သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး၊ လျော်ကြေးပေးနိုင်ရေး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်မည်

သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး၊ လျော်ကြေးပေးနိုင်ရေး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
11 Sep 2017 11:10 am တွင် တင်ခဲ့သည်
6182 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေ များအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေး၊ လျော်ကြေးပေးနိုင်ရေး အမြန်ဆုံးဖြေရှင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ် စားလှယ်များက ဆိုသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များ စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေအမှုပေါင်း ၁၁၀၀၀ ၀န်းကျင်ခန့်ရှိရာ စစ်ဆေးပြီးစီးမှုမှာ အမှု ၄၀၀ ခန့်သာ ရှိသေးသဖြင့် အဆိုပါအမှုတွဲများကို မြန်မြန်ဆန်ဆန်ဖြင့် ယခု အစိုးရလက်ထက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သိမ်းဆည်းခံ မူလပိုင်ရှင်များ မြေပြန်လည် ရရှိရေးကို အရေးကြီးဆုံး အလုပ်အဖြစ် သတ်မှတ်ကာ ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြေ ကြာင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင် ၀င်းက ပြောကြားသည်။

“ဒီဟာတွေကို အမြန်ဆုံးနည်းလမ်းကို ရှာပြီးတော့ လုပ်မယ်ပေါ့။ လုပ်မယ် ဆိုတော့ ရပ်ကွက်ရယ်၊ မြို့နယ်ရယ်၊ ခရိုင်ရယ် တိုင်းရယ်ဆိုပြီး မသွားေ တာ့ဘူး။ တစ်ပြိုင်တည်း တစ်ခါတည်း ပေါင်းစစ်မယ်။ ဥပမာ ဒီနေ့မှာတော့ ကျွန်တော့်မြို့နယ်မှာ အမှု ၅၀ ကို စစ်မယ်ဆိုရင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းတို့က လယ်စစ် ကော်မတီတွေကိုခေါ်၊ ပြီးတော့ လွှတ်တော်ကိုယ်စား လှယ်ပါ ခေါ်ပြီး တစ်ထိုင်တည်း ကြားနာမယ်ပေါ့။ တစ်ထိုင်တည်း ကြားနာပြီးတော့ ဗဟိုလယ်၊စစ်ကို တင်ပြီးတော့ အဲဒီမြေကို ပြန်ပေးမယ်ပေါ့။ အဲဒီလိုပါ။ တစ်ခြား တိုင်းဒေသကြီးတွေမှာတော့ ဒီလိုတော့ မလုပ်ပါဘူး။ ဒါကတော့ ၀န်ကြီးချုပ် အစီအမံပေါ့” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြား သည်။

ထိုကဲ့သို့ တစ်ထိုင်တည်း စစ်ဆေးမည် ဖြစ်သောကြောင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးရန်၊ လူသက်သေ၊ ပစ္စည်းသက်သေများ ခေါ်ယူစစ်ဆေးရန် အတွက် အခက်အခဲရှိသောကြောင့် မှားယွင်းဆုံးဖြတ်နိုင်ခြေ ရှိသော်လည်း လက်ရှိအစိုးရလက်ထက်တွင် သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်၍ မူလပိုင်ရှင်များအား ပြန်လည်ပေးအပ်ရန်နှင့် မြေပြန်လည်မပေးနိုင်ပါက လျော်ကြေးပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးအောင်လှိုင် ၀င်းက ပြော ကြားသည်။

“လယ်ဆိုတာက ထွက်ပြေးသွားလို့ရတဲ့ ပစ္စည်းမဟုတ်တဲ့အတွက် မှားယွင်း ခဲ့ရင်တော့ မှားယွင်းတဲ့ဟာတွေကို ပြန်စိစစ်ပြီးတော့ ပြန်ပယ်ဖျက်လို့ရတယ်။ ဥပဒေမှာလည်း လုပ်ခွင့်ပေးထားတယ်။ အဲဒါကြောင့်မို့ အဓိက,ကတော့ ပေး လိုက်နိုင်ဖို့ပါပဲ။ အမှားမရှိနိုင်ဘူးလို့တော့ မဆိုလိုဘူး။ အမှားရှိမယ်။ သို့သော် အဲဒီအမှားကို ပြန်ပြင်မယ်။ လောလောဆယ် မူလပိုင်ရှင်တွေကို အမြန်ဆုံး ချပေးဖို့ပါပဲ။ ဒီသဘောမျိုးလုပ်မှာပါ” ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။

အလားတူ လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်း မင်းက “ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ကတော့ သိမ်းဆည်းခံ လယ်ယာမြေ လျော်ကြေး၊ နစ်နာကြေးကို လယ်သမားတွေကို ရစေချင်တဲ့အခါကျတော့ ကျွန်တော်တို့အစိုးရ လက်ထက်မှာ အမှုအခင်း ရှင်းနိုင်အောင် ဦးစားပေးပြီးတော့ပေါ့၊ မြန်မြန်ပြီးမယ့်ကိစ္စတွေကို စိစစ်ပြီးေ တာ့ ဖြေရှင်း ဆောင်ရွက်ပေးဖို့ပါ။ အချိန်အတိုင်း အတာတော့ မသတ်မှတ် ထားပါဘူး။ အရင်တုန်းက ဥပဒေနဲ့မညီ သိမ်းခဲ့တာတွေရှိမယ်။ ဒါတွေထဲက လွယ်တဲ့ကိစ္စတွေကို ကျွန်တော်တို့က အရင်ဆုံး ဖြေရှင်းရမှာပေါ့” ဟု ပြော ကြားသည်။

သိမ်းဆည်းခံလယ်ယာမြေနှင့် အခြား မြေများနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ဇွန် ၁၂ ရက်က ပြည်သူ့လွှတ်တော် တွင် စီမံကိန်း လုပ်ဆောင်မှု မရှိသေးသည့် သိမ်းဆည်းထားသော မြေနေ ရာများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ မရှိ ကိုယ် တိုင်မေးခွန်းထုတ် မေးမြန်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လည်း လယ်ယာမြေများ သိမ်းဆည်းခံရခြင်းမှ ပြန်လည်စိစစ်ရေး ဗဟိုေ က်ာမတီတွင် မပါဝင်ပါက ပါဝင်နိုင်ရန် ဆောင်ရွက်ရန်နှင့် မူလပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်၊ တရားမျှမျှဖြစ်စေရန် အဂတိ၊ ဘက်မလိုက်ဘဲ သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service