လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက အားရစရာ မရှိပေ မယ့် ရေရှည်မှာ ကောင်း လာနိုင် တယ်လို့ ပြည်တွင်းမှာ လူသိများ ထင်ရှား တဲ့ စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။
ပြည်ပက စီးပွားရေးပညာရှင်တွေနဲ့ ပြည်တွင်းက စီးပွားရေးသမားေ တွ တွေ့ဆုံတဲ့ Bloomberg Invest Myanmar ဆွေးနွေးပွဲကို စီဒိုနား ဟိုတယ်မှာ ကျင်းပရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို တက်ရောက်လာတဲ့ ပြည်တွင်းက နာမည်ကြီး စီးပွားရေးသမားတွေက ခုလိုသုံးသပ်ခဲ့ကြတာပါ။
Max Myanmar ကုမ္ပဏီက ဦးဇော်ဇော်က “လိုအပ်ချက်တွေ ရှိသ လို ကောင်းတာတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ဒါကတော့ အပြောင်း အလဲတိုင်းမှာ အခက်အခဲဆိုတာတော့ ရှိတတ် တယ်။ ကျနော့်အနေနဲ့ ကေ တာ့ စီးပွားရေးနဲ့ပတ်သက်လို့ ရန်ကုန်၊ တခြားနေရာတွေမှာရော လူတွေေ တ်ာတော်များများက အဆင် မပြေဘူးလို့ စိတ်ထဲမှာရှိနေကြတာ ရှိသလို ရေ ရှည်မှာကောင်းလာ နိုင်မယ့် ဟာမျိုးတွေလည်း ကျနော်တို့ မြင်နေရတာ ရှိ တယ်။ ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ လမ်းကြောင်းအပေါ် သွားနေ တာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့က တော့ ရေရှည်မှာ ပိုပြီးတော့ ကောင်း လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင် ခွင့်ြ ပုပေးမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သလို ပြည်ပ ရင်းနှီး မြှု ပ်နှံမှုတွေပါ ဝင်ရောက်လာမယ်လို့ သုံးသပ်တာ တွေလည်း ရှိနေပါတယ်။
Loi Hein ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက “လက်ရှိမြန် မာနိုင်ငံ စီးပွားရေးအခြေအနေအရ အရင်တုန်းကရလာတဲ့ အရှိန်အဟုန်နဲ့ပဲ သွားနေပါတယ်။ ဒါပေမယ့် တအုံနွေးနွေးနဲ့တော့ ဆရာတို့ ခံစားမိတယ် လို့ မြင်တယ်။ ရေတိုအားဖြင့်တော့ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမယ့်
ရေရှည်မှာ ကောင်းသွားမှာပါ” လို့ပြောပါတယ်။
Jardines ကုမ္ပဏီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ပီတာဘေရွန်က “ဆွေးနွေးပွဲ အကြောင်းအရာကတော့ Liberalization လို့ ခေါ်တယ်။ Liberalization ဆိုတာ အကုန်လုံးကို လွတ်လွတ်လပ်လပ် ခွင့်ပြုဖို့ပေါ့နော်။ ဘဏ္ဍာရေး ကဏ္ဍ၊ ငွေကြေးကဏ္ဍတွေ နောက်ပြီးတော့ Industry နဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ စီးပွားရေးကဏ္ဍတွေ တော်တော်များများကို Liberalize လုပ်ရ မယ်။
Liberalization က အရေးပါတယ်ဆိုတဲ့အကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒီ လိုမျိုး Liberalize လုပ်တော့မှ နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ စီးပွားရေး သမားတွေ ဝင်လာပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်ပေါ့နော်” လို့
ပြောပါတယ်။
Bloomberg Invest Myanmar ပွဲက ဆွေးနွေးမှုတွေကို တကမ္ဘာ လုံး ကြည့်ရှုနိုင်အောင် သူတို့လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။
ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးတာဟာ
- စီးပွားရေး လုပ်ကိုင်လိုသူတွေ အရင်းအနှီး ရရှိဖို့ ခက်ခဲတာတွေ၊
- မြေယာပြသနာတွေ၊
- ကျွမ်းကျင်လုပ်သား ရှားပါးတာတွေနဲ့
- အခြေခံအဆောက်အအုံ အားနည်းတဲ့ ပြဿနာတွေကြောင့် အခုလို စီးပွားေ ရးဖွံ့ဖြိုးမှု နှောင့်နှေးနေရတယ်လို့ ပြည်ပကစီးပွားရေးပညာရှင်တွေက ပြောပါတယ်။
Credit: DVB News