အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး

အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2017 12:03 pm တွင် တင်ခဲ့သည်
1801 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အလျှင်အမြန်ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကြီးထဲမှာ အချိန်ဆိုတာ အောင်မြင်မှုရဲ့ သော့ချက်ပဲ

“အချိန်ဟာ ငွေပဲ” တဲ့။ ဒီစကားလုံးလေးကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားနေရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း တစ်ခါတစ်ရံမှာတော့ ပြောမိချင်ပြောမိနိုင်ပါတယ်။
ဘာကြောင့် အဲဒီလို သုံးနှုန်းပြောဆို နေကြလဲဆိုတာ
ထွေထွေထူးထူးတော့ စဉ်းစားနေစရာမလိုပါဘူး။ ဘာလို့လဲဆိုရင် ဒီစကားလုံးလေးကလည်း ရိုးရိုးလေးနဲ့ မှန်သင့်သလောက် မှန်နေတာကိုး။

ဒီနေ့လို ခေတ်ကြီးမှာဆိုရင် အချိန်နာရီတွေက အောင်မြင်မှုရဲ့ သော့ချက်တွေလို့တောင် အတိအကျပြောလို့ ရနေပြီ မဟုတ်လား။ ဒါကြောင့် ပထမတန်းစား လူတွေအများကြီးထဲမှာ ရင်ပေါင်တန်းရပ်တည်နိုင်ဖို့ဆိုရင် ပထမဦးဆုံး နည်းလမ်းတစ်ခုလောက် ချမှတ်ပြီး အချိန်ကိုစီမံခန့်ခွဲနိုင်အောင် သင်ယူဖို့လိုတယ်။ အဲဒီ ချမှတ်လိုက်တဲ့ နည်းလမ်းဟာလည်း ကိုယ်ကျွမ်းကျင်ရာနယ်ပယ်နဲ့ ကိုယ့်ဘဝကို ကိုက်ညီမှုရှိအောင် ချိန်ညှိပေးထားတဲ့ နည်းလမ်းမျိုး ဖြစ်ဖို့တော့ လိုပါတယ်။

သင့်အနေနဲ့ အထက်တန်းကျောင်းသား ဖြစ်ချင်လည်းဖြစ်နေမယ်။ ဒါမှမဟုတ် တက္ကသိုလ်လိုနေရာမျိုးမှာ အထက်တန်း အရာရှိတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲ နေနေပါစေ ချမှတ်လိုက်တဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အဆုံးသတ်ကိုတွေ့ဖို့ကတော့ အချိန်ကို စီမံကွပ်ကဲဖို့ လိုနေကြရဦးမှာပါပဲ။

ဘယ်သူမဆို နောက်ဆုံးဆိုတဲ့အရာတွေကို နောက်မှသာ သိချင်မြင်ချင်ကြတာချည်းပါပဲ။ ဒါကြောင့် ဒီဆောင်းပါဟာ နောက်ဆုံးအဆုံးသတ်ကိုတွေ့တဲ့အခါ ရင်ဆိုင်ဖို့ခက်ခဲနေကြသူတွေ အားလုံးအတွက်ပဲ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အကြံပြုချက်လေးတွေက အချိန်ကို စီမံကွပ်ကဲတဲ့နေရာမှာ ကျွန်တော်တို့တွေအတွက်တော့ အထောက်အကူ အများကြီးဖြစ်စေပါလိမ့်မယ်။

၁။ daily plan (နေ့စဉ်စီမံကိန်း) ရေးဆွဲပါ

ဘာပဲလုပ်လုပ် မစခင် တစ်ရက်လောက်ကြိုပြီး နေ့စဉ်စီမံကိန်းပုံစံအကြမ်း (rough plan) တစ်ခုတော့ ချမှတ်ပါ။ ဒါဟာလည်း ပြောရရင် ဘယ်လိုလျှေက်ရမယ်၊ ဘယ်လို လိုက်ရမယ်ဆိုတဲ့ အခြေခံလမ်းညွှန်ချက် တစ်ပါပဲ။ ဒါပေမဲ့ တစ်ခါတလေတော့လည်း အဲဒီကနေ သွေဖယ်ပြီး လုပ်ဆောင်ရတာမျိုးလည်း ရှိကောင်းရှိလာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က တစ်နေ့နဲ့တစ်နေ့ productivity တွေ ပိုတိုးလာအောင် အကူအညီပေးဖို့ပဲ ဖြစ်ပါတယ်။
အဲဒီလိုရေးဆွဲတဲ့အခါမှာ အကောင်းဆုံးကတော့ မနက်အစော အိပ်ရာကထထချင်းပဲဖြစ်ပါတယ်။ plan ဆွဲတော့မယ့်နေ့မှာ မနက်အိပ်ရာထတဲ့အခါ အချိန်နည်းနည်းလောက် ပေးပြီး အဓိကကျတဲ့ လုပ်ငန်းတာဝန်တွေကို ကိုယ်တိုင် ပြန်လည် သုံးသပ်ရင်း စဉ်းစားဆင်ခြင်ကြည့်ရမယ်။ ပထမပိုင်းတော့ လုပ်ရတာ ခက်ချင်ခက်နေပါလိမ့်မယ်။ နောက်ပိုင်း အလေ့အကျင့်ရလာတော့ အကြောင်းတစ်ခုခုကြောင့် မလုပ်လိုက်ရရင်တောင် တစ်ခုခုလိုနေသလို ခံစားလာရပါလိမ့်မယ်။

