ရန်ကုန်စတော့အိတ်ချိန်းတွင် အက်ဖ်အမ်အိုင်က ကျပ် ၄၇ ဘီလီယံဖြင့် တစ်နှစ်အတွင်း ရှယ်ယာအရောင်းအ၀ယ်အများဆုံးအဖြစ် ရပ်တည်

ရန်ကုန်စတော့အိတ်ချိန်းတွင် အက်ဖ်အမ်အိုင်က ကျပ် ၄၇ ဘီလီယံဖြင့် တစ်နှစ်အတွင်း ရှယ်ယာအရောင်းအ၀ယ်အများဆုံးအဖြစ် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
27 Mar 2017 10:52 am တွင် တင်ခဲ့သည်
1620 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့ အိတ် ချိန်းတွင် FMI ကုမ္ပဏီသည် ကျပ် ၄၇ ဘီလီယံဖြင့် တစ်နှစ်အတွင်း အများဆုံးရှယ်ယာ အရောင်းအ၀ယ်ဖြစ်ခဲ့သည့်
ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၂၀၁၆ မတ်လ ၂၆ ရက် တွင် ရှယ်ယာအရောင်းအ၀ယ်စတင်ခဲ့သည့် ရန်ကုန်စတော့အိတ် ချိန်းသည် ရှယ်ယာစုစုပေါင်းတန် ဖိုး ကျပ် ၈၀ ဘီလီယံခန့်ရှိပြီးယင်း တို့အနက် FMI ကုမ္ပဏီက ရှယ်ယာအများဆုံး အရောင်းအ၀ယ် ဖြစ်ခဲ့သည်။

FMI ကုမ္ပဏီသည် ၂၀၁၆ မတ်လအတွင်းက ရှယ်ယာအများ ဆုံးအရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ထို ကာလကတစ်ပတ်အတွင်း ကျပ် ၂၄ ဘီလီယံ အရောင်းအ၀ယ် ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းက
ထုတ်ပြန်သောစာ ရင်းများအရသိရသည်။ ၂၀၁၇ မတ်လ ၂၄ ရက်အထိ
ကျပ်တစ်ဘီလီယံခန့် အရောင်းအ၀ယ်ဖြစ် ခဲ့သည်။

‘‘FMI ကစတော့မှာ စ၀င်တဲ့ အချိန်မှာ လူစိတ်ဝင်စားမှုအများ ဆုံးဖြစ်ပြီး အ၀ယ်လိုက်ခဲ့တယ်။ ဈေးလည်း တစ်ရှိန်ထိုးတက်ခဲ့ တယ်။ နောက်ပိုင်း စတော့ရှယ် ယာကို အရှုံးများလို့ အ၀ယ်နည်း လာတယ်။ အခုကုမ္ပဏီက လုပ် ငန်းအသစ် ပြန်စတဲ့အချိန်မှာ ရှယ်ယာဝယ်ချင်တဲ့သူ နည်းနည်း များလာတယ်’’ဟု FMI ရှယ်ယာ ၀ယ်ထားသည့် အမျိုးသမီးက
ပြောသည်။

လေကြောင်း၊ ဟိုတယ်နှင့် ဘဏ်လုပ်ငန်းများကို ရင်းနှီးမြှုပ် နှံသည့် FMI ကုမ္ပဏီသည် ရန် ကုန်စတော့အိတ်ချိန်းသို့ စတင် ၀င်ရောက်ချိန်က ရှယ်ယာတစ်စု လျှင် အခြေခံဈေးနှုန်း ကျပ် ၂၆,၀၀၀ သတ်မှတ်ခဲ့သည်။ FMI ရှယ်ယာဈေးသည် ၂၀၁၆အတွင်း အမြင့်ဆုံးဈေးကျပ် ၄၁,၀၀၀ အထိ မြင့်တက်ပြီး အနိမ့်ဆုံးဈေး ကျပ် ၁၃,၅၀၀ အထိ ရှိခဲ့သည်။

၂၀၁၇ တွင် FMI ကုမ္ပဏီက မြန်မာ့မီးရထားရုံးချုပ်ဟောင်း ကို ဟိုတယ်၊ လူနေအိမ်၊ ရုံးခန်းများ ပါဝင်တည်ဆောက်မည့် Land-mark စီမံကိန်းကြောင့် မတ်လ ၁ ရက်တွင် အစုရှယ်ယာတစ်စုလျှင် ၂၁,၅၀၀ ကျပ်အထိ ဈေးနှုန်း တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ကုမ္ပဏီများစာရင်း ၀င် ရောက်ပြီးနောက် ရှယ်ယာအ ရောင်းအ၀ယ်လုပ်ရာ၌ ရှယ်ယာဈေးများကျဆင်းနေခြင်း ကြောင့် စာရင်းဝင်ကုမ္ပဏီများအ နေဖြင့် ဈေးကွက်ဝင်ရောက်ရန် စောင့်ဆိုင်းနေသည်။

၂၀၁၇ မတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည့် Oxford Business Group စစ်တမ်း၌ ပြည်တွင်း ကုမ္ပဏီ ၅၇ ဒသမ ၁ ရာခိုင်နှုန်း သည် ရန်ကုန်စတော့အိတ်ချိန်း သို့ ၀င်ရောက်ရန် စိတ်ဝင်စားမှုမရှိ ကြောင်းနှင့် ၀င်ရောက်နိုင်ခြေရှိ သည့် ကုမ္ပဏီ ၁၇ ဒသမ ၁ ရာ ခိုင်နှုန်းရှိကြောင်း ဖော်ပြထား သည်။ရန်ကုန် စတော့အိတ်ချိန်း တွင် FMI ကုမ္ပဏီ၊ သီလ၀ါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၊ မြန်မာနိုင်ငံသားများ ဘဏ်(UAB)နှင့် ပထမ ပုဂ္ဂလိက ဘဏ်(FPB)တို့ စာရင်းဝင်ထားပြီး ရှယ်ယာများ အရောင်းအ၀ယ် ပြု လုပ်လျက်ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service