ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ

ပြည်ပ အိမ်ခြံမြေ သတင်း | 21 Mar 2017 11:16 am | 712 ကြိမ် ကြည့်ရှု့ ပြီး
Posted by ရွှေစင်ဝင်း (iMyanmarHouse.com) | အနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်

ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံရှိ ကမ္ဘာကျော်အပန်းဖြေကျွန်းဖြစ်သော ဖူးခက်တွင် အိမ်ခြံမြေလိမ်လည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက်တစ်ဦးကို ထိုင်းရှေ့နေတစ်ဦးက
အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘီဘီစီသတင်းထောက်နှင့်အတူ လိမ်လည်ခံရသူ
နိုင်ငံခြားသားကိုလည်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားတွေ့ရှိပါက ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ဒ်သည် ထောင်ဒဏ် ၅ နှစ်ကျခံရဖွယ်ရာရှိသည်။

ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော အသရေဖျက်မှုနှင့် ကွန်ပြူတာရာဇဝတ်မှုဥပဒေများသည် စုံစမ်းဖော်ထုတ်သတင်းရယူသည့် စာနယ်ဇင်းကဏ္ဍကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပြီး အကျင့်ဖျက်ခြစားမှုများ နေရာစုံဖြစ်ပွားလျက်ရှိသည့် ထိုင်းနိုင်ငံ၏ မတရားမှုများကို ဖော်ထုတ်ရန် ခက်ခဲစေလျက်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။

ဘီဘီစီသတင်းဌာန၏ အရှေ့တောင်အာရှဆိုင်ရာသတင်းထောက် ဂျိုနသန်ဟက်ဒ်သည် ၂၀၁၅ ခုနှစ်အတွင်းက ဖူးခက်တွင် အငြိမ်းစား နိုင်ငံခြားသား ၂ ဦး အိမ်ခြံမြေအလိမ်ခံခဲ့ရပုံကို ဖော်ထုတ်ရေးသားခဲ့ခြင်း ဖြစ်သည်။

ဂျိုနသန်ဟက်ဒ်သည် ဖူးခက်ရှိ တရားရုံးတွင် ဗြိတိန်နိုင်ငံသား၊ အငြိမ်းစားတစ်ဦးဖြစ်သူ အီယမ် ရန့်စ်နှင့်အတူ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ပြီး နှစ်ဦးလုံးက အပြစ်မရှိကြောင်း လျှောက်လှဲခဲ့ကြသည်။

၎င်းတို့၏ ပတ်စ်ပို့များကို တရားရုံးတွင် ပေးအပ်ထားရသဖြင့် ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း ဂျိုနသန်ဟက်ဒ်အတွက် အာရှတစ်လွှား သတင်းထောက်အလုပ်လုပ်ရာတွင် များစွာ အခက်ကြုံရလျက်ရှိသည်။
ဖူးခက်မှ ရှေ့နေတစ်ဦးဖြစ်သော ပရာတွန် သာနာရက်ခ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ရန့်စ်သည် အငြိမ်းစားယူခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ဖူးခက်၌ အခြေချကာ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ပဉ္စမအကြိမ်မြောက်)

အိမ်ခြံမြေ နှင့် အခြားအရေးကြီး စာချုပ်များ

ဖူးခက်တွင်ပင် ပေါင် ၁ သန်းနီးပါးတန်ကြေးရှိ အိမ်ခြံမြေများဝယ်ယူခဲ့ပြီး မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။

ထိုင်းဥပဒေအရ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်မရှိချေ။
ထို့ကြောင့် နိုင်ငံခြားသားများမှာ ထိုင်းတွင် အိမ်ခြံမြေများဝယ်ယူရာတွင် ၎င်းတို့ပိုင်သည့် ကုမ္ပဏီ (သို့မဟုတ်) ၎င်းတို့ယုံကြည်ရသည့် ဒေသခံတစ်ဦးဦး၏ အမည်ဖြင့် ဝယ်ယူလေ့ရှိကြသည်။

၂၀၁၀ ပြည့်နှစ်တွင် ရန့်စ်၏ ဇနီးက ခင်ပွန်းဖြစ်သူ၏လက်မှတ်ကို အတုလုပ်ကာ ဖူးခက်ရှိ ငွေကြေးခဝါချသူများ၊ အိမ်ခြံမြေအကျိုးဆောင်များမှတစ်ဆင့် အိမ်ခြံမြေများကို ရောင်းချရန် ကြိုးစားခဲ့ခြင်းအား ရန့်စ်က သိရှိသွားခဲ့သည်။

အဆိုပါအမှုအတွက် ရန့်စ်၏ဇနီးသည် ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရပြီး ရန့်စ်မှာလည်း အိမ်ခြံမြေများ ပြန်ရရန် တရားရုံးတွင် နှစ်ပေါင်းများစွာ အမှုရင်ဆိုင်ရလျက်ရှိဆဲပင် ဖြစ်သည်။

ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ဒ်က စုံစမ်းဖော်ထုတ်ခဲ့သည်မှာ ရှေ့နေပရာတွန်သည် ရန့်စ်၏ ရှေ့မှောက်တွင်မဟုတ်ဘဲ နိုထရီသက်သေခံပေးခဲ့ကြောင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနှင့် အခြားနိုင်ငံအများစု မတူညီသည့်အချက်မှာ နိုင်ငံများစွာတွင် အသရေဖျက်မှုကို တရားမမှုအဖြစ် သတ်မှတ်ထားသော်လည်း
ထိုင်းတွင်မူ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
ထိုင်းနိုင်ငံ ဖူးခက်ရှိ အိမ်ခြံမြေလိမ်လည်မှုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေ ပြသနာ

မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ပဉ္စမအကြိမ်မြောက်)

အိမ်ခြံမြေ နှင့် အခြားအရေးကြီး စာချုပ်များ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ခြံမြေ သတင်းများကို Email ဖြင့် ဖတ်ရန်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အသင့်နေထိုင်နိုင်သော ပြင်ဆင်ပြီး တိုက်ခန်းငှားမည်

 စမ်းချောင်း |  ရန်ကုန်တိုင်းဒေသကြီး
 3 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
အသင့်နေထိုင်နိုင်သော ပြင်ဆင်ပြီး တိုက်ခန်းငှားမည်

အသင့်နေထိုင်နိုင်သော ပြင်ဆင်ပြီး တိုက်ခန်းငှားရန် ရှိသည်။ ========= အကျယ်အ၀န်း - 600sqft တည်နေရာ - စေတနာလမ်း၊ စမ်းချောင်းမြို့နယ် Air Conတစ်လုံးတပ်ဆင်ထားပြီး Hall ပုံစံဖြစ်သည်။ ကြွေပြားခင်း၊...

အသေးစိတ်ကြည့်ရန်

အလုံမြို့နယ်၊ကမ်းနားလမ်းမပေါ်ရှိ ငှားရန်ရှိသော တိုက်ခန်း

 အလုံ |  ရန်ကုန်တိုင်းဒေသကြီး
 5 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
အလုံမြို့နယ်၊ကမ်းနားလမ်းမပေါ်ရှိ ငှားရန်ရှိသော တိုက်ခန်း

အလုံမြို့နယ်၊ကမ်းနားလမ်းမပေါ်ရှိ စတုရန်းပေ(1000)ကျယ်ဝန်းသော တိုက်ခန်းဖြစ်ပြီး မာစတာအိမ်ခန်း - 1 ခန်း , ရိုးရိုးအိပ်ခန်း - 2 ခန်း , အဲကွန်း - 3 လုံး , ပရိဘောဂ , ကြွေပြား၊ ပါကေး...

အသေးစိတ်ကြည့်ရန်

မြေညီတိုက်ခန်းအမြန်ငှားမည်

 ကမာရွတ် |  ရန်ကုန်တိုင်းဒေသကြီး
 5 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
မြေညီတိုက်ခန်းအမြန်ငှားမည်

ရန်ကုန်အင်းစိန်လမ်းမအနီး၊လှည်းတန်း (20×55) B2 ,ကြွေပြား ခင်း/ကပ် 5 L လူနေ/ရုံးခန်းသင်တော်ပါသည်

အသေးစိတ်ကြည့်ရန်

ဗိုလ်တစ်ထောင် မဟာဗန္ဓုလလမ်းမ တိုက်ခန်းငှားရန်ရှိသည်။

 ဗိုလ်တထောင် |  ရန်ကုန်တိုင်းဒေသကြီး
 5 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
ဗိုလ်တစ်ထောင် မဟာဗန္ဓုလလမ်းမ တိုက်ခန်းငှားရန်ရှိသည်။

ဗိုလ်တစ်ထောင် မဟာဗန္ဓုလလမ်းမ 1F (17x50) ပေ . ရိုးရိုးအိပ်ခန်း - 2 ခန်း . အဲကွန်း .ပါကေး နေထိုင်ရန် ရုံးခန်းများဖွင့်ရန် သင့်တော် အမြန်ငှားမည်။ ဗိုလ်တထောင်မြို့နယ်အတွင်းတည်ရှိပြီး...

