ရန်ကုန်တိုင်းဒေသကြီးအစိုရအဖွဲ့ရုံးနှင့်နီးကပ်သောကြောင့်တည်ဆောက်ခြင်းရပ်ဆိုင်းခြင်းခံထားရသည့် အထပ်မြင့် စီမံကိန်း ၄ခုကို တည်ဆောက်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အထပ်မြင့် အဆောက်အဦးများ စစ်ဆေးရေးဌာန (HIC)မှဌာနမှူးဦးအောင်ဆန်းဝင်းကပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲံရုံးနှင့်မျက်နှာချင်းဆိုင်တွင်တည်ဆောက်မည့်
အထပ်မြင့်စီမံကိန်း၎ခုနှင့်တောင်ဥက္ကလာမှအထပ်မြင့်စီမံကိန်းတစ်ခု
အပါအ၀င်ရပ်ဆိုင်းခြင်းခံထားရသည့်စုစုပေါင်းစီမံကိန်း ၅ခုကို ပြန်လည်ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းက ပြောသည်။
" ၅လုံးမှာ ၃လုံးကိုတော့ ဒီဇိုင်းတွေဘာတွေ မပြင်ရဘဲ ခွင့်ပြုလိုက်တယ် ကျန်၂လုံးကိုတော့ ဒီဇိုင်းကိုပြန်ပြင်ပြီးဆောက် ဖို့ ညွှန်ကြားထားတာပေါ့ "
ဟု ၄င်းကဆိုသည်။
ပြည်လမ်းနှင့်အလုံလမ်းထောင့်မှ အထပ်မြင့်စီမံကိန်းများတည်ဆောက်မည့်အဆောက်အဦးများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မျက်နှာချင်းဆိုင်ဖြစ်နေခြင်း လုံခြုံရေးရှုထောင့်မှ ကြည့်ရှုပါက မသင့်လျော်နိုင်သောကြောင့် စီမံကိန်းများတည်ဆောက်ခြင်းကို ပြီးခဲ့သည့် ၂၀၁၆ မေလထဲက ရပ်ဆိုင်းခြင်းခံထားရသည့်စီမံကိန်းများဖြစ်သည်။
၂၀၁၆ နှစ်လယ်တွင် ရန်ကုန်မြို့မှ အထပ်မြင့် အဆောက်အအုံများတည်ဆောက်ခြင်းကို ရပ်ဆိုင်းထားရာ မှ ပြန်လည်ခွင့်ပြုပေးရာတွင်လည်း အဆိုပါ အဆောက်အအုံငါးလုံး
မှာ ခွင့်ပြုခဲ့မှုတွင် ပါဝင်ခဲ့ခြင်း မရှိပေ။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com