ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Guns N’ Roses ၏ ဘေ့စ်ဂစ်တာသမားက လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမည်

ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Guns N’ Roses ၏ ဘေ့စ်ဂစ်တာသမားက လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
28 Apr 2017 11:59 am တွင် တင်ခဲ့သည်
1683 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီးတစ်ခုဖြစ်သော Guns N’ Roses မှ ဘေ့စ်ဂစ်တာသမား ဒပ်ဖ် မက်ခ်ကာဂန်က လော့စ်အိန်ဂျလိရှိ
နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ ၊ ရှားမန်းအုတ်ခ်အရပ်ရှိ အဆိုပါနေအိမ်ကို စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး
၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၇၅ သန်းဖြင့်
ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်လျှင်
ဒေါ်လာတစ်သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။

ဇနီးဖြစ်သူ ဆူဇန် ဟုမ်းစ် မက်ခ်ကာဂန်သည် မော်ဒယ်လ်၊ ရေကူးဝတ်စုံဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး သမီးငယ် ၂ ဦးကို ယင်းနေအိမ်ကြီးတွင် ပြုစုပျိုးထောင်ခဲ့ကြခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ဧကဝက်ခန့်ရှိပြီး အိပ်ခန်း ၅ ခန်းပါဝင်ကာ
ပင်မနေအိမ်မှာ စတုရန်းပေ ၄၂၀၀ အကျယ်အဝန်းရှိပြီး ၁၉၃၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်က မြင်းဇောင်းအဖြစ် အသုံးပြုသည့်နေရာကို အားကစားလေ့ကျင့်ရေးခန်းမအဖြစ် မက်ကာဂန်တို့က ပြောင်းလဲခဲ့သည်။
ခြံဝန်းအတွင်း အိပ်ခန်းတစ်ခန်းပါ ဧည့်ဂေဟာဆောင်တစ်ခုလည်း
ပါဝင်ပြီး အဆိုပါနေရာတွင် မစ္စတာ မက်ကာဂန်က သီချင်းရေးခြင်း၊ အသံဖမ်းခြင်းများ ပြုလုပ်ခဲ့ဖူးသည်။

ဧည့်ဂေဟာဆောင်သည် အိမ်မကြီးမှ အတန်ငယ်ဝေးကွာသောကြောင့် စူးရှသည့်တေးဂီတသံများကို နားစွန်နားဖျားသာ ကြားရတတ်ကြောင်း
မစ္စ ဟုမ်းစ် မက်ကာဂန်က ပြောကြားသည်။

မြေအောက်ဝိုင်သိုလှောင်ခန်းတစ်ခု ပါဝင်သော်လည်း
နောက်ပိုင်းတွင် မစ္စတာမက်ကာဂန်က ဆင်ခြင်ထိန်းချုပ်မှုများ
ပြုလုပ်လိုက်ပြီးနောက်ပိုင်း ဂစ်တာများနှင့် ခရီးဆောင်အိပ်များ ထားသိုသည့်နေရာအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။

ခြံဝန်းအတွင်းတွင် ရေကူးကန်တစ်ခု၊ အနားယူကြရန် လသာဆောင်
သဖွယ် အုတ်ခင်းထားသည့် အိမ်ရှေ့ ကွက်လပ်တစ်ခု၊
အိမ်နောက်ဘက်တွင် ပြန့်ပြူးသော မြက်ခင်းတစ်ခုရှိရာ
တောင်ကုန်းဆန်သည့် အဆိုပါဒေသဝန်းကျင်တွင် ရှားရှားပါးပါး
တွေ့နိုင်သည့် မြက်ခင်းတစ်ခုဖြစ်ကြောင်း ဈေးကွက်တင်သည့်အကျိုးဆောင် မစ္စ ဟာ့ထ်လေက ပြောကြားသည်။

Guns N’ Roses အဖွဲ့ကြီးသည် Appetite for Destruction အမည်ရှိ တေးအယ်လ်ဘမ်ကို ၁၉၈၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ရာ အမေရိကန်သမိုင်းတွင် အရောင်းရဆုံးပွဲဦးထွက်အယ်လ်ဘမ်
တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မက်ခ်ကာဂန်သည် ၁၉၉၀ ပြည့်လွန်ကာလများ၏ အလယ်ပိုင်းခန့်တွင်
Guns N’ Roses မှ ထွက်ခွာခဲ့သည်။
၂၀၁၆ ခုနှစ်တွင်မူ ဝိုင်းသားဟောင်းများ ပြန်လည်ပေါင်းစည်းခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝန်းတွင် စင်မြင့်ဖျော်ဖြေပွဲများ လိုက်လံဖျော်ဖြေလျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Guns N’ Roses ၏ ဘေ့စ်ဂစ်တာသမားက လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Guns N’ Roses ၏ ဘေ့စ်ဂစ်တာသမားက လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ကြီး Guns N’ Roses ၏ ဘေ့စ်ဂစ်တာသမားက လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service