တပြိုင်နက်တည်း အကောင်အထည်ဖော်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနှင့်အထပ်မြင့် အမြန်လမ်းမကြီး

တပြိုင်နက်တည်း အကောင်အထည်ဖော်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနှင့်အထပ်မြင့် အမြန်လမ်းမကြီး - Property News in Myanmar from iMyanmarHouse.com
30 Mar 2017 10:33 am တွင် တင်ခဲ့သည်
7854 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အနီးဝန်းကျင်ရှိ လူနေအိမ်ရာများကြောင့် ၂၄ နာရီ တက်/ဆင်းနိုင်သည့် အပြည်ပြည်ဆိုင်ရာအဆင့် လေဆိပ်တခုအဖြစ် တိုးချဲ့ရန်မှာ မဖြစ်နိုင်တော့ကြောင်း ရန်ကုန်နှင့် အလှမ်းမဝေးသည့် ပဲခူးတိုင်းဒေသကြီးတွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီးကို အကောင်အထည်ဖော်တော့မည် ဖြစ်သည်။

လုပ်ငန်းလုပ်ခွင့်ရကုမ္ပဏီဖြစ်သော JGC-Yongnam-Changi Airport International Consortium က သက်ဆိုင်ရာကုမ္ပဏီများအလိုက် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းတာဝန်ပိုင်း၊ တာဝန်ယူမှုအပိုင်း၊ ဘဏ္ဍာရေးအပိုင်း စသည်တို့ကို ညိနှိုင်းဆွေးနွေးသဘောတူလုပ်ကိုင်မည့် သဘောတူစာချုပ်ကို မြန်မာနိုင်ငံပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့တင်ပြရမည်ဖြစ်သည်။ ယင်းသို့ အဆင့်ဆင့် စိစစ်ညှိနှိုင်းဆွေးနွေးပြီးမှသာ Concession Agreement ကို လက်မှတ်ရေးထိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းမှ တာဝန်ရှိသူတဦးထံမှ သိရသည်။

လက်ရှိတွင် လေဆိပ်စီမံကိန်းတည်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တိုင်ကန်ကျေးရွာအနီး ဒုတိယကမ္ဘာစစ်ကာလလေယာဉ်ကွင်းဟောင်း (မြေဧက ၉၆၉၀) ပေါ်တွင် လမ်းရှင်းလင်းခြင်း၊ တောရှင်း လင်းခြင်း၊ လယ်ယာမြေ လျော်ကြေးများပေးအပ်ခြင်းတို့ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါစိစစ်ရာတွင် ၂၀၁၃ ခုနှစ် သြဂုတ် ၁၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်လေဆိပ်ကို တည်ဆောက်ခဲ့သူ Incheon Airport Consortium ကို တင်ဒါအောင်မြင်သူအဖြစ်လည်းကောင်း၊ Yongnam-Cape-JGC Consortium ကို အရန်အဖြစ်လည်းကောင်း တရားဝင်ကြေညာရွေးချယ်ခဲ့သည်။

သို့သော် အဆိုပါ တင်ဒါအောင်ကုမ္ပဏီအဖွဲ့အစည်းနှင့် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုရန် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် စီမံကိန်းကုန်ကျစရိတ်ဆိုင်ရာ ဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုထည့်ဝင်သည့်အပိုင်း၌ ညှိနှိုင်းမှုများ အဆင်မပြေသည့်အတွက် ယာယီရပ်ဆိုင်းခဲ့သည်ဟု သိရသည်။

စီမံကိန်းကြီးသည် ရင်းနှီးမြှုပ်နှံမှုမြင့်မားသည့်အတွက် ODA ကဲ့သို့ နိုင်ငံခြားချေးငွေ လိုအပ်ချက်ရှိကြောင်း တင်ပြမှုအပေါ် မူလတင်ဒါခေါ်ယူစဉ်ကဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းချက်များအနက် စုစုပေါင်း စီမံကိန်း ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းထက် မပိုသော ODA ချေးငွေရယူဆောင်ရွက်နိုင်ရန် ထပ်မံ ခွင့်ပြုဆောင်ရွက်ပေးခဲ့သည့်အတွက် တင်ဒါအောင် အဖွဲ့အစည်းများကို အဆိုပြုချက်များ ပြန်လည်ပြင်ဆင်ပြီး တင်ဒါပြန်လည်တင်သွင်းစေခဲ့သည်။ အထက်ပါ ကုမ္ပဏီနှစ်ခုလုံးက ပြန်လည်တင်သွင်းခဲ့ပြီး ၂၀၁၄ အောက်တိုဘာ ၃၀ ရက်တွင် Yongnam-Cape-JGC Consortium အနေဖြင့် JGC- Yongnam- Changi Airport International Consortium အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဟံသာဝတီလေဆိပ်ကြီးကြပ်ရေးကော်မတီနှင့် ညှိနှိုင်းဆွေးနွေးမှု ၁၀ ကြိမ်တိတိ ပြုလုပ်အပြီးတွင် ချေးငွေရယူမှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို အဆိုပါ ကုမ္ပဏီအနေဖြင့် ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

