မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်သော်လည်း အရောင်းအဝယ်စည်

မြန်မာ့ရွှေဈေး စံချိန်တင်မြင့်တက်သော်လည်း အရောင်းအဝယ်စည် - Property News in Myanmar from iMyanmarHouse.com
30 Mar 2017 10:00 am တွင် တင်ခဲ့သည်
1953 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့ရွှေအရောင်းအဝယ် ဈေးကွက်အတွင်း မတ် ၂၂ ရက်က အခေါက်ရွှေ (မီးလင်းရွှေ)တစ်ကျပ်သားလျှင် ငွေကျပ် ၉ဝ၁၅ဝဝ အထိ စံချိန်တင်မြင့်တက် လာစဉ် ရွှေအရောင်းအဝယ်ပြုသူများက ''ဒါ မြန်မာ့ရွှေအရောင်းအဝယ်ဈေး ကွက်မှာ အမြင့်ဆုံးစံချိန်တင်လာတာပဲ'' ဟု သုံးသပ်ပြောကြားမှုကို မတ် ၂၈ ရက်က ထပ်မံမြင့်တက်လာသော ရွှေဈေးက ဖြတ်ကျော်ဖုံးအုပ်သွားခဲ့ပြန်သည်။

မြန်မာ့ရွှေဈေးမှာ အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သည့် ငွေကျပ် ၉ဝ၁၅ဝဝ မှ နောက်ရက်များအတွင်း အကျဘက်သို့ ဦးတည်လာခဲ့ပြီး မတ် ၂၇ ရက်က ငွေကျပ် ၈၉၉ဝဝဝ အထိ လျော့ကျလာခဲ့သည်။

သို့သော် မတ် ၂၈ ရက်တွင် တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းစည်းရုံးရေးမှူး ဦးအေးချို က ''မနေ့က (မတ် ၂၈ ရက်) မနက်ပိုင်းဈေးအဖွင့်မှာ ငွေကျပ် ၉ဝ၄ဝဝဝ နဲ့ စခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ငွေကျပ် ၉ဝ၆ဝဝဝ အထိ မြင့်လာပါ သေးတယ်။ ညနေဈေးကွက်အပိတ်မှာတော့ ငွေကျပ် ၉ဝ၄၅ဝဝ နဲ့ပဲ ပိတ်ခဲ့ ပါတယ်။ ကမ္ဘာ့ရွှေဈေးအနေနဲ့ အဖွင့်မှာ အမေရိကန်ဒေါ်လာ ၁၂၅၄ ရှိပြီး အပိတ်မှာ ၁၂၅၃ ရှိနေပါတယ်'' ဟု ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပေး ခဲ့သည်။
မြန်မာ့ရွှေဈေး ယခုကဲ့သို့ မြင့်တက်ရခြင်းမှာ အမေရိကန်နိုင်ငံ ဘဏ္ဍာ ရေးဈေးကွက်အတွင်း အပြောင်းအလဲများကြောင့် ဒေါ်လာဈေး အပြောင်း အလဲပေါ်မူတည်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာသကဲ့သို့ မြန်မာ့ရွှေဈေး ကပါ လိုက်မီတက်လာခြင်းဖြစ်ကြောင်း ရွှေအရောင်းပြုလုပ်သူများက သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွှေဈေးနှုန်းမြင့်တက်လာသော်လည်း ရွှေဆိုင်များ၌ အရောင်းအဝယ် စည်ကားလျက်ရှိနေသည်ဟု လသာမြို့နယ်ရှိ ဆန်းသစ်စံရွှေဆိုင်မှ အရောင်း မန်နေဂျာ ဒေါ်ပပစံက ပြောကြားသည်။

ဧပြီ ၁ ရက်မှ စတင်ကာ လက်ဝတ်ရတနာရွှေထည်ပစ္စည်းဝယ်ယူသူများထဲမှ ကုန်သွယ်ခွန် တစ် ရာခိုင်နှုန်းကောက်ခံမည်ဟု ကြေညာထားမှု ကြောင့် ရွှေဝယ်ယူသူများက ဧပြီ ၁ ရက်မတိုင်မီ ဝယ်ယူမှုများပြုနေသော ကြောင့် ဖြစ်သည်ဟု သိရသည်။

မတ် ၂၉ ရက် နံနက်ပိုင်းသည် ကမ္ဘာ့ရွှေဈေးတစ်အောင်စ ၁၂၄၈ ဒေါ်လာ စဖွင့်ပြီး မြန်မာ့ရွှေဈေးက တစ်ကျပ်သား ငွေကျပ် ၉ဝ၃ဝဝဝ ဖြစ်ကာ ညပိုင်းဈေးပိတ်ချိန်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၂၅၃ ဒေါ်လာဖြစ်ပြီး မြန်မာ့ရွှေဈေးတစ်ကျပ်သား ငွေကျပ် ၉ဝ၃၉ဝဝ ဖြင့် ပိတ်သွားခဲ့ကြောင်း သိရသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service