နေပြည်တော် တည်ဆောက်စဉ် သိမ်းယူခဲ့သည့် သစ်တောကျူးမြေအတွက် တောင်သူ ၃၈၀ ကျော်အား နစ်နာကြေးပေးအပ်

နေပြည်တော် တည်ဆောက်စဉ် သိမ်းယူခဲ့သည့် သစ်တောကျူးမြေအတွက် တောင်သူ ၃၈၀ ကျော်အား နစ်နာကြေးပေးအပ် - Property News in Myanmar from iMyanmarHouse.com
30 Mar 2017 10:23 am တွင် တင်ခဲ့သည်
1246 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော် တည်ဆောက်စဉ်က သိမ်းဆည်းခံ ထားရသည့် သစ်တော ကျူးမြေ အတွက် တောင်သူ ၃၈၁ ဦးအား နစ်နာမှုထောက်ပံ့ကြေးနှင့် သီးနှံေ လျာ်ကြေးအဖြစ် ကျပ်သိန်း ကိုးထောင့်လေးရာကျော်ပေးအပ်မည်ဖြစ်ေ ကြာင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

သစ်တောကျူးမြေ စုစုပေါင်း ၈၉၉ ဧကနှင့် စိုက်ပျိုးသီး နှံများအတွက် နစ်နာမှု
ထောက်ပံ့ကြေး ကျပ်သိန်း ကိုးထောင့်လေးရာကျော်ကို မတ်လ ၂၉ ရက်က ပထမတစ်သုတ်ပေးအပ်ခဲ့ပြီး မတ်လ ၃၀ ရက်တွင် ထပ်မံ ပေးအပ်မည်ဖြ စ်သည်။

‘‘တစ်ဧကကို ဆယ်သိန်းနှုန်း နဲ့ ပေးပါတယ်’’ဟု နေပြည်တော် စည်ပင်သာ ယာရေးကော်မတီအ ဖွဲ့ဝင် ဦးမင်းသူက ပြောသည်။

ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိ မြို့နယ်ရှိ နေပြည်တော်စည်ပင် သာယာရေးေ က်ာမတီပိုင်မြေအ ဖြစ် လွှဲပြောင်းအသုံးပြုခွင့် ရရှိ သော မြေနေရာများရှိ ယခင်သစ် တောကျူးလယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများအတွက် တောင် သူများအား လျော်ကြေးပေးခဲ့သည်။

‘‘မြေယာလျော်ကြေးနဲ့အတူ တွက်ချက်လို့ရတဲ့ သီးနှံစိုက်ပျိုး ရေးဖြစ်တဲ့ စ ပါး၊ နှမ်း၊ မြေပဲအ ပြင် တခြားပန်း၊ သပြေပင် စာရင်းကောက်ပြီး လျော်ေ ကြးပေးအပ်တာပါ’’ ဟု ဦးမင်းသူက ပြော သည်။ သစ်တောအတွင်း စိုက်ပျိုး လယ်ယာမြေများနှင့် စိုက်ပျိုးသီး နှံများ အမှန်တကယ် စိုက်ပျိုးခဲ့ကြသည့်ေ တာင်သူများအား သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ ၀င်များက ကွင်းဆင်းတွက်ချက်ထားသော အချက်များအရ ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

‘‘သစ်တောမြေပိုင်ရှင် အမှန် စိစစ်ရတာ ခက်ခဲတယ်။ မြို့နယ် ထွေ အုပ်၊ မြေစာရင်းဌာန၊ စိုက်ပျိုး၊ သက်ဆိုင်ရာ ရပ်မိရပ်ဖ သက်သေတွေနဲ့ စိစစ်ပြီးမှ ပေးအပ်တာပါ’’ဟု ဦးမင်းသူက ပြောသည်။

မတ်လ ၂၉ ရက် နံနက် ၁၁ နာရီတွင် တောင်သူ ၁၅၃ ဦးကို ဇမ္ဗူသီရိမြို့နယ် အထူးစီမံကိန်းရုံး နှင့် ဒက္ခိဏသီရိမြို့နယ် စည်ပင် ပင်သာယာ အုပ်ချုပ်ရေး ရုံး၌ ပထမအသုတ် ပေးအပ်ခဲ့ပြီး မတ်လ ၃၀ ရက်တွင် တောင်သူ ၂၂၈ ဦးအား ဆက်လက်ပေးအပ်မည်ဖြစ်သည်။

‘‘တစ်ဧကကို ၁၅ သိန်း လောက်လိုချင်တာ၊ အသိမ်းခံရ တာတော့ ဆယ်နှ စ်ကျော်ပြီး၊ မရ တော့ဘူးထင်ထားတာ၊ အခုလို လျော်ကြေးရတော့ အရမ်းေ ပျာ် တယ်’’ဟု ခြောက်ဧကအတွက် လာ ရောက်လျော်ကြေးထုတ်ယူသူ အသက် (၈၀) ကျော် အရွယ် ရှိဦးကျော်စိန်က ပြောသည်။

နေပြည်တော်တည်ဆောက် စဉ်က သိမ်းဆည်းခံရသည့် မြေ စာရင်းများကို လက်ရှိအစိုးရသစ် လက်ထက်တွင် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း စိ စစ်ကာ သိမ်း ဆည်းခံရပြီး လျော်ကြေးမရရှိသူ များအား လျော်ကြေးေ ပး ခြ င်း၊ ကျေးရွာလိုက်ရွှေ့ပြောင်းပြီး နေအိမ်မရရှိသူများအား စိစစ်ကာဥပဒေနှင့် အညီ လုပ်ကိုင်ပေးနေခြင်း၊ ယခင်အစိုးရလက်ထက်က တရားစွဲဆိုခဲ့သည့် ကျူးကျော်တောင်သူ ၆၉ ဦးကို အမှုမှရုပ်သိမ်းပေးခြင်း စသည်တို့ကို ဆောင် ရွက်ပေးခဲ့သည်ဟု ဦးမင်းသူက ပြောသည်။ နေပြည်တော်တွင် လယ် ယြာေ မ သိမ်းဆည်းခံရမှုအဖြစ် လယ်မြေဧက နှစ်သောင်းသုံးထောင်ကျော်၊ သစ်တောမြေဧကသုံးသောင်းနှင့် မြေလွတ်မြေရိုင်း ဧက ရှစ်ဆယ်တို့ ရှိကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service