မြန်မာနိုင်ငံမှာ Gold Exchange တစ်ခု ထူထောင်နိုင်ဖို့ ဟောင်ကောင် ကူညီမည်

မြန်မာနိုင်ငံမှာ Gold Exchange တစ်ခု ထူထောင်နိုင်ဖို့ ဟောင်ကောင် ကူညီမည် - Property News in Myanmar from iMyanmarHouse.com
12 Apr 2017 10:52 am တွင် တင်ခဲ့သည်
2543 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာ ရွှေအရောင်းအ၀ယ် ပြုလုပ်နိုင်မယ့် Gold Exchangeတစ်ခု ထူထောင်နိုင်ဖို့အရေးအတွက် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဟောင်ကောင်ရဲ့ Gold Exchange
အော်ပရေတာတို့ ဆွေးနွေးညှိနှိုင်းနေလျက်ရှိတယ်ဆိုပြီးသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ခုချိန်ဟာ စီးပွားရေးကို ခေတ်နဲ့အညီ တိုးတက်အောင်လုပ်ဆောင်နေတဲ့ မြန်မာတို့အတွက် ရွှေ အရောင်းအ၀ယ်လုပ်ရမယ့် ဌာနတစ်ခု ထူထောင်ဖို့ အချိန်အခါ ကျရောက်နေပါပြီ"
လို့ Chinese Gold & Silver Exchange Society ရဲ့ ဥက္ကဌHaywood Cheung Tak-hay က ပြောပါတယ်။

" မြန်မာနိုင်ငံဟာဆိုရင် တရုတ်တို့ရဲ့ One Belt, One Roadproject စီမံကိန်းလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်၊ဒါကြောင့်မို့ ဒေသတွင်း လူသုံးကုန်ပစ္စည်းတွေနဲ့ အခြား
ကုန်စည်အမျိုးမျိုးကို ရောင်းဝယ်ဖောက်ကားနိုင်မယ့်အခွင့်အရေးတွေကို ရယူနိုင်ပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။

ယခုလို မြန်မာနိုင်ငံမှာ ရွှေအရောင်းအ၀ယ် အိတ်စ်ချိန်းတစ်ခု ထူထောင်နိုင်ဖို့အတွက် ဟောင်ကောင် Gold Exchangeက ဟောင်ကောင်-မြန်မာ ကုန်သည်အသင်းကနေတဆင့်နည်းပညာအကူအညီနဲ့ အခြားလိုအပ်တဲ့ အကြံဥာဏ်တွေကိုထောက်ပံ့ကူညီပေးသွားမှာဖြစ်တယ်လို့ Cheung ကပြောပါတယ်။

ယခုလို Gold Exchange ထူထောင်ဖို့ မြန်မာအစိုးရရဲ့တရားဝင်ခွင့်ပြုချက် ရဖို့လိုနေသေးတာဖြစ်ပါတယ်။

ဟောင်ကောင် Gold Exchange အနေနဲ့ ၁၉၁၀ ခုနှစ်ကတည်းကလုပ်ငန်းကို စတင်ထူထောင်ခဲ့တာဖြစ်ပြီး ယခုအခါယင်းရဲ့ဝန်ဆောင်မှုတွေကို ပြည်ပနိုင်ငံတွေထိတိုးမြင့်ပေါက်ရောက်နိုင်ဖို့ ကြိုးပမ်းနေလျက်ရှိပါတယ်။ယင်း exchange ကိုလည်း ယခုအချိန်မှာကျောက်မျက်နဲ့ ရွှေကုန်သည်ကြီး တွေဟာ လက်ဆွဲအသုံးပြုနေလျက်ရှိပါတယ်။

ရွှေအရောင်းအ၀ယ် ဈေးကွက်က ခုနှစ် ကျန်တဲ့လတွေမှာဆက်ပြီး တက်ကြွနေဖို့ရှိနေပါတယ်၊ ဟောင်ကောင်ဟာဆိုရင်လည်း တရုတ်ပြည်မကြီးရော၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဟာ မတူညီတဲ့ နိုင်ငံသုံးငွေကြေးအမျိုးမျိုးနဲ့ရွှေအရောင်းအ၀ယ် လုပ်ရာ ပလက်ဖောင်းတစ်ခု ဖြစ်နေပါပြီ"လို့လည်း ဟောင်ကောင်-မြန်မာ ကုန်သည်အသည်း ဒုဥက္ကဌ Jerry Jrearz က ပြောသွားပါတယ်။

Credit : SFJ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service