ရန်ကုန် - ဟံသာဝတီ- ပဲခူး စင်္ကြန် နှင့် ရန်ကုန် အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးရေး Master Plan ကိုစတင် ရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Master Plan ရေးဆွဲခြင်း အတွက် Project Steering Committee ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို
မတ် ၂၂ရက် က ပြုလုပ်ခဲ့သည်။
မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ KOICA တို့ ပူးပေါင်း၍ ရန်ကုန် - ဟံသာဝတီ- ပဲခူး စင်္ကြန် နှင့် ရန်ကုန် အနောက်တောင်ပိုင်း ဒေသ ဖွံ့ဖြိုးရေး Master Plan ရေးဆွဲခြင်း အတွက် Project Steering Committee ၏ ပထမအကြိမ် လုပ်ငန်ဒအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် Master plan ရေးဆွဲရန်စီစဉ်နေခြင်းဖြစ်သည်။
နိုင်ငံသား အားလုံး လူနေမှု အဆင့်အတန်း မြှင့်တင်စေပြီး ယဉ်ကျေးမှု အမွေအနှစ်မပျောက် ပျက်စေဘဲ သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွား ပတ်ဝန်းကျင်းကို ဖွံ့ဖြိုးစေသည့် ကျေးလက်နှင့် မြို့ပြများ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် အဆောက်အဦများ ထူထောင် တည်ဆောက် သွားနိုင်ရေး အတွက် အဓိကရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
KOICA Consortium ၊ Master Plan Regional Development Plan , Regional Transportation Plan , Legal System, Future Plan , Action Plan စသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အဆိုပါ Master plan ကိုရေးဆွဲသွားရန်စီစဉ်နေကြောင်းသိရသည်.
ရန်ကုန် - ဟံသာဝတီ- ပဲခူး စင်္ကြန်လမ်းသည်ဟံသာဝတီ လေဆိပ်စီမံကိန်းအထိ ဖောက်လုပ်ရန်ရည်ရွယ်ထားပြီး အနာဂတ်တွင် စီးပွားရေးမြို့တော်ရန်ကုန်၏ သယ်ယူပို့ဆောင်ရေး အဓိကလမ်းမကြီး အဖြစ်ရည်ရွယ်ထားသည်
ရန်ကုန် အနောက်တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးတွင်မူရေနက်ဆိပ်ကမ်းများနှင့်စက်မှုဇုန် လုပ်ငန်းများ
ပါဝင်မည်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com