လေဆိပ်သစ်စီမံကိန်းကြီးနှင့်အတူ ရန်ကုန်မြို့မှ ဟံသာဝတီလေဆိပ်သို့ အချိန်တိုအတွင်း သွားရောက်နိုင်မည့် အထပ်မြင့်အမြန်လမ်းမကြီးစီမံကိန်းကိုလည်း တပြိုင်နက်တည်း စတင်နိုင်ရန် ဆောင်ရွက်နေသည်ဟု အဆိုပါ ၀န်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့ဆူးလေမှ ဟံသာဝတီလေဆိပ်အထိသော်လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချိတ်ဆက်နိုင်မည့်အထပ်မြင့်လမ်းမကြီးတခုအဖြစ်ဖြင့် လည်းကောင်း တည်ဆောက်အကောင်ထည်ဖော်သွားရန် စစ်တမ်းကောက်လေ့လာဆန်းစစ်မှုများကို စတင် ဆောင် ရွက်နေပြီဟု သိရသည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာနိုင်ငံ၏ အဓိက Major Gateway အဖြစ် ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် မကြာမီ တိုးချဲ့များပြားလာမည့် လေကြောင်းလိုင်းများနှင့် လေယာဉ်စီးခရီးသည်များကြောင့် နိုင်ငံတကာအဆင့်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တခု မဖြစ်မနေတိုးချဲ့ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ဟံသာဝတီလေဆိပ်စီမံကိန်းကို ၂၀၂၂ တွင် အပြီးဆောင်ရွက်နိုင်ရန် စီမံကိန်းလျာထား ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

''ခေတ်သစ် မြန်မာနိုင်ငံပေါ်ထွက်လာခြင်းရဲ့အခြေခံအဆောက်အအုံ တိုးတက်လာမှုမှာ ပထမဆုံးအနေနဲ့ စင်ကာပူ-ဂျပန် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူနဲ့ဂျပန်ဟာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရည်အသွေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စေ့စပ်သေချာ အလေးထားသူများဖြစ်တဲ့အတွက် လက်တွဲလုပ်ဆောင်နေပါတယ်။
စင်ကာပူရဲ့ ချန်ဂီလေဆိပ် လည်ပတ်မှုနဲ့စီမံခန့်ခွဲမှု မှတ်တမ်းများက သက်သေပြပြီးဖြစ်သလို Yongnam Holdings Limited ရဲ့ ဆောက်လုပ်ရေးကျွမ်းကျင်မှု၊ ဂျပန်နိုင်ငံလုပ်ငန်း မိတ်ဖက်ဖြစ်တဲ့ JGC Corporation ရဲ့ ပြောင်မြောက်တဲ့ အင်ဂျင်နီယာ အတတ်ပညာအစွမ်းက ဟံသာဝတီလေဆိပ်ကြီးကို ဒေသတွင်း နိုင်ငံများအကြားမှာ ထင်ရှားစေမှာဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာဖြစ်လာမယ်လို့ ယုံကြည်ပါတယ်''ဟု ၂၀၀၆ ခုနှစ်က မူဘောင်သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးလည်ပတ်နိုင်ရေးစီမံကိန်း လျာထားဆောင်ရွက်နေပြီး ပထမအဆင့်အနေဖြင့် ခရီးသည် ၁၂ သန်းနှင့် ကုန်တန်ချိန် တသိန်း လက်ခံ ဆောင်ရွက်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။ ဒုတိယအဆင့်အနေဖြင့် ခရီးသည် သန်း ၃၀ အထိ လက်ခံဆောင်ရွက်နိုင်ရေးအတွက် လျာထားပြီး အနာဂတ်တိုးတက်မြင့်မားလာမည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် နှစ်ရှည် စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ လေဆိပ်ကြီး ပြီးစီးသွားပါက မြန်မာနိုင်ငံ၏ အဓိကအချက်အချာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတခုအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်ကိုလည်း ဆက်လက် အသုံးပြုသွားမည်ဟု သိရသည်။

ယင်းအပြင် လေဆိပ်နှစ်ခုကြား ဆက်သွယ်ဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းများ ဆင်းသက်ရပ်နားမှုနှင့် လေဆိပ်နှစ်ခုတို့ ဆက်သွယ်သွားလာမှုတွင် အထပ်မြင့် အမြန်လမ်း၊ ရထားလမ်းများ ဆက်သွယ်ဖောက်လုပ်မှုတို့အတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါဌာနမှ သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service