ဗဟုသုတ တွက်နည်းပေါင်းများစွာ

ဗဟုသုတ တွက်နည်းပေါင်းများစွာ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jun 2017 11:50 am တွင် တင်ခဲ့သည်
15170 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

(1)ရေ၀င်ဆန့်တွက်နည်း
(2)သစ်တွက်နည်း
(3)မြေတွက်နည်း
(4)ဘိလပ်မြေတွက်နည်း
(5)မြန်မာ ရတု ရေတွက်ပုံ
(6)အကြိမ်ရေ ရေတွက်ပုံ

စကားတိုများ

(1)ရေ၀င်ဆန့်တွက်နည်း

အုတ်ရေကန်ဝင်ဆန့်မှု တွက်ချက်နည်းက ပိုလွယ်ပါတယ်။
အလျား×အနံ×အမြင့်=ကုဗပေ ရတယ်
အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆.၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့

(2)သစ်တွက်နည်း

မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။
သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့်
၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
၃"၁"=၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)
၎"၁"=၄"(၁၀၀ချောင်း)
၅"၁"=၅"(၄၀၀စား၅ (၈၀ချောင်း)
၆"၁"=၆"(၆၆.၆ ချောင်း)
၃"၀.၅"=၁.၅"(၂၆.၆၆ ချောင်း)
၎"၀.၅"=၂"(၂၀၀ ချောင်း)
၎"x၄"=၁၆ လက္မ(၂၅ ချောင်း)
၅"x၅"=၂၅လက္မ(၁၆ ချောင်း)
ဥပမာ။တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်)်
၂"x၁၀၀၀=၂၀၀၀၀ကျပ်(၂"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။်

အမြန်ဆုံးသောသစ်တွက်နည်း

ဥပမာ

သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့်
၎''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း
တန်ဖိုးကို တွက်ကြည့်မယ်
ဈေးနှုံး ကိုတည် ဒသမ သုညသုည နှစ်ငါး
ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ )
ရလဒ်ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ
ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ပေ တစ်
ချောင်း၏ တန်ဖိုး ရပါပြီ....
၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅
၎× ၂ = × ၈

၁၃၀၀၀ လေးနှစ် တစ်ချောင်းတန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်...
မည်သည့် ဒု ဗျက် မည်သည့် ဈေးနှုန်း မဆို တွက်ကြည့်နိုင်ပါ သည်။


(3) မြေတွက်နည်းမြေဧက ဖွဲ့တွက်နည်း

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့်
အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )

(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်းမြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂၄၁၆ + ၆၂= ၄၇၈ ပင်
( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်၁၂၀ + ၁၈ = ၁၃၈ ပင်


(4) ဘိလပ်မြေတွက်နည်း

ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်း တို့  မြေကြီး တူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး ၁ ကျင်းဆို ၁၀ ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း
1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း
1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်  သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာ မူတည်ပါတယ်။

အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။
သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။
စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
၎လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့  အမိုးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ
အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ 11 ကျင်းသံချောင်း တစ်ချောင်းဟာ size မှန်ပါက ပေ ၄၀၁၂ မီတာရှိရပါတယ်။
သို့ပေမယ့် ၃၉ ပေ ၆ လက်မ လောက်ဆို မှန်တယ် ပြောရပါမယ်။
ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။

တစ်တန်မှာရှိရမယ့် အချောင်းရေက

10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။
ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။
သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။

ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။
ခိုချင်ရင်တော့ ၅၀ဆလောက် ဆိုရလောက်ပါတယ်။
အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။

ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cute ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲ တွက်ချင်ရင် ၁ ကုဗပေမှာ ၆.၂၄ ဂါလံ ရှိပါတယ်။
အလျားအနံ အမြင့် တစ်ပေစီ ရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။
ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့် ပါတယ်။
ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင် ၁ တန်လေးလို့  ၂ တန်လောက် အလေးချိန်ရှိပါမယ်။
ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။

တွက်တတ်လားမေးရင်တော့ မသိပါဘူး။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက
လီတာနဲ့  ပြထားတတ်လို့  ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။
သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။
၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။


(5) မြန်မာ ရတု ရေတွက်ပုံ

ရှေးမြန်မာတို့ ၏ရတု ၊ အကြိမ်ရေ တွက်ပုံ

၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿ ဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု


(6) အကြိမ်ရေ ရေတွက်ပုံ

၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿ မ
၁၁=ဧကာဒဿ မ
၁၂=ဒွါဒဿ မ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ၁
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ

Credit : Kyaw Soe Lin

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service