ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာ သန်း ၂၀၀ အတည်ပြုပေးရန် လွှတ်တော်သို့အစိုးရတင်ပြ

ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာ သန်း ၂၀၀ အတည်ပြုပေးရန် လွှတ်တော်သို့အစိုးရတင်ပြ - Property News in Myanmar from iMyanmarHouse.com
14 Mar 2017 10:40 am တွင် တင်ခဲ့သည်
791 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ဘဏ်မှ ဖွံ့ ဖြိုးမှု မူဝါဒဆိုင်ရာ ချေးငွေ (DPO) အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရယူနိုင်ရေး အတည်ပြုပေး ရန် မတ်လ ၁၃ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်သို့ အစိုးရအဖွဲ့က တင်ပြခဲ့သည်။

အဆိုပါချေးငွေသည်အခြား သောစီမံကိန်းဆိုင်ရာ ချေးငွေများ နှင့် သဘော သဘာဝ မတူညီဘဲ အစိုးရ၏ ဘတ်ဂျက်သို့ တိုက်ရိုက် ထည့်ဝင်ပေးသည့် စနစ်ဖြစ်ပြီး ချေးငွေကို အတိုးနှုန်းသက်သာစွာ နှစ်ရှည်ရရှိနိုင်ကာ လွတ်လပ် စွာ သုံးစွဲနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြသည်။

ဖွံ့ဖြိုးမှု မူဝါဒဆိုင်ရာချေးငွေ (DPO) ဆိုသည်မှာ ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင် ငံ များအနက် ဖွံ့ဖြိုးမှု နိမ့်ကျသော်လည်း အနာဂတ်ဖွံ့ ဖြိုးမှုအလားအလာ အ လွန် ကောင်းမွန်သော စွမ်းဆောင်ရည် အတွက် ယုံကြည်စိတ်ချရသည့် အခြေအနေရှိသော နိုင်ငံများသို့ ရွေးချယ်ပေးအပ်သည့် ချေးငွေ ဖြစ်ပြီး ဖွံ့ဖြိုး မှု လမ်းကြောင်းပေါ် ကို အလျင်အမြန် ရောက်ရှိစေရန် အကူအညီပေး အပ်ခြင်းဖြစ်သည် ဟု၎င်းကရှင်းပြသည်။

‘‘နိုင်ငံတိုင်းဟာ ဒီအခွင့်အ ရေးမျိုးမရရှိကြောင်း သိရှိရပါ တယ်။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှုန်းစံများနဲ့ ကိုက်ညီနေတဲ့ နိုင်ငံဖြစ်သဖြင့် ပေး အပ်ခြင်း ဖြစ်ပြီးတော့ တစ်ကြိမ်လျှင် အမေ ရိကန်ဒေါ်လာ သန်း ၂၀၀ နှုန်ြး ဖင့် သုံးကြိမ်အထိပေးအပ်ရန် ရည် မှန်းထားသည်ကို သိရှိရပါတယ်’’ ဟု ဒုဝန်ကြီးက ပြောသည်။

ချေးငွေရယူမည့် သဘော တူညီချက်မှာ ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ် ကာလ ၃၂ နှစ်စုစုပေါင်း ချေးငွေသက်တမ်း ၃၈ နှစ်ဖြစ်ပြီး ၀န်ဆောင်ခ တစ် နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဆိုင်းငံ့ကာလအတွင်းမှာ နှစ်စဉ်ကျသင့်နိုင်တဲ့အတိုးက တော့ အမေရိ ကန်ဒေါ် လာ ၁ ဒသ မ ၅ သန်းဖြစ်ပါတယ်။ ဆိုင်းငံ့ ကာလကျော်လွန်လို့ ရှိရင် ပထမ နှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၉ သန်း၊ နောက်ဆုံးနှစ် မှာ တဖြည်းဖြည်းနဲ့ အမေရိကန် ဒေါ်လာ ၀ ဒသမ ၀၃၅ သန်း အ ထိပေး ရမှာဖြစ်ပါတယ်’’ဟု ဒုဝန် ကြီးကပြောသည်။

ချေးငွေ ပေးအပ်ခြင်းမှာ စီးပွားရေးတည်ငြိမ်မှုရှိစေရန်နှင့် စီးပွားရေးနှေးေ ကွး ကျဆင်းမှု ဒဏ်ကို ခံနိုင်ရည်ရှိစေရန် ရည် ရွယ်ပေးအပ်ကြောင်း ဒုဝန် ကြီး က ရှင်းပြခဲ့ပြီး ချေးငွေကို နိုင်ငံတော် ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက ရယူမည်ဖြစ် ကြောင်းပြောသည်။ ယင်းချေးငွေ ရယူရေးကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်များက ရက်ပိုင်းအတွင်းေ ဆွးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ မည်ဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service