၂။ ငြင်းပယ်တတ်အောင်လည်း သင်ယူပါ

အချိန်အများစုဟာ ပေးလိုက်တဲ့ ဘယ်လိုအလုပ်တာဝန်မျိုးကိုမဆို ငြင်းပယ်နေတတ်သူတွေအတွက် မဖြစ်သင့်ဘူးလို့ ဆိုကြပေမဲ့ ပေးအပ်လာတဲ့ အလုပ်တိုင်းကိုလည်း လက်ခံနေဖို့မလိုအပ်ပါဘူး။ ကိုယ့်မှာတာဝန်တွေ ပိနေတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ တခြားအခြေအနေ အကြောင်းတစ်ခုခုရှိနေတဲ့ အခါမျိုးတွေမှာပဲဖြစ်ဖြစ် ငြင်ဆိုပိုင်ခွင့်ရှိပါတယ်။
ဒါပေမဲ့ ဘာကြောင့်ဆိုတဲ့ အကျိုးသင့်အကြောင်းသင့်ကိုတော့ မန်နေဂျာ (သို့) ကိုယ့်ရဲ့အထက်လူ တစ်ယောက်ယောက်ကို ရှင်းပြပြီး ငြင်းဆိုသင့်ပါတယ်။ အဓိကကတော့ သူတို့ပေါ်မှာ တင်စီးတာမျိုး၊ ရိုင်းစိုင်းမိတာမျိုး မဖြစ်ဖို့လိုပါတယ်။

၃။ deadline မရောက်ခင် တင်သွင်းနိုင်ဖို့ ရည်ရွယ်ပါ

အလုပ်တွေကိုလည်း သတ်မှတ်ထားတဲ့ နောက်ဆုံးရက် (deadline ) မတိုင်ခင်မှာ အကောင်းဆုံးလုပ်ပြီး တင်သွင်းနိုင်ဖို့ ရည်မှန်းချက်ထားပါ။
အဲဒီလို ပြီးမြောက်အောင် လုပ်နိုင်ဖို့ရာအတွက်က
ကိုယ်ပိုင် deadline လေးပါ ချမှတ်ထားရင် ပိုကောင်းပါတယ်။ အချိန်မီ တင်သွင်းနိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တောင် တစ်ခါတလေ အချိန်မီ ပြီးချင်မှပြီးပါလိမ့်မယ်။ ဒူးလောက်တင်ထားမှ ရင်လောက်ကျနိုင်မှာပါ။

၎။ အဓိကနဲ့ သာမည ခွဲခြားတတ်အောင်လည်း သင်ယူပါ

ကိုယ့်ကို ပေးအပ်လိုက်တဲ့ ဘယ်လိုအလုပ်တာဝန်မျိုးကိုမဆို သူ့ရဲ့ အရေးကြီးမှု၊ မကြီးမှု စသည်ကို အခြေခံထားပြီး ဘယ်ဟာကို ဦးစားပေးဆောင်ရွက်ရမလဲဆိုတာ ခွဲခြားဆုံးဖြတ်ပါ။ ပြီးမှ အားလုံးပြီးဆုံးနိုင်မယ့် လိုအပ်တဲ့ အချိန်ပမာဏကို ချိန်တွက်ပြီး
deatline ချမှတ်ပါ။ ဒါပေမဲ့ ကိုယ်တကယ်ပြီးမြောက်နိုင်မယ့်
အချိန်နဲ့ နည်းနည်းတော့ခွာပေးသင့်ပါတယ်။ ဆိုလိုတာက
နည်းနည်းလောက်တော့ ပိုပေးထားပါ။

၅။ အချိန်ကို အလဟဿကုန်ဆုံးစေမယ့် အရာတွေကို
လျှော့ချပစ်ပါ (သို့) ဖယ်ထုတ်ပစ်ပါ

အချိန်တွေကို အလဟဿ ကုန်ဆုံးစေတဲ့ အရာတွေကို
ပြန်စဉ်းစားကြည့်ပါ။ ငါ့အချိန်တွေကို ဖြုန်းတီးသလိုဖြစ်နေတာ ဘယ်အရာတွေကလဲ၊ ဖေ့စ်ဘွတ်လား၊ တွတ်တာလား၊ အီးမေးလ် စစ်ရတာတွေလား စသဖြင့် ဆန်းစစ်ကြည့်ပြီး အဲဒီအရာတွေကို
လျှော့ချပစ်ပါ။ လိုအပ်ပါက ရပ်တန့်ပစ်လိုက်ပါ။

Credit: Duwun
အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
အောင်မြင်မှုရရှိဖို့ အံ့သြလောက်အောင်ကောင်းတဲ့ အချိန်စီမံခန့်ခွဲနည်း (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service