ဂျပန်ရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဧည့်ခံကြိုဆိုရေးလုပ်ငန်းကုမ္ပဏီ
HIS Co ဟာ ယခုသီတင်းပတ်ထဲမှာပဲ စက်ရုပ်တွေကို
ဝန်ထမ်းခန့်ထားတဲ့ ယင်းရဲ့ ဒုတိယမြောက်
Henn Na ဟိုတယ်ကို တိုကျိုမြို့က
Disney Resort အနီးမှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ Henn Na လို့အမည်ပေးထားတဲ့ ဟိုတယ်တွေ
မှာတော့ ဧည့်ခံကြိုဆိုရေးပိုင်းမှာ စက်ရုပ်တွေကို
တစ်ချို့တစ်ဝက် ထားရှိ အသုံးတော်ခံစေလျက်ရှိပါတယ်။
ယင်းကုမ္ပဏီရဲ့ အဆိုပါအမျိုးအစား ပထမဆုံး ဟိုတယ်
ကိုတော့ ၂၀၁၅ ခုနှစ်က နာဂါစာကီမြို့အနီး ပန်းဥယျာဉ်
တစ်ခုအနီးမှာ
ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။
HIS Co ကုမ္ပဏီအနေနဲ့ ယခုလိုမျိုး စက်ရုပ်တွေကို ၀န်ထမ်းခန့်ထား
မယ့် .ယင်းရဲ့ဟိုတယ်တွေကို ကမ္ဘာတစ်ဝှမ်းမှာပါ တိုးချဲ့ဖွစ်လှစ်သွားဖို့ စီစဉ်ထားပြီး လာမယ့်ငါးနှစ်အတွင်း ဟိုတယ်အလုံးပေါင်း
၁၀၀ ကျော်ထိ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
" ခုလို ဟိုတယ်ရဲ့ reception ကောင်တာမှာ စက်ရုပ်တွေကို
ထားပေးတာမျိုး၊ အခြားနေရာတွေမှာပါ စက်ရုပ်တွေကို အသုံး
ပြုတာက ယနေ့ကမ္ဘာပေါ်မှာ ကျွန်တော်တို့ အဖြစ်ချင်ဆုံးရည်
ရွယ်ချက်လည်း ဖြစ်ပါတယ်၊ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး
သော ဟိုတယ်တွေ ကျွန်တော်တို့ ဖွင့်လှစ်ပေးချင်ပါတယ်" လို့
HIS ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌ Hideo Sawada က
ပြောပါတယ်။
ယခု ဒုတိယမြောက်ဖွင့်လှစ်လိုက်တဲ့ ဟိုတယ်ရဲ့ reception
မှာရှိနေမယ့် စက်ရုပ်တွေကတော့ အင်္ဂလိပ်ဘာသာစကား၊ ဂျပန်၊
တရုတ်၊ ကိုရီးယားဘာသာစကားတွေပါ ပြောဆိုနိုင်မယ်လို့
သိရပါတယ်။
အလားတူ လာရောက်တည်းခိုမယ့် ဧည့်သည်တွေရဲ့
အိတ်တွေကို စက်ရုပ်တွေက အခန်းထဲထိ လိုက်ပို့ပေးတာ၊
ပြတင်းပေါက်၊ကောဇောတွေ သန့်ရှင်းရေးလုပ်တာတွေပါ
ကူညီလုပ်ကိုင်ပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Credit: SFJ Strategy First