မန္တလေးကို Smart City အဖြစ်ပြုလုပ်ရန် ပြင်သစ်ကူညီမည်

မန္တလေးကို Smart City အဖြစ်ပြုလုပ်ရန် ပြင်သစ်ကူညီမည် - Property News in Myanmar from iMyanmarHouse.com
17 Mar 2017 10:11 am တွင် တင်ခဲ့သည်
2072 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ကို Smart City အဖြစ် ပြုလုပ်ရန် ပြင်သစ်နိုင်ငံမှလိုအပ်သော နည်းပညာ၊ ငွေကြေးများကူညီပေးသွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီ ဒုတိယမြို့တော် ဝန်ဦးရဲမွန်က ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။

''Smart City အဖြစ် ပထမဆုံး Clean City ဖြစ်အောင် Green City ဖြစ် အောင် အရင်လုပ်နေရတုန်းပါ။ Clean City ကိုသွားနေတဲ့အချိန်မှာ Smart City ကိုပါ ဖြစ်အောင်လုပ်၊ ကျန်တဲ့ကိစ္စတွေကိုလည်း တစ်ခါတည်းတွဲလုပ်သွားရမှာပေါ့။ အဲဒီအတွက် ပြင်သစ်ကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကို အကုန်လုပ်ပေးမယ်။ Smart City
တစ်ခုဖြစ်ဖို့က တော့ သူ့ရဲ့ကဏ္ဍပေါင်းစုံက တိုးတက်ရ မယ်ဆိုတော့ နည်းနည်းတော့ ကျယ်ပြန့်ပါတယ်''ဟု ယင်းက ရှင်းပြသည်။

Smart City အဖြစ် ပြောင်းလဲရန်အတွက် အကူအညီပေးမည့် ပြင်သစ်နိုင်ငံအနေဖြင့် ယင်းတို့၏ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်အကြောင်း၊ ဂေဟစနစ်နှင့်လိုက်လျောညီထွေမည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန် ပြုလုပ်ထားပုံ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုကိုအန်တုနိုင်ရေး စသည်တို့ ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရှင်းပြထားကြောင်းလည်း သိရသည်။

''မန္တလေးကို Clean City ဖြစ်စေ ဖို့ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အမှိုက်သိမ်းစနစ် အဆင့်မြှင့်တင်ခြင်းဆိုတာ လေးကိုတော့ လုပ်နေပါတယ်။ ဒါကတော့ ရပ်ကွက်တွေမှာ ပြည်သူလူထုတွေကို အမှိုက်ကို အိတ်ကလေးတွေနဲ့ပစ်ဖို့ စပြီး လုပ်နေပါတယ်။ ပြည်သူကိုပညာပေးပြီး တော့ ပြည်သူလူထုက ပူးပေါင်းပါဝင်လာ ပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဒီအမှိုက် ကို ခွဲခြားစွန့်ပစ်တဲ့နည်းကို ဆက်သွားမယ်"ဟု ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။

မန္တလေးမြို့တွင် အဆောက်အအုံ များကို စီမံချက်ဖြင့် တောက်လျှောက်လုပ် ဆောင်နေကြောင်း၊ ယခုအခါ မြေသားလမ်းများကို ကျောက်ချောလမ်းအဖြစ် လုပ်ဆောင်ပြီး ယင်းမှတစ်ဆင့် ကတ္တရာ၊ နိုင်လွန်ကတ္တရာလမ်း စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ၁ ရက်က မန္တလေး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြင်သစ် နိုင်ငံမှတာဝန်ရှိသူများ ပူးပေါင်းဆွေးနွေး မည့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံ ခန့်ခွဲမှုဖိုရမ်ကို (SMART & SUS-TAINABE CITIES FRANCE-MYANMAR) ကျင်းပပြုလုပ်ခဲ့သေးကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ အောက်တွင် ပုသိမ်ကြီးမြို့နယ်တစ်ခုမှ လွဲ၍ မြို့နယ်ခြောက်မြို့နယ်ရှိပြီး လူဦးရေ မှာ ၁ ဒသမ ၅ သန်းရှိကြောင်း မန္တလေး မြို့ စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service