ထူးထူးခြားခြား ကမ္ဘာတစ်လွှား အဆောက်အအုံများ (အပိုင်း-၁)

ထူးထူးခြားခြား ကမ္ဘာတစ်လွှား အဆောက်အအုံများ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com
15 Mar 2017 12:07 pm တွင် တင်ခဲ့သည်
892 ကြိမ် ကြည့်ရှု့ပြီး
မြောက်ကိုရီးယားနိုင်ငံ၏ မြို့ တော်၊ ပြုံယမ်းတွင် အမည်နာမထူးခြားသော ကဇာတ်ရုံတစ်ခုရှိပြီး ဧပြီ ၂၅ ယဉ်ကျေးမှု အိမ်တော်ဟု အမည်ရ၏။
၁၉၇၄ - ၁၉၇၅ ခုနှစ်များတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ပညာရပ်ဆိုင်ရာများ သင်ကြားပေးရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

မူလက “ဖေဖော်ဝါရီ ၈ ယဉ်ကျေးမှုအိမ်တော်” ဟုအမည်ပေးခဲ့၏။
ပြုံယမ်းမြို့ တော်၊ မိုရန်ဘောင်ခရိုင်၊ ပီဖာလမ်းတွင် တည်ရှိသည်။
ဂန္ထဝင်ဟန် တိုင်လုံးကြီးများဖြင့် ပုံဖော်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၇၀ ပြည့်လွန်ကာလများတွင် ပြုံယမ်း၏ ဆိုရှယ်လစ်ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။

သမိုင်းဝင်ဖြစ်ရပ်များစွာ အဆိုပါအဆောက်အအုံကြီးတွင် ဖြစ်ပေါ်ခဲ့ရာ ကိုရီးယားအလုပ်သမားပါတီ၏ ဆဌမအကြိမ်နှင့် သတ္တမအကြိမ် ကွန်ဂရက်များကျင်းပခြင်း၊ ကင်ဂျုံအီနှင့် တောင်ကိုရီးယားသမ္မတ ရိုမူဟွန်းတို့ ၂၀၀၇ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးခြင်း အစရှိသည့် သမိုင်းဝင်ဖြစ်ရပ်များ ပါဝင်သည်။

(ဆောက်လုပ်ခြင်း)

မြေအကျယ်အဝန်း ၁၂ ဒသမ ၄ ဟက်တာ (၃၁ ဧက) ကို မြေရှင်းလင်းမှုများ ပြုလုပ်ကာ ဆောက်လုပ်မှုများမှာ ၁၉၇၄ ခုနှစ်၊ ဧပြီလတွင် စတင်ခဲ့သည်။
မျက်နှာစာ (အလျား) မှာ ၁၀၅ မီတာ ( ၃၄၄ ပေ) ၊ အနံမှာ ၁၇၆ မီတာ ( ၅၇၇ ပေ) ရှိပြီး အဆောက်အအုံအမြင့်မှာ မီတာ ၅၀ ( ၁၆၄ ပေ) မြင့်မားသည်။
ကဇာတ်ရုံ ၂ ခုပါဝင်ပြီး ထိုင်ခုံ ၆၀၀၀ ဆန့်နှင့် ထိုင်ခုံ ၁၁၀၀ ဆန့်တို့ ဖြစ်ကြကာ ခုံ ၆၀၀ ဆန့် ရုပ်ရှင်ရုံတစ်ခု ပါဝင်သည်။
ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၈၀၀၀၀ ( ၈၆၁၁၁၃ စတုရန်းပေ) ကျယ်ဝန်းပြီး ပင်မကဇာတ်ရုံများကို ပံ့ပိုးပေးရန် အခန်းပေါင်း ၆၀၀ ကျော် ပါဝင်သည်။၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့၏။

( အမည်နာမ )

မူလက အဆိုပါအဆောက်အအုံကြီးကို ဖေဖော်ဝါရီ ၈ ယဉ်ကျေးမှု အိမ်တော်ဟု အမည်ပေးခဲ့ခြင်းဖြစ်ပြီး ကိုရီးယားပြည်သူ့တပ်မတော် (KPA) ကို စတင်တည်ထောင်သည့် နေ့စွဲအား ဂုဏ်ပြုခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမည်မှည့်ခေါ်ထားစဉ် ၁၉၈၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ကိုရီးယားအလုပ်သမားပါတီ၏ ဆဌမမြောက် ကွန်ဂရက်ကို ယင်းအဆောက်အအုံကြီးတွင် ကျင်းပခဲ့သည်။
ဆဌမအကြိမ်မြောက် ကွန်ဂရက်ကျင်းပပြီးနောက်ပိုင်း တခါတရံတွင် ယင်းအဆောက်အအုံကို ကွန်ဂရက်ဟောဟု ခေါ်ဆိုခြင်းများလည်း ရှိခဲ့၏။
ယင်းနောက်ပိုင်းကာလတွင် ဂျပန်တော်လှန်ရေးတပ်မတော် တည်ထောင်သည့်ရက်စွဲကို ဂုဏ်ပြုသောအားဖြင့် ဧပြီ ၂၅ ယဉ်ကျေးမှု အိမ်တော်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

(အသုံးပြုမှု)

ဧပြီ ၂၅ ယဉ်ကျေးမှု အိမ်တော်သည် ဧပြီ ၂၅ ယဉ်ကျေးမှုနှင့် အနုပညာဌာနရုံးစိုက်ရာနေရာလည်း ဖြစ်သည်။
ဧပြီ ၂၅ ယဉ်ကျေးမှုနှင့် အနုပညာဌာနရုံးသည် ကိုရီးယားပြည်သူ့တပ်မတော် (KPA) ၏ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းများ ကျင်းပရန် စီစဉ်ပေးရရန် တာဝန်ယူထားရသည်။
ထို့အပြင် နိုင်ငံတကာ ဆွေးနွေးပွဲများနှင့် နိုင်ငံတော်ဈာပနများ ကျင်းပရန်အတွက်လည်း ဦးဆောင်မှုပေးရ၏။
စစ်ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဆုပေးပွဲများကို အဓိက ကျင်းပပေးရပြီး တရားဝင်နိုင်ငံတော် အခမ်းအနားများနှင့် ပါတီဆွေးနွေးပွဲများကိုလည်း ဤအဆောက်အအုံကြီးတွင် ကျင်းပလေ့ရှိသည်။

မြောက်ကိုရီးယား စာပို့လုပ်ငန်းက ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် တံဆိပ်ခေါင်းတစ်ခု ရိုက်နှိပ်ထုတ်ဝေခဲ့ရာ၌ ဧပြီ ၂၅ ယဉ်ကျေးမှု အိမ်တော်၏ ဓာတ်ပုံဖြင့် ထုတ်ဝေခဲ့လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထူးထူးခြားခြား ကမ္ဘာတစ်လွှား အဆောက်အအုံများ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com
ထူးထူးခြားခြား ကမ္ဘာတစ်လွှား အဆောက်အအုံများ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com
ထူးထူးခြားခြား ကမ္ဘာတစ်လွှား အဆောက်အအုံများ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com
ထူးထူးခြားခြား ကမ္ဘာတစ်လွှား အဆောက်အအုံများ (အပိုင်း-၁) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service