မန္တလေးတိုင်းရှိ ရပ်နားထားသည့် စီမံကိန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုတော့မည်

မန္တလေးတိုင်းရှိ ရပ်နားထားသည့် စီမံကိန်းများ ပြန်လည်လုပ်ကိုင်ခွင့်ပြုတော့မည် - Property News in Myanmar from iMyanmarHouse.com
3 Apr 2017 9:50 am တွင် တင်ခဲ့သည်
1471 ကြိမ် ကြည့်ရှု့ပြီး
ယာယီရပ်ဆိုင်းထား သည့် မန္တလေးတိုင်းဒေသကြီးအ တွင်း အကောင်အထည်ဖော်တည် ဆောက်နေသည့် စီမံကိန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပေးတော့ မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြော ကြားသည်။

‘‘ဒီတစ်နှစ်တာအတွင်းက အရင်ဟာတွေရှင်းနေရတာနဲ့ ရှေ့မတက်နိုင်ဘူး။ ဒါပေမဲ့ ဒုတိယ နှစ်မှာဆိုရင် စပြီးတော့ တစ်ဦး ချင်းလုပ်တဲ့ စီမံကိန်းတွေ
လည်း စိစစ်ပြီး ပြန်ခွင့်ပြုနေတယ်။ စလုပ်ခွင့်ပေးတော့မယ်။ လိုက်နာရမယ့် စည်းကမ်းတွေကတော့ အကုန် လိုက်နာရပါမယ်’’ဟု ၎င်းက ပြောကြားသည်။

အစိုးရသက်တမ်း တစ်နှစ် အတွင်း ယခင်လုပ်ဆောင်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ ဥပဒေနှင့် ညီ၊ မညီ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် ထိခိုက်မှု ရှိ၊ မရှိ၊ အများပြည်သူ အကျိုးပြု၊ မပြု စသည့်အချက် များ ပြန်လည်စိစစ်ခဲ့ပြီး လက်ရှိတွင် စည်းကမ်းနှင့်အညီ လုပ်ဆောင်မည့် စီမံကိန်းများကို ပြန်လည်ခွင့်ပြုတော့မည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ်
ဒေါက် တာဇော်မြင့်မောင်က ပြောသည်။

ယခင် စီမံကိန်းများသည် ဥပဒေ စည်းကမ်းများနှင့်အညီ အစီအစဉ်
တကျ လုပ်ဆောင်ခဲ့မှု အားနည်းခဲ့၍ ပြန်လည်စိစစ်နေရကာ
လုပ်ကိုင်ခွင့်ပြုရန် ကြန့်ကြာ နေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့သစ် တာဝန်ယူပြီး နောက် ယခင်အစိုးရလက်ထက် က ခွင့်ပြုခဲ့ကာ လုပ်ကိုင်နေသည့် စီမံကိန်းလုပ်ငန်းအချို့ကို ယာယီ ရပ်ဆိုင်းခဲ့သည်။

‘‘တိုင်းအစိုးရက အစ်ကိုတို့ ကို ပြန်ခွင့်ပြုလိုက်ပြီ။ MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်)ရဲ့ ခွင့်ပြုချက်တော့ ကျန်နေသေး တယ်။ လုပ်ထုံးလုပ်နည်းအရ ကျန်နေသေးတာပေါ့။ MIC ရဲ့ ခွင့်ပြုမိန့်စာထွက်တာနဲ့ လုပ်ငန်း ပြန်စလို့ရနေပါပြီ’’ ဟု ဦးပိန် တံတားအနီး တောင်သမန်အင်း စောင်းတွင် အကောင်အထည် ဖော်နေသည့် တောင်သမန်သစ္စာ အပန်းဖြေဟိုတယ်စီမံကိန်း ပြန် ကြားရေးတာဝန်ခံ ဦးခင်မောင် ထွန်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service