ဘဏ်စာရင်း ၃၀၈ ခုကို ဖွင့်ပေးခဲ့ပြီး ငွေကြေးအများဆုံး ဘဏ်စာရင်း ၆၀ ခန့် ကို တရုတ်အစိုးရက စစ်ဆေးနေဆဲ

ဘဏ်စာရင်း ၃၀၈ ခုကို ဖွင့်ပေးခဲ့ပြီး ငွေကြေးအများဆုံး ဘဏ်စာရင်း ၆၀ ခန့် ကို တရုတ်အစိုးရက စစ်ဆေးနေဆဲ - Property News in Myanmar from iMyanmarHouse.com
28 Jun 2017 10:24 am တွင် တင်ခဲ့သည်
1063 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းကဘဏ်များတွင် စာရင်းဖွင့်ထားသူများ အနက် ငွေကြေးအများဆုံး ဘဏ်စာရင်း ၅၉ ခုကို တရုတ်အစိုးရက စစ်ဆေးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဇွန် ၂၆ ရက်တွင် ပြည်မြန်မာသတင်းဂျာနယ် သို့ ပြောသည်။

၃၀၈ ခုကို ဖွင့်ပေးခဲ့ တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ပိတ်ထားခဲ့သော မြန်မာ နိုင်ငံသားများ၏ ဘဏ်စာရင်း ၃၀၈ ခုကို ၂၄ ရက် ညနေပိုင်းက ပြန်ဖွင့်ပေးခဲ့ပြီး နောက်နောင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး မထိခိုက်စေရန် ညှိ နှိုင်းတိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်သွား မည်ဟု မူဆယ်ဒေသရှိ မြန်မာနိုင်ငံသား ကုန်သည်များ၊ အသင်းအဖွဲ့များအား တ ရုတ်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ ကြောင်း သိရသည်။

“ကျန်တော့ ကျန်သေးတယ်။ အ ကြီးကြီးထဲက ၅၉ ခုလောက် ကျန်သေး တယ်။ ပိတ်ခံထားရတဲ့ ကိစ္စနဲ့ပတ်သက် လို့ နိုင်ငံတော်သမ္မတဆီကိုလည်း ပြီးခဲ့တဲ့ တစ်ပတ်က စာတင်ထားခဲ့တယ်။ အခု လောလောဆယ် တရုတ်အစိုးရဘက်က ထပ်တော့ညှိတာ မရှိဘူး။ ဘဏ်တွေကပဲ ခေါ်စစ်တော့ သွားပြီးအစစ်ခံကြတယ်။ လူတိုင်းသွားရတယ်။ အခုက အစစ်ခံပြီးတဲ့ သူလွတ်တာ၊ အသေးလေးတွေကတော့ အစစ်မခံရဘူး။ ၅၉ ခုက ခေါ်စစ်နေတယ်။ ငွေပမာဏများလို့”ဟု ယင်းကပြောသည်။

ဘဏ်စာရင်းသစ်ဖွင့်ခွင့်ပြု အပိတ်ခံထားရသော မြန်မာနိုင်ငံ သားများ၏ ဘဏ်ငွေစာရင်းမှငွေကြေး များမှာ လောင်းကစားမှု ငွေစာရင်းများနှင့် ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးခြင်းဖြစ် ကြောင်း၊ ဘဏ်စာရင်းများ အပိတ်ခံထားရ စဉ် ကုန်သွယ်မှုလုပ်ငန်း ပြန်လည် လည် ပတ်ရေးအတွက် ဘဏ်ငွေစာရင်းသစ်များ ဖွင့်ခွင့်ပြုထားကြောင်းလည်း သိရသည်။

ဘဏ်စာရင်းများ အပိတ်ခံထားရ သည့် ရက်ပိုင်းအတွင်း ပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ သကြားတို့တင်ပို့မှုမှာ ဘဏ် စာရင်းအသစ် ထပ်မံဖွင့်ခွင့်ရသည့်အ တွက် ပုံမှန်အခြေအနေရှိနေခဲ့ပြီး ထူးထူး ခြားခြားထိခိုက်မှုမရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောသည်။

ဖြစ်ဖြစ်ချင်း အပြန်အလှန် အမြဲ တမ်း ဆက်သွယ်ဆောင်ရွက်တော့ ပြဿနာတော့ ပြေလည်သွားတယ် ပြောရ မှာပေါ့။ ဘဏ်တွေပိတ်တာက သူတို့ဘက် က လောင်းကစားဥပဒေအရ ငြိတယ် ဆိုရင်တော့ သူတို့ဥပဒေအရ အရေးယူ တာတော့ လိုက်နာရမှာပေါ့။ သူတို့ကတော့ ဘဏ်အကောင့်ပိတ်တယ်ဆိုတာ ကုန် သွယ်ရေးကြောင့် မဟုတ်ပါဘူးတဲ့”ဟု ဘဏ်ငွေစာရင်းများပိတ်ခဲ့သည့်အပေါ် ဝန်ကြီးက မှတ်ချက်ပြုသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service