စူးအက်တူးမြောင်း ကုန်တင်ဆိပ်ကမ်းသစ်အတွက် အာရှရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီဂျစ်မျှော်လင့်

စူးအက်တူးမြောင်း ကုန်တင်ဆိပ်ကမ်းသစ်အတွက် အာရှရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီဂျစ်မျှော်လင့် - Property News in Myanmar from iMyanmarHouse.com
24 Mar 2017 11:07 am တွင် တင်ခဲ့သည်
4093 ကြိမ် ကြည့်ရှု့ပြီး
စူးအက်တူးမြောင်းအဆုံး ၊ မြေထဲပင်လယ်တွင်
ကုန်တင်ဆိပ်ကမ်းသစ်တစ်ခု ဆောက်လုပ်ရေးအတွက် အာရှမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီဂျစ်အာဏာပိုင်တို့က မျှော်လင့်နေကြကြောင်း ဂျပန်အခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အီဂျစ်အာဏာပိုင်တို့သည် စင်္ကာပူ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့
(PSA) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း တရုတ်အစိုးရပိုင် သင်္ဘောလိုင်းကုမ္ပဏီဖြစ်သော COSCO မှ ကမ်းလှမ်းလာဖွယ်ရှိမည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားလျက်ရှိကြသည်။

PSA သည် ကမ္ဘာ့အကြီးမားဆုံး ဆိပ်ကမ်းအော်ပရေတာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်အစိုးရပိုင်
“တရုတ်သမုဒ္ဒရာ သင်္ဘောလိုင်းကုမ္ပဏီ- COSCO ” မှာ
သင်္ဘောလိုင်းနှင့် ထောက်ပို့ဝန်ဆောင်မှုများ
ကမ္ဘာတစ်ဝန်းဖြန့်ကျက်
လုပ်ဆောင်နေသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။

“စင်္ကာပူရဲ့ PSA ထံက အပြီးသတ် မာစတာပလန်ကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။ စူးအက်တူးမြောင်းစီးပွားရေးဇုန် အထွေထွေအာဏာပိုင်အဖွဲ့ဟာ လက်ရှိအားဖြင့် PSA နဲ့
ဆွေးနွေးညှိနှိုင်းမှုတွေ ထိထိရောက်ရောက် ပြုလုပ်နေပါတယ်” ဟု စူးအက်တူးမြောင်းအာဏာပိုင်အဖွဲ့၏ ဥက္ကဌဖြစ်သူ မိုဟက်ဘ် မာမစ်ရှ်က ပြောကြားသည်။

“PSA International နဲ့ ဆွေးနွေးမှုတွေ လမ်းကြောင်းပေါ်မှာ ဆက်ရှိနေပါတယ်” ဟု ရေကြောင်းနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ အကြီးအကဲ မိုဟာမက် ယူဆက်ဖ်က ပြောကြားလိုက်ပြီး သတင်းမီဒီယာများတွင် ရေးသားဖော်ပြလျက်ရှိနေသည့် ဆွေးနွေးမှု များ ရပ်ဆိုင်းသွားပြီဟူသော သတင်းများကို ပယ်ချလိုက်သည်။

အီဂျစ်ငွေတန်ဖိုးကျဆင်းနေမှုကလည်း အီဂျစ်တွင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ယေဘုယျအားဖြင့် ရာသီဥတုကောင်းမွန်မည်ကို
ပြသနေခြင်းဖြစ်ကြောင်း သုတေသီတို့က သုံးသပ်ကြသည်။
စူးအက်တူးမြောင်း ကုန်တင်ဆိပ်ကမ်းသစ်ဆောက်လုပ်ရာတွင်
အီဂျစ်ပေါင်ငွေ ၆ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စူးအက်တူးမြောင်း ကုန်တင်ဆိပ်ကမ်းသစ်အတွက် အာရှရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီဂျစ်မျှော်လင့် - Property News in Myanmar from iMyanmarHouse.com
စူးအက်တူးမြောင်း ကုန်တင်ဆိပ်ကမ်းသစ်အတွက် အာရှရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီဂျစ်မျှော်လင့် - Property News in Myanmar from iMyanmarHouse.com
စူးအက်တူးမြောင်း ကုန်တင်ဆိပ်ကမ်းသစ်အတွက် အာရှရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရန် အီဂျစ်မျှော်လင့် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service