ဗဟိုဘဏ်ငွေလဲနှုန်း ကန်တစ်ဒေါ်လာ ငါးကျပ်အထိ မြင့်တက်ပြီး ပြင်ပဈေးကွက်တွင် ကျပ် ၁ဝ အထိ မြင့်တက်လာ

ဗဟိုဘဏ်ငွေလဲနှုန်း ကန်တစ်ဒေါ်လာ ငါးကျပ်အထိ မြင့်တက်ပြီး ပြင်ပဈေးကွက်တွင် ကျပ် ၁ဝ အထိ မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
13 Mar 2017 11:09 am တွင် တင်ခဲ့သည်
2168 ကြိမ် ကြည့်ရှု့ပြီး
ယခုရက်ပိုင်း အတွင်း ဗဟိုဘဏ်၏ငွေလဲနှုန်း အမေ ရိကန်တစ်ဒေါ်လာလျှင် ငါးကျပ်နီး ပါးမြင့်တက်ခဲ့ခြင်းကြောင့် ပြင်ပ ဈေးကွက်အတွင်း တစ်ဒေါ်လာ လျှင် ကျပ် ၁ဝ အထိမြင့်တက်ခဲ့ကြောင်း ငွေကြေးဈေးကွက်လေ့လာသူများ ထံမှ သိရသည်။

ယခုလဆန်းပိုင်းက အမေရိ ကန်တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ် ရှိခဲ့ရာမှ မတ် ၉ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၆ဝ ကျပ်၊ မတ် ၁ဝ ရက်တွင် ၁၃၆၂ ကျပ်သို့အသီး သီးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ငွေကြေး ဈေးကွက်လေ့လာသူ ဦးနိုင်မြင့်က ''ဒီအပတ် ထဲမှာတော့ ပြည် တွင်း ဒေါ်လာဈေးက နည်းနည်း ပြန်တက်လာတယ်။ ဗဟိုဘဏ်နှုန်း မှာ တစ်ဒေါ်လာကိုငါးကျပ်လောက် တက်လာပြီး ပြင်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၁ဝ ကျပ်ကျော် လောက်တက်သွားတယ်'' ဟု မတ် ၁၁ ရက် က ဒီမိုကရေစီတူဒေးသို့ပြော သည်။

ယခင်အပတ်အတွင်း ပြင်ပဈေး ကွက်အတွင်း အမေရိကန်တစ်ဒေါ် လာလျှင် ၁၃၅၅ ကျပ်ဝန်းကျင်မှ လက်ရှိ အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၆၈ ကျပ် ဝန်းကျင်သို့ရောက် ရှိ နေကြောင်း သိရသည်။

စီးပွားရေးပညာရှင်ဦးလှမောင် က ''ဈေးနှုန်းကတော့ အမြဲတမ်းအတက်၊ အကျ ဆိုတာတော့ ရှိနေမှာပါ။ လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေ အနေရော၊ မြန်မာ့စီးပွားရေးရော အပြောင်းအလဲတော့ သိပ်မရှိဘူး။ ငြိမ်နေတယ်။ ဒါပေမဲ့သင်္ကြန်ပွဲတော် ရက်နီးလာတာတယ်။ ဘဏ္ဍာနှစ်ကုန် ခါနီးဖြစ်တဲ့တွက် ငွေကြေးဈေးကွက် နည်းနည်းလှုပ်လာတဲ့သဘောပါ။ နှစ် တိုင်းလည်း ဒီလိုအချိန်တွေမှာတော့ ဒေါ်လာဈေးက နည်းနည်းတော့ တက် လေ့ ရှိပါတယ်'' ဟု ဆိုသည်။

ယခုအပတ်အတွင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်အချို့ငွေလဲနှုန်းများ အရ အမေ ရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၃၆၄ ကျပ်၊ ရောင်းဈေး ၁၃၆၉ ကျပ်၊ ယူရို တစ်ယူရိုလျှင် ဝယ်ဈေး ၁၄၃ဝ ကျပ်၊ ရောင်းဈေး ၁၄၃၉ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ လျှင်ဝယ်ဈေး ၉၅၇ ကျပ်၊ ရောင်းဈေး ၉၆၅ ကျပ်နှင့် ထိုင်းတစ် ဘတ်လျှင် ဝယ်ဈေး ၃၈ ကျပ် ၊ ရောင်းဈေး ၃၈ ဒသမ၅ ကျပ်ဖြင့် အရောင်း အဝယ်ပြု လျက်ရှိကြောင်း သိရသည်။

Credit: DemocracyToday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service