ငွေကြေးခဝါချမှုများအတွက် ဆီးရီးယားသမ္မတ၏ ဦးလေးနှင့် ဆက်နွှယ်သည့် အဆောက်အအုံပေါင်း ၅၀၀ ကျော်ကို စပိန်ရဲတပ်ဖွဲ့ဝင်များ စီးနင်းသိမ်းဆည်း

ငွေကြေးခဝါချမှုများအတွက် ဆီးရီးယားသမ္မတ၏ ဦးလေးနှင့် ဆက်နွှယ်သည့် အဆောက်အအုံပေါင်း ၅၀၀ ကျော်ကို စပိန်ရဲတပ်ဖွဲ့ဝင်များ စီးနင်းသိမ်းဆည်း - Property News in Myanmar from iMyanmarHouse.com
7 Apr 2017 10:22 am တွင် တင်ခဲ့သည်
767 ကြိမ် ကြည့်ရှု့ပြီး
စပိန်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များသည် ငွေကြေးခဝါချမှုများကို စုံစမ်းဖော်ထုတ်ရာတွင် အဆောက်အအုံအများအပြားကို စီးနင်းဝင်ရောက် ရှာဖွေခဲ့ကြပြီး ဘဏ်စာရင်းပေါင်းများစွာကို ပိတ်ပင်ခဲ့ကြောင်း
ဂျပန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းသို့ စီးနင်းရှာဖွေမှုတွင် လက်ရှိ ဆီးရီးယားခေါင်းဆောင်၏ ဦးလေးဖြစ်သူ ဆီးရီးယားဒုတိယသမ္မတဟောင်း ရီဖက်ဒ် အာဆတ်၏ ဆွေမျိုးများ ပိုင်ဆိုင်သော (သို့မဟုတ်) ဆက်နွှယ်မှုရှိသော အဆောက်အအုံတစ်ခုကို
လည်း သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

စပိန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့များဖြစ်သော မာဘယ်လာနှင့် ပူအာတို ဘာနုစ်တို့တွင် ပြင်သစ်ရဲတပ်ဖွဲ့၏ အကူအညီဖြင့် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စပိန်ပြည်တွင်းအစောင့်ရဲတပ်ဖွဲ့က
ပြောကြားသည်။

ယင်းမြို့နှစ်မြို့တွင် ငွေကြေးခဝါချသည့် ရာဇဝတ်မှုများ ဖြစ်ပွားနေကြောင်း အမျိုးသားတရားရုံးတရားသူကြီး ဂျို့စ် ဒီလာ မာတာ၏ ပြောကြားချက်
အရ ယခုကဲ့သို့ စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
စပိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသူ ၁၅ ဦးရှိပြီး ရီဖက်ဒ်အာဆက်၏
ဇနီး ၂ ဦးနှင့် သား ၆ ဦး ပါဝင်သည်။

ရီဖက်ဒ်အာဆက်နှင့် ဆွေမျိုးသားချင်းများ ပိုင်ဆိုင်သည့်
အဆောက်အအုံပေါင်း ၅၀၀ ကျော်ကို သိမ်းဆည်းရန် တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း တရားရုံးထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ရီဖက်အာဆက်နှင့် ပတ်သက်သည့် အိမ်ခြံမြေအများစုမှာ ပူအာတို ဘာနုစ်တွင် တည်ရှိပြီး စုစုပေါင်း တန်ကြေးအားဖြင့် ယူရို ၆၉၁ သန်း (ကန်ဒေါ်လာ ၇၃၅ သန်း) ခန့် တန်ကြေးရှိကာ ၁၂ ဒသမ ၇ စတုရန်းမိုင်
အကျယ်အဝန်းရှိသည့် အဆောက်အအုံတစ်လုံး ပါဝင်ကာ
ကာလတန်ကြေး ယူရို သန်း ၆၀ ခန့်ရှိသည်။

ထို့အပြင် ရီဖက်အာဆက်နှင့် ၎င်း၏ ဆွေမျိုးများ ပိုင်ဆိုင်၊ ကွပ်ကဲ၊ ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများ၊ ရှယ်ယာများနှင့် ဘဏ္ဍာငွေများကိုလည်း ပိတ်ပင်လိုက်ကြောင်း တရားရုံးထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
ဖမ်းဆီးအရေးယူမှုများကိုမူ မပြုလုပ်ရသေးကြောင်းလည်း
တရားရုံးက ထုတ်ပြန်ထားသည်။

ရီဖက်အာဆက်သည် လက်ရှိဆီးရီးယားသမ္မတ အာဆက်၏ ဖခင်ဖြစ်သူအုပ်စိုးခဲ့စဉ်ကာလက ဒုတိယသမ္မတအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် အစ်ကိုဖြစ်သူကို အာဏာသိမ်းရန်ကြိုးပမ်းစဉ် မအောင်မြင်ခဲ့ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ပြင်သစ်နိုင်ငံတွင်
အများဆုံး အခြေချနေထိုင်ခဲ့သည်။

ရီဖက်အာဆက်သည် အစ်ကိုဖြစ်သူ အာဏာရှင် ဟာဖက်ဇ်၏လက်ထက် ၁၉၈၂ ခုနှစ်တွင် ဟာမာမြို့၌ လူထောင်ပေါင်းများစွာကို
သတ်ဖြတ်ခဲ့ရာတွင် အရေးပါသော အခန်းကဏ္ဍမှ
ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service