အာရှ၏ အကောင်းတကာ့အကောင်းဆုံးစီးပွားရေးအဖြစ် စင်္ကာပူ ဗိုလ်စွဲဆဲ

အာရှ၏ အကောင်းတကာ့အကောင်းဆုံးစီးပွားရေးအဖြစ် စင်္ကာပူ ဗိုလ်စွဲဆဲ - Property News in Myanmar from iMyanmarHouse.com
27 Mar 2017 10:50 am တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး
ထုတ်ပြန်ချက်သစ်တစ်ရပ်အရ စင်္ကာပူသည် အာရှတွင် စီမံအုပ်ချုပ်မှုဆိုင်ရာ အကောင်းဆုံးဝန်ဆောင်မှုရှိကြောင်း သိရပြီး အကောင်းဆုံးစီးပွားရေးဝန်းကျင်ကို ပေးစွမ်းနိုင်ကြောင်း
သိရသည်။

စင်္ကာပူသည် အာရှတွင် အကောင်းတကာ့အကောင်းဆုံးစီပွားရေးအဖြစ် လေးနှစ်ဆက်တိုက် ဗိုလ်စွဲလာခဲ့ကြောင်း တူဒေးအွန်လိုင်းဝက်ဘ်ဆိုက်က်ဒ်က ၂၀၁၆ ခုနှစ်၏ Asian
Competitiveness အစီရင်ခံစာကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယင်းစာရင်းတွင် ဟောင်ကောင်က ဒုတိယနှင့် တောင်ကိုရီးယားက တတိယနေရာတွင်ဖော်ပြခံခဲ့ရသည်။ ထိုင်ဝမ်၊ သြစတြေးလျနှင့် နယူးဇီလန်တို့က စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမ
နေရာတို့တွင် ရှိခဲ့ကာ အာရှ၏ အကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်က န၀မနေရာတွင်ရှိဆဲဖြစ်သည်။

နယူးဇီလန်နှင့် သြစတြေးလျအပါအ၀င် အာရှစီးပွားရေး ၃၇ ခုကို လေ့လာ၍ အထက်ပါစစ်တမ်းကို နိုင်ငံတကာစီးပွားရေးဖလှယ်မှုဆိုင်ရာ တရုတ်ဗဟိုဌာနက ပြုလုပ်ခဲ့ခြင်း ဖြစ်
သည်။

၎င်းဌာနက ပြုလုပ်ခဲ့သည့် လူသားရင်းမြစ်အင်အားနှင့် ဆန်းသစ်တီထွင်နိုင်စွမ်း၊ အခြေခံအဆောက်အအုံဆိုင်ရာ စစ်တမ်းတွင်လည်း စင်္ကာပူသည် တတိယနေရာ ရရှိခဲ့ပြီး အလုံး
စုံယေဘုယျစီးပွားရေးခိုင်မာမှုတွင် စတုတ္ထနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု၌ ဆဋ္ဌမနေရာ ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါအစီရင်ခံစာစစ်တမ်းများသည် တရုတ်နိုင်ငံ ဟိုင်နန်မြို့တွင် ယခု မတ် ၂၃ မှမတ်၂၆ အထိ လေးရက်ကြာ ကျင်းပခဲ့သည့် Boao Forum အာရှနှစ်ပတ်လည်
အစည်းအဝေးတွင် ထွက်ရှိထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် တရားဝင်တည်ထောင်ခဲ့သည့် Boao Forum သည် အစိုးရမဟုတ်သော၊ အကျိုးအမြတ်အတွက် မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အာရှအကြား၊ အာရှနှင့် အခြားကမ္ဘာ့အစိတ်အပိုင်း၏ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဖလှယ်မှုနှင့် ညိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆောင်ရွက်ပေးသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service