အော်စကာဆုရှင် ရပ်ဆယ်ခရိုး ဆစ်ဒနီအားကစားခန်းမကို အော်ဇီဒေါ်လာ ၁၇ သနေ်းဖြင့် ရောင်းထုတ်လိုက်ပြီ

အော်စကာဆုရှင် ရပ်ဆယ်ခရိုး ဆစ်ဒနီအားကစားခန်းမကို အော်ဇီဒေါ်လာ ၁၇ သနေ်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
13 Mar 2017 11:52 am တွင် တင်ခဲ့သည်
1501 ကြိမ် ကြည့်ရှု့ပြီး
Gladiator ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော အော်စကာဆုရှင်၊ သြစတေးလျကြယ်ပွင့် ရပ်ဆယ် ခရိုးသည် ရီလေလမ်းရှိ အားကစား ခန်းမကို သြစတေးလျဒေါ်လာ ၁၇ သန်းဖြင့် ရောင်းထုတ်လိုက်ပြီဖြစ်ကြောင်း ဆစ်ဒနီအခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခု တွင် ဖော်ပြသည်။

အဆိုပါနေရာမှာ မူလက ဂိုဒေါင်တစ်ခုဖြစ်ပြီး ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အိမ်ခြံမြေဖြစ်ပြီး လက်ရှိအားဖြင့်မူ အားကစားခန်းမအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။

ထို့အပြင် အတွင်းပိုင်း ဒီဇိုင်နာ ဘလိုင်နေ နော့သ်ကလည်း ရုံးခန်းအဖြစ် အသုံးပြုလျက်ရှိသည်။
ရပ်ဆယ်ခရိုးသည် ယခုတစ်နွေလုံး ရီလေလမ်း၊ အမှတ် ၉၈ ကို ရောင်းထုတ်နိုင်ရန် အချိန်ကုန်ခဲ့သည်။
အကျယ်အဝန်း ၆၆၇ စတုရန်းမီတာရှိပြီး ၂၀၀၄ ခုနှစ်တွင် သြစတေးလျဒေါ်လာ ၃၈၇၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုအရောင်းအဝယ်မတိုင်မီ ရပ်ဆယ်ခရိုးသည် ကင်းစ်ဖို့ဒ်ရှိ လူနေအဆောက်အအုံကို တိတ်တဆိတ်ရောင်းချခဲ့သေးသည်။
အဆိုပါ လူနေအဆောက်အအုံကို လွန်ခဲ့သော ၁၅ နှစ်ခန့်က ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံသည် သုံးထပ်အဆောက်အအုံ ဖြစ်သည်။
ရပ်ဆယ်ခရိုးသည် ရုပ်ရှင်သရုပ်ဆောင်အဖြစ် အောင်မြင်မှုမရခဲ့မီက ရောခ့် တီးဝိုင်းတစ်ခု ထောင်ခဲ့ဖူးပြီး အဆိုပါ
တီးဝိုင်းတွင် ရှေ့ ထွက်အဆိုတော် ၊ ဂစ်တာသမား လုပ်ခဲ့ဖူးသည်။

ရပ်ဆယ်ခရိုး တည်ထောင်ခဲ့သော ရော့ခ်ဂီတအဖွဲ့ကြီး၏ အမည်မှာ 30 Odd Foot of Grunts ဖြစ်သည်။
ရပ်ဆယ်ခရိုးသည် သူ၏ သုံးထပ်အဆောက်အအုံတွင် 30 Odd Foot of Grunts အဖွဲ့သားများကို အိမ်ငှားခမယူဘဲ ကာလအတန်ကြာထားခဲ့ဖူးသည်။

ရပ်ဆယ်ခရိုးသည် အဆိုပါ အဆောက်အအုံကို ကန်ဒေါ်လာ တစ်သန်းကျော် (၁၄၅၄၀၀၀) ဖြင့် ၂၀၀၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ပြန်လည်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၂ သန်း ရရှိခဲ့သည်။

ယင်းနေအိမ်ရောင်းချပြီးနောက် လေးနှစ်အကြာတွင် ၎င်းတို့၏ ဂီတအဖွဲ့ ပြိုကွဲသွားခဲ့သည်။
ဇနီးဟောင်း ဒင်နီယယ် စပင်ဆာ နှင့် ကွာရှင်းပြတ်စဲရာတွင် ငွေလိုသဖြင့် ရောင်းချရခြင်းဖြစ်ကြောင်း ဝိုင်းသားများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ရပ်ဆယ်ခရိုးနှင့် သူ၏ မိတ်ဆွေ ဘီလီဒင်းကို့ခ်ျ ရန်တို့က ၁၉၈၀ ပြည့်လွန်ကာလများတွင် ရိုမာန်အန်းတစ် Roman Antix အမည်ရှိ ဂစ်တာအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် နာမည်ကျော် သြစတေးလျ ရော့ခ်အဖွဲ့ 30 Odd Foot of Grunts ဖြစ်လာခဲ့ပြီး TOFOG ဟုလည်း လူသိများသည်။
TOFOG ၏ ဂီတဖျော်ဖြေပွဲများကို လန်ဒန် ၊ လော့စ်အိန်ဂျလိ နှင့် တက္ကဆပ် တို့တွင် ၂၀၀၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အော်စကာဆုရှင် ရပ်ဆယ်ခရိုး ဆစ်ဒနီအားကစားခန်းမကို အော်ဇီဒေါ်လာ ၁၇ သနေ်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
အော်စကာဆုရှင် ရပ်ဆယ်ခရိုး ဆစ်ဒနီအားကစားခန်းမကို အော်ဇီဒေါ်လာ ၁၇ သနေ်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service