လင်မယားကွာရှင်းကာ အိမ်ခြံမြေဝယ်ယူခွင့်ရယူနေခြင်း ဟာကွက်ကို ကိုင်တွယ်ရန်အတွက် တရုတ်တွင် အိမ်ခြံမြေဥပဒေပြင်ဆင်

လင်မယားကွာရှင်းကာ အိမ်ခြံမြေဝယ်ယူခွင့်ရယူနေခြင်း ဟာကွက်ကို ကိုင်တွယ်ရန်အတွက် တရုတ်တွင် အိမ်ခြံမြေဥပဒေပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
29 Mar 2017 11:31 am တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းတွင် ဇနီးမောင်နှံများသည်
အိမ်ခြံမြေများ ထပ်မံဝယ်ယူခွင့်ရရန်အတွက် လင်မယားကွာရှင်းနေမှုများကို ကာကွယ်ရန် အတွက် အာဏာပိုင်တို့က အိမ်ခြံမြေဥပဒေကို ပြင်ဆင်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဇနီးမောင်နှံများသည် ဒုတိယမြောက်နေအိမ်ကို ဝယ်ယူရာတွင်
ပထမဆုံး နေအိမ်ဝယ်ယူသူများအား ပေးအပ်သည့်အခွင့်အရေး ရနိုင်ရန်အတွက် လက်ထပ်ပြီးနောက် တစ်နှစ်မပြည့်မီတွင်ပင် ကွာရှင်းမှုများပြုလုပ်လာကြသည်မှာ အလွန်များပြားလျက်ရှိနေသည်။
ယခုစည်းမျဉ်းကို တရုတ်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းနှင့်အိုးအိမ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းသစ် ၈ ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေဝယ်ယူမှုများတွင် ဟာကွက်များရှိနေသည့် ဥပဒေကို ပြီးခဲ့သော မတ်လ ၁၇ ၇က် ၊ သောကြာနေ့က ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ယခုစည်းမျဉ်းတွင် ဒုတိယအကြိမ်နေအိမ်ဝယ်ယူသူဟူသည့် စကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ချဲ့ထွင်ခဲ့ပြီး မိမိအမည်ဖြင့် နေအိမ်မဝယ်ယူဖူးသေးသော်လည်း အိမ်ခြံမြေချေးငွေရယူဖူးခြင်းရှိသူများကို ဒုတိယအကြိမ်နေအိမ်ဝယ်ယူသူဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်သစ်တစ်လုံးဝယ်ယူလိုသောကြောင့် လက်ရှိနေအိမ်ကို ရောင်းချသူများ၊ ကွာရှင်းပြတ်စဲသည့် ဇနီးမောင်နှံများကိုလည်း ပထမဆုံးနေအိမ်ဝယ်ယူသူများ၏ ခံစားခွင့် ပယ်ဖျက်လိုက်သည်။

အကယ်၍ ဇနီးမောင်နှံနှစ်ဦးသည် မတ်လ ၁၇ ရက်မတိုင်မီ ကွာရှင်းပြတ်စဲခဲ့ပြီး အိမ်ခြံမြေချေးငွေမှတ်တမ်းမရှိပါက ပထမဆုံးအကြိမ်နေအိမ်ဝယ်ယူသူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး မတ်လ ၁၇ နောက်ပိုင်းကွာရှင်းပြတ်စဲသူများကိုမူ ထည့်သွင်းစဉ်းစားတော့မည် မဟုတ်ဟု ဆိုသည်။

(မှတ်ချက်။ တရုတ်နိုင်ငံ၊ နန်ကျင်းတွင်လည်း နှစ်ရက်တာအတွင်း လင်မယားကွာရှင်းမှုပေါင်း ၁၆၀ ခန့်ရှိခဲ့သည့် သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/586381 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

ဒေသခံမဟုတ်သည့် ဝယ်လက်များအနေဖြင့် လပေါင်း ၆၀ တစ်ဆက်တည်း အခွန်ပေးဆောင်ထားခြင်းမရှိပါက ပေကျင်းတွင် အိမ်ခြံမြေဝယ်ယူခွင့်ရမည်မဟုတ်ကြောင်း ပေကျင်းအာဏာပိုင်တို့က ပြောကြားထားသည်။

ဘဏ်များကလည်း ဝယ်လက်က လက်ငင်းပေးချေမည့်ငွေ၏ ရင်းမြစ်မည်သည့်နေရာမှ ရရှိသည်ကို စုံစမ်းစစ်ဆေးမည်ဟု ဆိုသည်။
အများစုမှာ အိမ်ခြံမြေအကျိုးဆောင် (သို့မဟုတ်) အခြားငွေချေးသူများထံမှ ချေးယူကာ ပေးချေကြခြင်းကြောင့် ဖြစ်သည်။

ပေကျင်း၏ ယခုခြေလှမ်းနောက်တွင် ပြည်မကြီးရှိ မြို့ကြီး ၉ မြို့တွင်လည်း စည်းမျဉ်းတင်းကျပ်မှုများ ပြုလုပ်လာခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လင်မယားကွာရှင်းကာ အိမ်ခြံမြေဝယ်ယူခွင့်ရယူနေခြင်း ဟာကွက်ကို ကိုင်တွယ်ရန်အတွက် တရုတ်တွင် အိမ်ခြံမြေဥပဒေပြင်ဆင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service