ဘာရိန်းတွင် ကန်ဒေါ်လာ ၅၃၃ သန်းတန်ကြေးရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘာရိန်းနှင့် ဆော်ဒီအာရေးဘီးယား လက်မှတ်ရေးထိုးမည်

ဘာရိန်းတွင် ကန်ဒေါ်လာ ၅၃၃ သန်းတန်ကြေးရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘာရိန်းနှင့် ဆော်ဒီအာရေးဘီးယား လက်မှတ်ရေးထိုးမည် - Property News in Myanmar from iMyanmarHouse.com
17 Mar 2017 11:58 am တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး
ဘာရိန်းတွင် ကန်ဒေါ်လာ ၅၃၃ သန်းတန်ကြေးရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘာရိန်းနှင့် ဆော်ဒီအာရေးဘီးယား လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘာရိန်းနိုင်ငံတွင် အိမ်ခြံမြေ၊ လမ်းများ၊ ရေ၊ လျှပ်စစ်နှင့် အခြားအခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးအတွက် သဘောတူစာချုပ် ၉ ခုလက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

ဆော်ဒီ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့မှ အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဘာရိန်းဆိုင်ရာ
ဆော်ဒီသံအမတ်ကြီး ဒေါက်တာ အဗ္ဗဒူလာ ဘင် အဗ္ဗဒူမာလစ် အယ်လ် ရှိတ်ခ်က ဘာရိန်းသတင်းအေဂျင်စီ (BNA) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

ဆော်ဒီဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့မှ ဒုတိယဥက္ကဌ ယူဆက်ဖ် ဘင် အီဘရာဟင် အယ်လ်ဘာဆမ်ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၈ ရက်တွင် ဘာရိန်းနိုင်ငံသို့ သွားရောက်ကာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်း ဆော်ဒီအာရေးဘီးယားသည် ဘာရိန်းနိုင်ငံတွင် အိမ်ခြံမြေ၊ လမ်း၊ စွမ်းအင်နှင့် ရေအရင်းအမြစ်ဆိုင်ရာ
စီမံကိန်းများ အကောင်အထည်ဖော်ရန် ကန်ဒေါ်လာ
သန်း ၆၇၀ ရန်ပုံငွေ ချထားပေးခဲ့သည်။

ပင်လယ်ကွေ့ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့သည် GCC အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ ထောက်ပံ့ရန် ကတိကဝတ်ပြုထားသည်။

ယင်းထောက်ပံ့မှုမှ ဘာရိန်းအတွက် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ထောက်ပံ့မည်ဖြစ်ရာ ယခုပေးအပ်သော အကူအညီမှာ ဒုတိယအရစ်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service