော်သည့်ကျွန်းဖြစ်ပြီး ဝန်းကျင်ပင်လယ်နှင့် တောအုပ်မြင်ကွင်းများကို ၃၆၀ ဒီဂရီ ရှုမြင်နိုင်သည်။
နေအိမ်အဆောက်အအုံတစ်လုံးပါဝင်ပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်ကာ ကျွန်းအကျယ်အဝန်းမှာ ၇ ဒသမ ၁ ဧကခန့် ရှိသည်။

“ဒါရီယန်မှာ ကမ်းစပ်နဲ့ ဆက်စပ်နေပြီး ၇ ဧကကျော်ကျယ်ဝန်းတဲ့ တခြားဒီလိုနေရာမရှိပါဘူး” ဟု အရောင်းဈေးကွက်တင်သည့် Sotheby’s International Realty မှ အကျိုးဆောင် ကင်မ် ဟပ်ဖာ့ဒ်က ပြောကြားသည်။
နေအိမ်အဆောက်အအုံကို ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အခန်း ၁၁ ခန်း ပါဝင်သည်။

တောင်ဘက်တွင် လောင်းအိုင်းလန်း၏ ရှုမျှော်ခင်းများကို တွေ့မြင်ရမည်ဖြစ်ပြီး မြောက်ဘက်တွင်မူ Goodwives မြစ်နှင့် Rings End တံတားတို့၏ အလှကို တွေ့မြင်နေရသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ချေ။
နံရံများကို ဆေးအဖြူရောင်သုတ်ထားပြီး မျက်နှာကျက်မှာ ၁၂ ပေခန့် မြင့်မားသည့်အပြင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသည့် ပြင်သစ်တံခါးများ တပ်ဆင်ထားခြင်းကြောင့် ပြာလဲ့လဲ့ ပင်လယ်ရေပြင်၏ အလှကို နေအိမ်တွင်းမှ ခံစားကြည့်ရှုနိုင်သည်။

ယင်းသို့သော တံခါးပေါင်း ၁၀ ခုခန့်ပါဝင်ရာ နေအိမ်သို့လာရောက်လည်ပတ်မည့် ဧည့်သည်များသည် နေအိမ်တွင်းမှ ဝိုင်သောက်ရင်း ကမ်းစပ်မှ လှေများကို လှမ်းမျှော်ကြည့်ရှုနိုင်သည်။
အေးစက်သော ဆောင်းလများတွင် အအေးဒဏ်ကို အံတုနိုင်ရန်အတွက် ထုံးကျောက်ဖြင့် ပြုလုပ်ထားသော မီးလင်းဖို ၂ ခုပါဝင်ပြီး စာဖတ်ခန်းနှင့် ရုံးခန်းတစ်ခန်းလည်း တွေ့ရသည်။

အိပ်ခန်း ၅ ခန်းလုံးတွင် သီးခြားရေချိုးခန်းများ ပါဝင်ပြီး ရေစိမ်ကန်တစ်ခုစီလည်း ထည့်သွင်းပေးထားသည်။
ကျွန်းပေါ်တွင် မြက်ခင်းများ၊ သစ်သီးဝလံမျိုးပေါင်းများစွာ ပါဝင်ရာ ချယ်ရီ၊ စပျစ်၊ ပန်းသီးနှင့် ဇီးချိုသီးပင်များလည်း အပါအဝင်ဖြစ်ကာ ကျယ်ပြောသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းတစ်ခုလည်း တွေ့ရသည်။

မူလက အဆိုပါကျွန်းကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စားကျက်မြေ အကျယ်အဝန်း ၃ ဒသမ ၅ ဧကပါဝင်သည်။

နောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် စားကျက်မြေကို Darien Land Trust သို့ ရောင်းချလိုက်သည်။

ကျွန်းပေါ်နှင့် စားကျက်မြေသည် ရွှေ့ပြောင်းကျေးငှက်များနှင့် တောရိုင်းတိရ စ္ဆာန်တို့ ကျက်စားစုဝေးရာဖြစ်လာခဲ့ပြီး ဗျိုင်း၊ ငဟစ်၊ သိမ်း၊ မြေခွေး၊ မြွေပါနှင့် အခြား တိရစ္ဆာန်မျိုးစိတ်များစွာ တွေ့ရကြောင်း ဈေးကွက်တင်သည့်
ကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြထားသည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၆ ဒသမ ၂၅ သန်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် ကွန်နက်တီကပ်ပြည်နယ်တွင် မြေခွေး၊ မြွေပါနှင့် အခြားတောရိုင်းတိရစ္ဆာန်များစွာရှိသော ကျွန်းကြီးတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service