ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်သစ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များ သာမက ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးမည်

ထပ်မံဖော်ထုတ်မည့် စက်မှုဇုန်သစ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များ သာမက ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုပါ လုပ်ကိုင်ခွင့်ပေးမည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2017 11:09 am တွင် တင်ခဲ့သည်
1672 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိ ရှိနေသော စက်မှုဇုန်အဟောင်းများမှာ အရည်အသွေး နိမ့်ကျမှုေ ကြာင့် စက်မှုဇုန်အသစ်များကို ထပ်မံဖော်ထုတ် သွားမည်ဖြစ်ကာ အဆိုပါ ဇုန်များတွင် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ကိုပါ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက ပြောကြားလိုက်သည်။ မတ် ၁၈ ရက်က ရန်ကုန်မြို့ နိုဗို တယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြဲ့ ခင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ''လက်ရှိ ရှိနေတဲ့ စက်မှုဇုန် တွေ၊ စီး ပွားရေးဇုန်တွေ၊ Special Economic Zone တွေကို ပြန်သုံး သပ်တဲ့အခါ ကျတော့ လွန်ခဲ့တဲ့နှစ် တော်တော်များများကတည်းက ဒီဟာတွေကို အေ ကာင်အထည် ဖော်လာခဲ့တယ်။ အကောင်အထည် ဖော်လာခဲ့တဲ့ အချိန်ေ တွမှာလည်း စပြီးတော့ အကောင်အထည်ဖော် တည်ဆောက်ကတည်းကိုက One Establish မဖြစ်ခဲ့ဘူး။ One Organize မဖြစ်ခဲ့ဘူး။ စက်မှုဇုန် တွေ ဟာ အရည်အသွေးနိမ့်ကျနေတယ်။ အဲ့ဒီတော့ လက်ရှိ ရှိနေတဲ့ စက်မှုဇုန် အဟောင်းတွေကို အရည်အသွေးပြန်လည်မြှင့်တင်ဖို့ဆိုရင် အင်မတန် ခက် ခဲတယ်။ ဒါကြောင့် ကျွန်တော်တို့ စက်မှုဇုန်အသစ်တွေကို ထပ်မံပြီးတော့ တိုးချဲ့ဖော်ထုတ်သွားဖို့ရှိပါတယ်''ဟု ပြောကြားခဲ့သည်။ အသစ်ထပ်မံဖော် ထုတ်မည့် စက်မှုဇုန်များတွင် ယခင်ဖော်ထုတ်ခဲ့သော စက်မှုဇုန်အဟောင်း များမှ ရင်းနှီးမြှုပ်နှံသူများကို ပါဝင်ခွင့်ပေးသွားမည်ဖြစ်ပြီး အသစ် ရင်းနှီးမြှု ပ်နှံမည့် သူများကိုလည်း ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်း အပြင် ထပ်မံဖော်ထုတ် မည့် စက်မှုဇုန်အသစ်များတွင် Developer များကို လည်း သေချာစိစစ် သွားမည်ဖြစ်ပြီး အမှန်တကယ်လုပ် ကိုင်နိုင်စွမ်းရှိသော လုပ်ငန်းကိုသာ Developer အဖြစ်လုပ်ကိုင်ခွင့်ပေးသွား မည်ဖြစ်ေ ကြာင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

''ကျွန်တော်တို့ အတွေ့အကြုံအရ ဘာဖြစ်လဲဆိုရင် Developer ပဲ။ စက်မှု ဇုန် တစ်ခုကို Developer လုပ်မယ်ဆိုပြီးတော့ ကိုယ်တကယ် လုပ်နိုင်စွမ်း မရှိဘဲ အခွင့်အရေးကို ရအောင်ယူတယ်။ ပြီးတော့လာပြီး ရင်းနှီးမြှုပ်နှံမှု ရှိ လား။ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို ခေါ်ပြီး တော့ ကျွန်တော် တို့ နေရာပေးပြီးတော့ Develop လုပ်တယ်ဆိုတာဟာ နည်းလမ်း မမှန်ပါ ဘူး။ Developer ပိုင်း မှာဆိုရင်လည်းပဲ Consortium ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ြ ဖစ် Develop လုပ်ချင်ရင် တကယ်လုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်ေ တ်ာတို့ပေးသွားမှာပါ။ ဒါပေမဲ့ အရင်လိုသူများအရင်းအနှီးကို ကိုယ့်အရင်း အနှီး အ ဖြစ် Develop လုပ်တဲ့စနစ်ကိုတော့ ကျွန်တော်လက်ခံသွားမှာ မဟုတ်ပါဘူး။ တကယ်လုပ်နိုင်ရမယ်။ သတ် မှတ်ထားတဲ့ အချိန်ကာလ အ တွင်းမှာ Develop လုပ်နိုင်ရမယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ အဆို ပါ အသစ်ဖော်ထုတ်မည့် စက်မှုဇုန်များတွင် ပြည်တွင်းမှ ပုဂ္ဂလိက လုပ်ငန်း ရှင်များသာမက၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကိုပါ ပါဝင်ခွင့်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ သည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service