သိမ်းဆည်းခံလယ်ယာမြေများနှင့် အခြားမြေများကို မူလပိုင်ရှင်များလက်ဝယ်ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

သိမ်းဆည်းခံလယ်ယာမြေများနှင့် အခြားမြေများကို မူလပိုင်ရှင်များလက်ဝယ်ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
16 Mar 2017 9:51 am တွင် တင်ခဲ့သည်
1218 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ခန်းမ၌ ကျင်းပသည့် စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အတွင်းမှ ပြန်လည်စွန့်လွှတ်သည့် မြေများအား မူလတောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်(ပုံစံ-၇) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအတွင်းရေးမှူးက စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အတွင်းမှ မူလတောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတက စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာ မူလတောင်သူများကိုယ်စား တောင်သူဦးစောအောင်ထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များကို ပေးအပ်သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပေါခင်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းတို့က စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စုနှင့် ညောင်ဝန်း ကျေးရွာ၊ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စုတို့မှ မူလတောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်များထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) များကို ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်စုပေါင်းခန်းမ၌ ကျင်းပသည့် ကန့်ဘလူခရိုင်အတွင်းမှ ပြန်လည်စွန့်လွှတ်မြေများအား မူလတောင်သူများသို့ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်သည့် အခမ်း အနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြန်လည် စွန့်လွှတ်မြေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတက မူလတောင်သူ ၆၆ ဦးကိုယ်စား တောင်သူ ဦးလှသွင်၊ တောင်သူ ဦးဝင်းရှောင်နှင့် တောင်သူဦးတင်စိုးတို့ထံ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များကို ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်းတို့က မူလတောင်သူ ၁၆၂ ဦးကိုယ်စား တောင်သူကိုယ်စားလှယ်များထံ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ကို ပေးအပ်ကြသည်။

အခမ်းအနားများတွင် ဒုတိယသမ္မတက သိမ်းဆည်းခံလယ်ယာမြေများ၊ အခြားမြေများကို မူလပိုင်ရှင်ပြည်သူများလက်ဝယ်ကို ပေးအပ်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများ၊ လမ်းညွှန်ချက်များချမှတ်ပြီး ဆောင်ရွက်နေကြောင်း၊ မြေယာကိစ္စသည် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထားနှင့် ဥပဒေကြောင်းအရ ညီညွတ်မှုစသည့် အချက်များနှင့်
စိစစ်ဆောင်ရွက်ရသည့်အတွက် ကိုင်တွယ်ဖြေရှင်းရာတွင် သေချာရန် အချိန်ယူရကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း ကရုဏာနှင့်ယှဉ်ပြီး တရားမျှတမှုရရှိအောင် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း။

လယ်သမားများအတွက် လယ်ယာမြေသည် အသက်သွေးကြော ဖြစ်ကြောင်း၊ မိမိတို့စိုက်ပျိုးရေးနိုင်ငံအတွက် လယ်သမားများသည်လည်း အသက်သွေးကြောပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လယ်သမားများအတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေများ ပြန်လည်ရရှိရန် မိမိတို့ အစိုးရအနေဖြင့် ဦးစားပေးအထူးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ပြီး ဆောင်ရွက်နေပါကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲက အသုံးမပြုတော့သည့် မြေယာများကို ပြန်လည်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များထံ မြန်မြန်ရောက်လျှင် မြန်မြန်အကျိုးရှိမည်ဖြစ်သည့်အတွက် စိုက်ပျိုးရာသီ အမီ အမြန်ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မိမိတို့အစိုးရအနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူလျင်မြန်မှုရှိစေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျ စိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း။

ယခုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မဲ့၊ ယာမဲ့ဖြင့် အလုပ်အကိုင် အခွင့်အလမ်းမရှိသည့်အတွက် ကျေးလက်ဒေသကို စွန့်ခွာသွားမှုများ၊ မြို့ကြီး ပြကြီးများသို့ မိသားစုလိုက် ရွှေ့ပြောင်းကျူးကျော်နေထိုင်မှုများ၊ ပြည်ပ နိုင်ငံများသို့ ဆင်းရဲဒုက္ခခံပြီး နည်းလမ်းမျိုးစုံဖြင့် သွားရောက်လုပ်ကိုင်နေမှုများ၊ ခေတ်ပညာတတ်လုပ်ငန်းကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြည်ပသို့ ထွက်ခွာဆုံးရှုံးနေမှုများ တဖြည်းဖြည်း လျော့ကျလာမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ မူလပိုင်ရှင်တောင်သူလယ်သမားများထံ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးနိုင်ရန်အတွက်
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က အရာထမ်း၊ အမှုထမ်းများအနေဖြင့် မြေယာဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ စေတနာထား လုပ်ကိုင်ကြရန် လိုအပ်သကဲ့သို့ တောင်သူများအနေဖြင့်လည်း လုပ်ငန်းစဉ် မြန်ဆန်မှန်ကန်စေရေးပူးပေါင်းပါဝင်ရန် အထူးလိုအပ်ကြောင်း။

မြေယာပြဿနာများကို လျင်လျင်မြန်မြန်ဖြေရှင်းနိုင်ရန် ဗဟိုကော်မတီ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အဆောတလျင် ဦးစားပေးဖြေရှင်းပေးရမည့် သိမ်းဆည်းမြေဆိုင်ရာ ပြဿနာများကို ဖြေရှင်း ပေးလျက်ရှိကြောင်း။
လယ်ယာမြေများသည် ဘိုးဘွားပိုင်အမွေအနှစ်အစစ် ဖြစ်သည့်အတွက် သားစဉ်မြေးဆက် အမွေဆက်ခံခွင့်ရရှိထားသည်ကို တန်ဖိုးထားပြီး စားနပ်ရိက္ခာ ဖူလုံမှုရရှိအောင် စိုက်ပျိုးလုပ်ကိုင်သွားကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် အခမ်းအနားများတွင် အမှတ်(၁၂၁) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းစွန့်လွှတ်မြေမှ စဥ့်ကူးမြို့နယ် မူလတောင်သူ ၂၂၅ ဦး အား မြေဧရိယာ ၁၂၆၉ ဒသမ ၃ ဧက၊ မတ္တရာမြို့နယ် အနာကြီးဆေးရုံ (ရေနံ့သာ) စွန့်လွှတ်မြေမှ မူလတောင်သူ ၂၃ ဦးအား မြေဧရိယာ ၁၄ဝ ဒသမ ၅၁ ဧကတို့ကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ခဲ့ကြောင်း သိရသည်။

အလားတူ ကုမ္ပဏီလုပ်ပိုင်ခွင့်ရစွန့်လွှတ်မြေမှ ကန့်ဘလူခရိုင်အတွင်း မူလတောင်သူ ၂၂၈ ဦးထံ လယ်ယာမြေ ၃၇၉၂ ဒသမ ၆၄ ဧကအတွက် ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service