တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်တွင် ယွမ် ၉၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) အကုန်အကျခံဆောက်လုပ်ခဲ့သည့်တံတား ဖွင့်လှစ်ပြီး ၂ နာရီအတွင်း ပြိုကျ

တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်တွင် ယွမ် ၉၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) အကုန်အကျခံဆောက်လုပ်ခဲ့သည့်တံတား ဖွင့်လှစ်ပြီး ၂ နာရီအတွင်း ပြိုကျ - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 11:42 am တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ်တွင် ယွမ် ၉၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) အကုန်အကျခံ ဆောက်လုပ်ခဲ့သည့်
တံတားဖွင့်လှစ်ပြီး ၂ နာရီအတွင်း တံတား၏တစ်နေရာ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဟောင်ကောင်အခြေစိုက်
သတင်းဝက်ဘ်ဆိုက် တစ်ခု တွင် ဖော်ပြသည်။

တံတားမှာ ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်ပြီး မီတာ ၂၀ (၆၅ ဒသမ ၆ ပေ) ရှည်လျားပြီး အမြင့်မှာ ၆ မီတာ
(၁၉ ဒသမ ၆ ပေ) ခန့်ရှိသည်။

ရှန်ဇီပြည်နယ်၊ ဒန်ဖန်ခရိုင်ရှိ ကျေးရွာတစ်ရွာကို အဝေးပြေးလမ်းမကြီး
တစ်ခုနှင့် ဆက်သွယ်ပေးရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါတံတားကို ၂ လခန့် အချိန်ယူဆောက်လုပ်ခဲ့ရပြီး တံတားဖွင့်လှစ်ပြီးနောက် ၂ နာရီခန့်မျှအတွင်း ပြိုကျမှုဖြစ်ပွားခဲ့ခြင်း
လည်း ဖြစ်သည်။

တံတားဆောက်လုပ်သူတို့သည် အရည်အသွေးနိမ့်သည့် ကျောက်တုံးများကိုသုံးကာ ဘိလပ်မြေအလွန်နည်းပါးစွာသုံးခဲ့သည်
ဟု ရွာသားများက သံသယရှိနေကြသည်။

တံတားဆောက်လုပ်ရေးအဖွဲ့မှ အကြီးအကဲကပြောကြားရာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားပြိုကျရခြင်းဖြစ်ပြီး ပြန်လည်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တံတားဆောက်လုပ်ရာတွင် ယွမ်ငွေ ၉၀၀၀၀
(မြန်မာငွေ သိန်း ၁၇၀ ကျော်) ကုန်ကျခဲ့ပြီး ယွမ် ၅၀၀၀၀ မှာ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးခြင်းဖြစ်ပြီး ကျန်ငွေများကိုမူ
ရွာသားများ၏ စုပေါင်းထည့်ဝင်ပေးကြခြင်း ဖြစ်သည်။

တံတားဆောက်လုပ်ရန် အတည်ပြုခဲ့သော ခရိုင်ပရဟိတအသင်းနှင့် ယွမ် ၅၀၀၀၀ ကျခံပေးခဲ့သည့် ဒေသတွင်းဘဏ္ဍာရေးဌာနတို့သည် တံတားဆောက်လုပ်မှုကို အလေးထားကွပ်ကဲရန် ပျက်ကွက်ခဲ့ကြောင်းလည်း China Business Review က သုံးသပ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service