နိုင်ဂရု(ပ်) ကွန်ဒိုစီမံကိန်းကိုးခု အခန်းများ ရောင်းချမည်

နိုင်ဂရု(ပ်) ကွန်ဒိုစီမံကိန်းကိုးခု အခန်းများ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
6 Apr 2017 1:10 pm တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Naing Group ကုမ္ပဏီက ဆောက်လုပ်မည့် စီမံကိန်းကိုးခုမှ ကွန်ဒိုအခန်းများကို ကျပ်သိန်း ၃ဝဝ မှ ကျပ်သိန်း ၃,ဝဝဝ အထိ အထူးဈေးနှုန်း အစီအစဉ်ဖြင့် ရောင်းချရန်အတွက် အရောင်းပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း
iMyanmarHouse.com က သတင်းထုတ်ပြန်သည်။

ထိုစီမံကိန်းများသည် ဗဟန်း၊ ကျောက်တံတား၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ ကမာရွတ်၊တာမွေ၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များမှကွန်ဒိုစီမံကိန်း
များဖြစ်ပြီး ယင်းစီမံကိန်းများ၏အခန်းများကို အရောင်းပြပွဲအတွင်း ဈေးလျှော့ ရောင်းချသွားမည်ဖြစ်သည်။

ပြပွဲမှာ ဧပြီ ၇ ရက်နှင့် ၈ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး
မနက် ၉ နာရီမှ ညနေ ၅ နာရီအထိဖြစ်ကာ ဓမ္မစေတီလမ်းရှိ
Golden Valley Cluster House တွင် ဖြစ်သည်။

Naing Group က ရောင်းချသွားမည့် ကွန်ဒိုစီမံကိန်းများမှာ ရွှေတောင်ကြားရှိ ClusterHouse၊ ဆူးလေအနီးရှိ Naing Group Tower 2၊ ဒဂုံစင်တာအနီးရှိ KBZ Tower ၊ဗိုလ်တထောင်ဘုရားအနီးရှိ Merchant SuiteCondominium၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ 92 Semi Condominium၊ ကျိုက္ကဆံစူပါဝမ်းအနီးရှိ ERC Condominium၊ ယောမင်းကြီးလမ်းရှိ
Blossom Garden Condominium၊ လှည်းတန်းဈေးအနီးရှိ San Yeik Nyein
Condominium နှင့် တာမွေမြို့နယ်ရှိ My Condo တို့ ဖြစ်သည်။

ထို့ပြင် ကွန်ဒိုအခန်းများကို ဘဏ်များနှင့်လည်း ချိတ်ဆက်၍ အရစ်ကျဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်းပြပွဲအတွင်း ကျပ်သိန်း ၃ဝဝ မှ ၃,ဝဝဝ အထိ လျှော့ချရောင်းမည့် အထူးဈေးနှုန်းဖြင့် ဝယ်ယူလိုသူများသည် စရန်ငွေ ကျပ် ၁ဝ သိန်းကို ပေးချေရမည်ဖြစ်သည်။

စီမံကိန်းကိုးခုတွင် ရွှေတောင်ကြားရှိ Cluster House စီမံကိန်းမှာ ပြီးစီးနေပြီဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် အဆင်သင့် နေထိုင်နိုင်မည့် အနေအထားတွင်ရှိကြောင်း Naing Groupမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် စီမံကိန်းငါးခုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ရာ ကျန်စီမံကိန်းများမှာ ကြိုပွိုင့် အရောင်းများဖြစ်ကြောင်း သိရသည်။

''ရွှေတောင်ကြားက ကွန်ဒိုကတော့ နည်းနည်းဈေးများတယ်၊ မြေပါ ပါတဲ့
အတွက်ကြောင့်ပါ။ အဲဒီစီမံကိန်းက လုံးချင်းလေးတွေ ခွဲရောင်းတဲ့ပုံစံမျိုးပဲ။ လုံးချင်းကပေ ၂၅၊ ၅ဝ လောက်ရှိတယ်။ ကျပ်သိန်း သုံးသောင်းလောက် ဈေးရှိတဲ့အတွက် ကျပ်သိန်း ၃,ဝဝဝ လောက်ထိ ဈေးလျှော့ပေးဖို့ စီစဉ်ထားတာပါ''ဟု Naing Group မှ
ဦးဇေဝင်းထွဋ်က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service