အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေ ယခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ဖွယ် ရှိ

အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေ ယခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ဖွယ် ရှိ - Property News in Myanmar from iMyanmarHouse.com
29 Mar 2017 10:27 am တွင် တင်ခဲ့သည်
711 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက်ပါ ဥပဒေစည်းမျဉ်းများ ထည့်သွင်းရေးဆွဲထားသည့် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုဥပဒေ ယခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းမှသိရသည်။

အိမ်၊ ခြံ၊ မြေဝန်ဆောင်မှု ဥပဒေတွင် ပြည်တွင်းနိုင်ငံသားဝန်ဆောင်မှု အကျိုးဆောင်များ၊ ဝယ်ယူသူ၊ ရောင်းချသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်သာမက ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများအတွက်ပါ ဥပဒေစည်းမျဉ်းများ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေဝန် ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌဦးခင် မောင်သန်းက ''အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက အမှန်တကယ်လိုအပ်တဲ့ ဥပဒေဖြစ်တာကြောင့် အထူးရေးဆွဲ မည့်ဥပဒေအမှတ် (၄၉) အနေနဲ့ တရား ဝင်အသိအမှတ်ပြုရေးဆွဲနေကြပါပြီ။ ဒါနဲ့ပတ်သက်ပြီး ဥပဒေရေးဆွဲ တဲ့နေရာမှာ အထောက်အကူပြုဖို့အတွက် နိုဝင်ဘာ ၆ ရက်မှာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ ဆွေးနွေး ပွဲကို နေပြည်တော်မှာပြုလုပ်ခဲ့တယ်။ ဆွေးနွေးပွဲရလဒ် အကြံပြုချက်တွေ ကိုလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာကော်မရှင်ကို တင်သွင်း ထားပြီးဖြစ်တာကြောင့် ၂ဝ၁၇ ခုနှစ် မှာပဲ ဥပဒေပေါ်ပေါက်လာနိုင်ပါ တယ်''ဟု မတ် ၂၇ ရက်က UMFCCI ၌ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းအ ထူးညီလာခံ (၂ဝ၁၇-၂ဝ၂ဝ)အခမ်း အနား၌ ပြောသည်။

ယင်းဥပဒေကိုပြဋ္ဌာန်းနိုင်ခြင်း ဖြင့်မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း ရောင်း၊ ဝယ်မှုများမှာ ပိုမိုစနစ်ကျမည်ဖြစ်ပြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများသည်လိုင်စင်ဖြင့် လုပ်ကိုင်လာရမည် ဖြစ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်းဖြစ်ပေါ်နေသော ရောင်း မှား၊ ဝယ်မှားကိစ္စရပ်များနှင့်ဈေးကစားမှုများကို ထိန်းချုပ်လာနိုင်မည့်အပြင် နိုင်ငံတော်အနေဖြင့် အိမ်၊ ခြံ၊ မြေ ကဏ္ဍမှရရှိသောအခွန်များပိုမိုစီးဝင်လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်း ရေးမှူးချုပ်ဒေါ်မို့မို့အောင်က ''နိုင်ငံခြားသားတွေရင်းနှီးမြှုပ်နှံဖို့အတွက် ခိုင်မာတဲ့ဥပဒေတစ်ရပ်လိုအပ်တယ်။ ဥပဒေတစ်ရပ်မရှိသေးတဲ့အတွက် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း စောင့်ကြည့်တဲ့ကာလလို့ ပြောလို့ရတယ်။ ဥပဒေမူကြမ်းထဲမှာတော့ အိမ်ခြံမြေနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံသူတွေအတွက် ခိုင်မာမှုရှိအောင် အိမ်ခြံမြေလုပ်နေတဲ့ကုမ္ပဏီတွေဆိုင်းဘုတ်တင်လုပ်နေတဲ့လူတွေ တစ်ဦးတစ်ယောက်တည်းလမ်း လျှောက်လုပ်ကိုင်နေသူတွေအတွက် ပွဲခရရှိတဲ့စနစ်၊ လုပ်ငန်းလုပ်ကိုင်သူအကျိုးဆောင်တွေအားလုံးကလည်း စနစ်တကျနဲ့လုပ်ကိုင်ဖို့အတွက် အဓိကထားထည့်ထားပါတယ်။ ဥပဒေထွက်လာရင် အိမ်၊ ခြံ၊ မြေတွေကပုံ မှန်ပြန်ကောင်းလာမှာပါ။ ဒါပေမဲ့ ၂ဝ၁၂၊ ၂ဝ၁၃၊ ၂ဝ၁၄ လို အတက်အကျကြမ်းတာမဟုတ်ဘဲ ပုံမှန်အနေအထားနဲ့ အိမ်၊ ခြံ၊ မြေကဏ္ဍပြန် ကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်''ဟု ပြောသည်။်ယခုနှစ်အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း အရောင်းအဝယ်အေးစက် ခြင်းနှင့်အတူ ဈေးနှုန်းများကိုလျှော့ချရောင်းချလာခြင်းကြောင့် ယခုအချိန်သည် ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးအချိန်ဖြစ်နေကြောင်း သိရသည်။

Credit: Dmocracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service