မြောက်ဥက္ကလာပမြို့နယ် အဝိုင်းကြီး ဘတ်စ်ကားမှတ်တိုင်အနီးမှာ စက်လှေ ကားတပ် လူကူးခုံးတံတားကို လာမယ့် ဘဏ္ဍာရေးနှစ် ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘတ်ဂျက်မှာ တည်ဆောက်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ် ။
သည်လနောက်ဆုံးအပတ်က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေးမှာ စက်လှေကားပါတဲ့ လူကူးခုံး တံတားကို လာမယ့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲဝေ ရရှိ မှု ပေါ်မှုတည်ပြီး တည်ဆောက်ပေးမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ် ။
အဝိုင်းကြီးကားမှတ်တိုင်မှာ စက်လှေကားတပ် လူကူးခုံးတံတား တည်ဆော က်ဖို့ အစီအစဉ်ရှိမရှိ မြောက်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က လွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ် ။
သည်မေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြည်ပ ခရီးသွားေ ရာက်နေလို့ မြို့တော်ဝန်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်ေ သာင်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ‘အမှန်တကယ်လဲ အဲဒီနေရာက လမ်းကကျယ်တာကတစ်ကြောင်း ၊ အချက် အချာကျတဲ့နေရာလဲဖြစ် ၊ အဝိုင်းမှာ လူကူးခုံးတံတား လိုအပ်နေတယ် ဆို တာလဲ သိရပါတယ် ၊ အဝိုင်းကြီးကားမှတ်တိုင် စက်လှေကားပါ ခုံးတံတား တည်ဆောက်ဖို့ကို လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ ဘဏ္ဍာငွေခွဲဝေ ရရှိမှုေ ပါ် မူတည်ပြီး ဆောင်ရွက်ပေးမယ်’ လို့ ဖြေကြားခဲ့ပါတယ် ။
မြောက်ဥက္ကလာပမြို့နယ် ၁၉၈၅ ခုနှစ်မှာ မြို့သစ်အဖြစ် ရန်ကုန်မြို့ရဲ့ မြော က်ဘက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ နောက်ထပ်မြို့သစ်တြွေ ဖစ်တဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ ရွှေပေါက္ကံ ၊ ဝေဘာဂီ စတဲ့မြို့သစ်တွေ ဝန်းရံနေတဲ့မြို့လည်း ဖြစ်ပါတယ် ။ မြန်မာနိုင်ငံအထက်ပိုင်း ကို သွားရောက်နိုင်တဲ့ အောင်မင်္ဂလာအဝေးပြေး ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ မြို့နယ်ဖြစ်ပါတယ် ။
မြောက်ဥက္ကလာပ မြို့နယ်က အဝိုင်းကြီး ဘတ်စ်ကားမှတ်တိုင်နေရာဟာ အဝေးပြေးလမ်းမကြီး ဖြတ်သန်းရာ ရန်ကုန်မြို့နဲ့ ဆက်သွယ်ပေးပြီး ဒဂုံ တက္ကသိုလ် ၊ မှော်ဘီနည်းပညာတက္ကသိုလ်ကို သွားလာတဲ့ ကျောင်း ကားေ တွ ၊ ကိုယ်ပိုင်ယာဉ်နဲ့ ဘတ်စ်ကားတွေ ဖြတ်သန်းသွားလာမှုများပြီး ရှစ်လမ်း သွား ကားလမ်းမဖြစ်တာကြောင့် လမ်းကူးရခက်ခဲပြီး ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ် ။
Credit: The Kumudra