အသေးစိတ်ကြည့်ရန်

( 6 ) လွှာ တိုက်ခန်းဌားမည်။

 မြောက်ဥက္ကလာပ |  ရန်ကုန်တိုင်းဒေသကြီး
 1.20 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
( 6 ) လွှာ တိုက်ခန်းဌားမည်။

တိုက်သစ် BCC ကျပြီး ( 6 ) လွှာ တိုက်ခန်းဌားမည်။ ရောင်းမည် သိန်း ( 220 ) ညှိနိုင်း ချက်ချင်းတက်လို့ ရပါသည်။ အမှတ် ၁၂၆၊ ကနောင်လမ်း၊ ဝေဘာဂီမြို့သစ်၊ ၁ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ။ အ ကျယ်...

အသေးစိတ်ကြည့်ရန်

အငှားကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

BCC ကျပြီး,ရေမီးစုံ အသင့်နေတိုက်ခန်းကျယ်များ အမြန်ရောင်းရန်ရှိသည်။

 ဒဂုံမြို့ သစ် မြောက်ပိုင်း |  ရန်ကုန်တိုင်းဒေသကြီး
 350 သိန်း (ကျပ်) |  တိုက်ခန်း
BCC ကျပြီး,ရေမီးစုံ အသင့်နေတိုက်ခန်းကျယ်များ အမြန်ရောင်းရန်ရှိသည်။

_ အမှတ်(1035),ဘိုးရာဇာလမ်း,(35)ရပ်ကွက်,မြောက်ဒဂုံမြို့နယ်။ _ ပင်လုံလမ်းမနှင့် ဗိုလ်မင်းရောင်လမ်းမအနီးတည်ရှိသည်။ _(35)ကားဂိတ်, ဈေး, Capital & City Mart Supermarket, အစိုးရကျောင်း နှင့် ကိုယ်ပိုင်ကျောင်း ,...

အသေးစိတ်ကြည့်ရန်

ပေ ၄၀/၆၀ ပါမစ်ဂရမ်မြေကွက်ရောင်းမည်။

 လှိုင်သာယာ |  ရန်ကုန်တိုင်းဒေသကြီး
 350 သိန်း (ကျပ်) |  မြေကွက် ၊ ခြံကွက်
ပေ ၄၀/၆၀ ပါမစ်ဂရမ်မြေကွက်ရောင်းမည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုံအနီး မီးခွက်ဈေးဗိုလ်အောင်ကျော်လမ်းမကြီး မှဒဲ့ဆင်းခရေပင်လမ်းကျောကပ်လမ်းမ ပေါ်ပေ၄၀/၆၀ ပါမစ်မြေရောင်းမည် အဆောင်ဆောက်ချင်သူများအထူးသင့်တော်သည်။ ...

အသေးစိတ်ကြည့်ရန်

လှိုင်အေးရိပ်သာအိမ်ရာတိုက်ခန်းရောင်းမည် ပိုင်ရှင်ကိုယ်တိုင်

 လှိုင် |  ရန်ကုန်တိုင်းဒေသကြီး
 395 သိန်း (ကျပ်) |  တိုက်ခန်း
လှိုင်အေးရိပ်သာအိမ်ရာတိုက်ခန်းရောင်းမည် ပိုင်ရှင်ကိုယ်တိုင်

လှိုင် အေးရိပ်သာအိမ်ရာတိုက်ခန်းရောင်းမည် ပိုင်ရှင်ကိုယ်တိုင်။ (395.သိန်း ) အကျိုးဆောင်များလည်းဖိတ်ခေါ်ပါသည်။ အိုးအိမ်တိုက်ခန်းပါ။ ပထပ်။(ရေမီးစုံ) အကျယ်- ၁၄ပေ x...

အသေးစိတ်ကြည့်ရန်

အမြန်ရောင်းမည်။

 သင်္ဃန်းကျွန်း |  ရန်ကုန်တိုင်းဒေသကြီး
 399 သိန်း (ကျပ်) |  တိုက်ခန်း
အမြန်ရောင်းမည်။

အိမ်အမှတ်(88)၊ မြေညီA1 ရေမီးအဆင့်မြင့်ပြင်ဆင်ပြီး တအိမ်လုံး ကြွေပြားကပ်ထားသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်းတည်ရှိသောကြောင့် ကားမှတ်တိုင် နှင့်...

အသေးစိတ်ကြည့်ရန်

ကြိုပွင့်အရောင်း

 တာမွေ |  ရန်ကုန်တိုင်းဒေသကြီး
 340 သိန်း (ကျပ်) |  တိုက်ခန်း
ကြိုပွင့်အရောင်း

၎လွှာ ခေါင်းရင်း ၄၇၀သိန်း၊ ခြေရင်း ၅၀၀ သိန်း ၃လွှာ ခေါင်းရင်း ၅၀၀ သိန်း၊ ခြေရင်း ၅၅၀ သိန်း ၆လွှာ ခေါင်းရင်း ၃၄၀ သိန်း၊ ခြေရင်း ၃၄၀ သိန်း (ညှိုနှိုင်း)

အသေးစိတ်ကြည့်ရန်

အရောင်းကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