ရန်ကုန်-ဒလ တံတားတည်ဆောက်နိုင်ရန်အတွက်
ကိုရီးယားနိုင်ငံဒီဇိုင်
နာအဖွဲ့နှင့်မြန် မာဒီဇိုင်နာအဖွဲ့တို့သည် နေပြည်တော် တွင် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြို့ပြတည်ဆောက်ရေးအဖွဲ့(၂)တံ တားဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး တင်ဦးက ဒီမိုကရေစီတူဒေးသို့ပြောသည်။
အဆိုပါကိုရီးယားဒီဇိုင်နာအဖွဲ့ မှာ နေပြည်တော်တွင်ရုံးထိုင်ပြီး မြန်မာ ဒီဇိုင်နာများနှင့် ညှိနှိုင်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
""တံတားတည်ဆောက်ရေးအ တွက် ကိုရီးယားနိုင်ငံဒီဇိုင်နာအဖွဲ့
က နေပြည်တော်မှာရုံးထိုင်ပြီး မြန်မာ ဒီဇိုင်နာများနှင့် ညှိနှိုင်းဆောင်
ရွက် နေတယ်။
တံတားဆောက်ဖို့ကတော့ သေချာပါတယ်။ နှစ်နိုင်ငံလက်မှတ် ထိုးစာချုပ်ချုပ်ထားတာပဲ။ ရန်ကုန် တိုင်းဒေသကြီးက လူကြီးတွေသွား ပြီးတော့ရှင်းပြနေတယ်လို့ အသံကြား တယ်။ ပြီးခဲ့တဲ့အပတ်ရုံးချုပ်
အစည်း အဝေးမှာညှိနှိုင်းပြီးတော့ တံတား ကို ခုနစ်မီတာလောက်နှိမ့်ချ
လိုက် တယ်လို့ သတင်းရတယ်။ တံတားက ဆောက်ဖြစ်မှာပါ""ဟု
မေ ၃ ရက် တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။
ကိုရီးယားကုမ္ပဏီက မြန်မာအင် ဂျင်နီယာအဖွဲ့ကို ပြန်လည်ငှားရမ်း
ဆောင်ရွက်နေကြာင်း၊ တံတားအဆင်း လမ်းလယ်ကျွန်းပြုလုပ်နိုင်ရေးနှင့်
သွားလာရလွယ်ကူသည့် လမ်းအခြေ နေဖြစ်ရေးများကို အဆိုပါအဖွဲ့နှင့် ဒေသခံအဖွဲ့တို့ပူးပေါင်းလေ့လာ ဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
""လျော်ကြေးတွေလည်းပေးပြီး သားဆိုတော့ ဆောက်ဖြစ်မှာ သေချာ ပါတယ်။ အရင်အစိုးရလက်ထက် က ၁ ဘီလီယံပေးထားတယ်။ အခု အစိုးရလက်ထက်မှာ ဒသမ ၅ ထပ် ပေးထားတယ်။ စုစုပေါင်း ၁ ဒသမ ၅ ဘီလီယံလောက်ပေးပြီးပြီ။ အဆောက် အအုံပိုင်းကလည်း စာသင်ကျောင်း တွေတော်တော်များများ ပြန်ဆောက် ထားပြီးပြီပဲ။ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်ကိုပြန် စောင့်နေ
ပါတယ်""ဟု ဦးတင်ဦးက ပြောသည်။
အဆိုပါရန်ကုန်-ဒလတံတား အမြန်ဆုံးတည်ဆောက်ရေးအတွက် ဒလမြို့ပြည်သူများမှ မြို့နယ်လုံးဆိုင် ရာလက်မှတ်ထိုးဆန္ဒပြုတောင်းဆိုမှု ကို မေ ၃ ရက်မှစတင်ကာ လူ စည်ကားရာနေရာများနှင့် ရပ်ကွက် များအတွင်းကွင်းဆင်းကောက်ခံပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးထံသို့ တင်ပြသွားမည်ဖြစ်
ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဦးတင် ဦးက ""ဒလပြည်သူတွေကတော့ တံတား ဖြစ်ရေးကို စိတ်အားထက်သန်နေကြ တယ်။ ဘုန်းကြီးလမ်းဘက်က လူတွေ ကလည်း တံတားဆောက်ရင် အိမ် တွေထိခိုက်မှာတို့၊ အသံတွေဆူညံ မှာတို့ တွေးပြီးတော့မဆောက်စေ ချင်ဘူး။ အမျိုးစုံတော့ရှိပါတယ်""ဟုပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ မြန်မာ-ကိုရီး ယားချစ်ကြည်ရေးတံတားဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေတင် ပြချက်အရ ၂၀၁၆ ဧပြီမှ ၂၀၁၇ ဇန်န ဝါရီအထိတံတားနှင့်ပတ်သက်ပြီး
မြေယာလျော်ကြေးပေးချေခြင်း၊ ၂၀၁၆ ဒီဇင်ဘာတွင် အသေးစိတ် ဒီဇိုင်းအတွက် အတိုင်ပင်ခံကုမ္ပဏီ ရွေးချယ်ခြင်း၊ ၂၀၁၇ ဇန်နဝါရီမှ ဩဂုတ်လအတွင်း အသေးစိတ်ဒီ ဇိုင်းရေးဆွဲခြင်း၊ ၂၀၁၇ အောက်တို ဘာလမှနိုဝင်ဘာလအထိ တည် ဆောက်ရေးကုမ္ပဏီရွေးချယ်ခြင်း နှင့် ၂၀၁၇ ဒီဇင်ဘာမှ ၂၀၂၁ ဇွန်လအထိတည်ဆောက်ခြင်းနှင့်ကြီးကြပ်
ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်
ဖြစ်ကြောင်း သိရသည်။
ယင်းတံတားကိုကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း
ဆောင်ရွက်ရေးရန်ပုံငွေ EDCF Loan မှချေးငွေအမေရိ
ကန်ဒေါ်လာသန်း ၁၃၇ ဒသမ ၈၃၃ နှင့် ပြည်တွင်းလို အပ်ရန်ပုံငွေ
အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁သန်းဖြင့် ဆောင်ရွက် မည်ဖြစ်ပြီး စုစုပေါင်းခန့်မှန်းကုန် ကျစရိတ်(အမေရိကန်ဒေါ်လာ) ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
Credit: Democracytoday