ရှန်ဟိုင်းအိမ်သစ်ရောင်းအား အရှိန်မပါ မြင့်တက်ဆဲ

ရှန်ဟိုင်းအိမ်သစ်ရောင်းအား အရှိန်မပါ မြင့်တက်ဆဲ - Property News in Myanmar from iMyanmarHouse.com
28 Mar 2017 9:28 am တွင် တင်ခဲ့သည်
1108 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်သစ်ဝယ်လက်များအကြား ၀ယ်လိုအား သို့မဟုတ် အိမ်သစ်ရောင်းအား ပြန်လည်မြင့်တက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်တိုင် ဆက်လက်
မြင့်တက်ခဲ့ကြောင်း၊ သို့သော်လည်း ဈေးကွက်အတွင်း ထိုအဟုန်သည် ယေဘုယျအားဖြင့် အရှိန်မပါ အားပျော့ဆဲဖြစ်ကြောင်း ယမန်နေ့ (မတ် ၂၇) က ထွက်ရှိလာသည့် နောက်ဆုံးရဈေးကွက်အချက်အလက်များအရ သိရသည်။

အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ပြီးခဲ့သည့်တနင်္ဂနွေ
(မတ် ၂၆) တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့်သီတင်းပတ်တွင် အိမ်သစ်ရောင်းချရမှုဧရိယာသည် ၁၈၀,၀၀၀ စတုရန်းမီတာရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၁၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယမန်နေ့ (မတ် ၂၇) တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မြို့စွန်ခရိုင်ဖြစ်သော ကျားသင်းခရိုင်သည် အိမ်သစ်ဧရိယာ စံချိန်တင်ရောင်းချရမှုအဖြစ် ၃ သောင်းခွဲ စတုရန်းမီတာ ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံးခရိုင်အဖြစ် သီတင်း
ပတ်နှစ်ပတ်ဆက်တိုက် ဗိုလ်စွဲထားဆဲဖြစ်သည်။

"တစ်ပတ်တာရောင်းအားတွေ ဆက်တိုက်မြင့်တက်လာတာ
ဖြစ်သင့်ပါတယ်။ အိမ်သစ်ရောင်းလိုအားကလည်း လာမယ့်သီတင်းပတ်နှစ်ပတ်လောက်တော့ မြင့်တက်မယ်လို့ခန့်မှန်းရလို့ပါ" ဟု Centaline မှ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချခဲ့ရသည့် အိမ်သစ်များ၏ ပျမ်းမျှဈေးနှုန်းသည်၁ စတုရန်းမီတာလျှင် ၄၇,၅၂၁ ယွမ်
(အမေရိကန်ဒေါ်လာ ၆,၈၉၈) ရှိခဲ့ပြီး ယင်းမတိုင်မီ
သီတင်းပတ်ထက် ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း
Centaline ၏ ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Shanghai Uwin အိမ်ခြံမြေသတင်းအချက်အလက်ဝန်ဆောင်
မှုကုမ္ပဏီက ထုတ်ပြန်ခဲ့သည့် သုတေသနတစ်ရပ်ကလည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း
ရောင်းချခဲ့ရသည့် အိမ်သစ်များ၏ ၇၅ ရာခိုင်နှုန်းကျော်သည် ၁ စတုရန်းမီတာလျှင် ယွမ်၆ သောင်းနှင့် ယင်းအောက်နည်းသော
ဈေးတို့ဖြင့် ရောင်းချခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ကျားသင်းခရိုင်ရှိ တိုက်ခန်းအိမ်ရာစီမံကိန်းတစ်ခုသည် တတိယမြောက်သီတင်းပတ်ဆက်တိုက်အဖြစ် ဆက်လက်၍ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။ အခန်းပေါင်း ၂၅၃ ခန်း
ရောင်းချခဲ့ရပြီး ၁ စတုရန်းမီတာလျှင် ပျမ်းမျှဈေးနှုန်းမှာ
၃၁,၁၄၂ ယွမ် ရှိခဲ့သည်။

ရောင်းလိုအားအားဖြင့်မူ ပြီးခဲ့သည့်သီတင်းပတ်၏
အိမ်သစ်ဈေးကွက်တွင် စတုရန်းမီတာ၇ သောင်း ၆ ထောင် ဈေးကွက်ထဲရောက်ရှိလာခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက်
၂၄ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service