ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်နိုင်သော ပစ္စည်းများနှင့် ပတ်သက်သည့် အခွန်မူဝါဒ ချမှတ်ဆောင်ရွက်မည်ဟု သိရ

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်နိုင်သော ပစ္စည်းများနှင့် ပတ်သက်သည့် အခွန်မူဝါဒ ချမှတ်ဆောင်ရွက်မည်ဟု သိရ - Property News in Myanmar from iMyanmarHouse.com
20 Apr 2017 11:39 am တွင် တင်ခဲ့သည်
1933 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်နိုင်သော ပစ္စည်းများနှင့် ပတ်သက်သည့် အခွန်မူဝါဒ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်နိုင်သော ပစ္စည်းမျိုးတူများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် တင်သွင်းမှုများ၌ အခွန်ကင်းလွတ်ခွင့် မပြုသင့်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တင်ပြထားကြောင်း သိရသည်။

ပြည်တွင်းလုပ်ငန်းများသည် အခွန်အခများ ပေးဆောင်နေရသဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ခွင့်မရ ဖြစ်နေကြောင်း၊ အဓိကအားဖြင့် MIC ခွင့်ပြုချက်ဖြင့် ၀င်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆောက်လုပ်ဆဲကာလတွင် တင်သွင်းလာသော အခြေခံဆောက်လုပ်ရေး ပစ္စည်းများသည် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိနေကြောင်း၊ အလားတူ ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်သည့်အခါ လိုအပ်သော ကုန်ကြမ်းများကို တင်သွင်းသည့်အခါ၊ သက်ဆိုင်သည့်အခွန်များ ပေးဆောင်ရကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းမှ သိရသည်။

ထို့ပြင် ပြည်တွင်းမှ အရည်အသွေးမီ ထုတ်လုပ်ထားသော ပစ္စည်းများ ရှိသော်လည်း အခွန်ပေးဆောင်ပြီး လုပ်ကိုင်ထားရခြင်း ဖြစ်သဖြင့် တန်းတူယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ထုတ်လုပ်ထားသော ပစ္စည်းရှိပါက ပြည်ပမှတင်သွင်းသည့်အခါ အခွန်ကောက်ခံရန် သို့မဟုတ် ပြည်တွင်း SMEs များ အဆိုပါ ကုန်ပစ္စည်း ထုတ်လုပ်ရန် တင်သွင်းသည့်ကုန်ကြမ်းကို အခွန်ကင်းလွတ်ခွင့် ပေးရန်၊ ပြည်ပချေးငွေဖြင့် နိုင်ငံတော်မှ ၀ယ်ယူသည့် ပစ္စည်းများတွင်လည်း ပြည်တွင်းမှာ ထုတ်လုပ်မှု ရှိနေပါက ၀ယ်ယူပေးပါရန် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းမှ တင်ပြခဲ့သည်။

အလားတူ စီမံကိန်းများဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ၀ယ်ယူသည့် ကိစ္စရပ်များတွင် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းတို့က ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးနှင့် ကိုက်ညီမည် ဆိုပါက လက်ခံဝယ်ယူပေးရန်လည်း တောင်းဆိုခဲ့သည်။

ပြည်ပချေးငွေဖြင့် နိုင်ငံတော်မှ ၀ယ်ယူသည့် ပစ္စည်းများအတွက် ပြည်တွင်းထုတ် ပစ္စည်းများ စံမီကြောင်း အာမခံချက် လိုအပ်ကြောင်းနှင့် ဖြစ်နိုင်ခြေ ရှိသဖြင့် ၀န်ကြီးဌာန အားလုံးနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service