ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဈေးကွက်သို့ ပြန်ဝင်လာ

ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဈေးကွက်သို့ ပြန်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
14 Mar 2017 11:49 am တွင် တင်ခဲ့သည်
2003 ကြိမ် ကြည့်ရှု့ပြီး
ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကက်သရင်းဟက်ဘန်းသည် ၁၉၃၆ နှစ်ကုန်ပိုင်းတွင် ကမ္ဘာကျော် လေရူးသုန်သုန်ဇာတ်ကားကြီး ရိုက်ကူးရာတွင် အဓိက သရုပ်ဆောင် စကားလက်အိုဟားရား၏နေရာတွင် ပါဝင်သရုပ်ဆောင်ရန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးချယ်ခြင်း မခံခဲ့ရချေ။
သူ၏ နာမည်ကျော်ခဲ့သည့်ဇာတ်ကားမှာ အာဖရိက ဘုရင်မ “The African Queen” ဖြစ်သည်။

နေအိမ်တည်ရှိရာမှာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ် ၊ အိုးလ်ဒ် ဆေးဘရွတ်ခ်မြို့ကလေးတွင် ဖြစ်သည်။
ကက်သရင်းဟက်ဘန်းသည် အဆိုပါနေအိမ်ကို ၁၉၃၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ်အဝန်း ၈၄၀၀ စတုရန်းပေ ကျယ်ဝန်းသည်။

ကက်သရင်းသည် အဆိုပါနေအိမ်ကို နွေရာသီစံအိမ်အဖြစ် နှစ်ပေါင်း ၆၅ နှစ်ကြာအသုံးပြုခဲ့ကြောင်း ဈေးကွက်တင်သည့် ကုမ္ပဏီက ထုတ်ပြန်ကြေညာထားသည်။

ကက်သရင်းဟက်ဘန်း၏ ဖခင် ဒေါက်တာ သောမတ်စ် နော်ဗယ်လ် ဟက်ပ်ဘန်းက အဆိုပါမြေနေရာရှိ မူလနေအိမ်ကို ၁၉၁၂ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာကြီးတွင် ဖော်ပြခဲ့ဖူးသည်။

မူလနေအိမ်မှာ ဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
အသက် ၉၆ နှစ်အရွယ်တွင် ကက်သရင်းကွယ်လွန်သွားပြီးနောက် သူ၏ မိသားစုက နေအိမ်နှင့် ဝန်းကျင်မြေနေရာများကို ကန်ဒေါ်လာ ၆ သန်းဖြင့် Sciame Construction ကုမ္ပဏီသို့ ရောင်းချခဲ့သည်။

Sciame Construction ကုမ္ပဏီပိုင်ရှင် ဖရန့်ခ် ရှားမီက ဝယ်ယူသည့်နှစ်အတွင်းတွင်ပင် ပြန်လည်မွမ်းမံပြုပြင်ခဲ့သည်။
ခြံဝန်းအကျယ်အဝန်းမှာ တစ်ဧကခွဲကျယ်ဝန်းပြီး နေအိမ်အတွင်း အိပ်ခန်း ၆ ခန်းပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဈေးကွက်သို့ ပြန်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဈေးကွက်သို့ ပြန်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဈေးကွက်သို့ ပြန်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ငွေခေတ်သရုပ်ဆောင်မင်းသမီးကြီး ကက်သရင်းဟက်ဘန်း နေထိုင်ခဲ့သောနေအိမ် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် ဈေးကွက်သို့ ပြန်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service